Property Expo
×

*မၾကာခင္မွာ ရြာကလိုက္လာၿပီး စစ္စစ္ေပါက္ေပါက္ေမးတတ္တဲ့ အမ်ိဳးေတြကိုရွင္းျပဖို႔ပါ။ ေဘာ္ဒါေတြလည္း ဗဟုသုတ ရေအာင္ရွယ္လိုက္တယ္။

*ေလယာဥ္စီးတဲ့အခ်ိန္မွာ အႏၲရယ္အမ်ားဆံုးအေနအထားက ေလယာဥ္ေျမျပင္က စတက္ခ်ိန္ နဲ႔ ေျမျပင္ကို ဆင္းသက္ေတာ့မယ့္အခ်ိန္ျဖစ္တယ္လို႔ ဆိုပါတယ္။

*ေလယာဥ္အတက္အဆင္းေတြမွာ ဘာေၾကာင့္ေလယာဥ္ျပတင္းေပါက္အဖုံးေတြ “မ”တင္ ထားရလည္းလဲဆိုေတာ့ ေလယာဥ္ဝန္းထမ္းမ်ား နဲ႔ ခရီိးသည္ေတြဟာ ေလယာဥ္ အျပင္ပိုင္း ပ်က္စီးမႈ မီးခိုးထြက္မႈ မီးေလာင္မႈေတြတစ္ခုခုျဖစ္ခဲ့ရင္ အျမန္ျမင္ႏိုင္ၿပီး evacuate အျမန္လုပ္ႏိုင္ရန္အတြက္တဲ့။ ေနာက္ၿပီး ေလယာဥ္ crush ျဖစ္သြားရင္လည္း ကယ္ဆယ္ေရးသမားမ်ားအေနျဖင့္ ေလယာဥ္ အတြင္းဘက္ကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ရန္အတြက္ပါ။ အေရးေပၚအေျခအေနမွာ ေဘးလြတ္ရာကို ကယ္ဖို႔ စကၠန္႔ ၉၀ ပဲရပါတယ္။

*ေလယာဥ္အတက္အဆင္းေတြမွာ ေလယာဥ္အတြင္းက မီးေလးေတြ မွိန္သြားရတာက in case of emergency အေျခအေနမွာ ေလယာဥ္အျပင္ဘက္ကအလင္းေရာင္ နဲ႔ eye adjust လုပ္လို႔ရေအာင္ ရည္ရြယ္ျခင္းျဖစ္ပါတယ္။

*ေလယာဥ္အတက္အဆင္းေတြမွာထိုင္ခံုေတြမတ္မတ္ထားၿပီး ေရွ႕စားပြဲေလးေတြကို ျပန္ေခါက္
ထားဖို႔ေျပာတာက in case of emergency အေျခအေနမွာ အခက္ခဲမရွိ ဝင္ထြက္သြားလာႏိုင္ရန္အတြက္ပါ။

*ေလယာဥ္အတက္အဆင္းလုပ္ေနခ်ိန္ေတြမွာ အိမ္သာေပးမတက္တာက အံစားတံုးကို ႏို႔ဆီဘူးထဲထည့္ၿပီး ခေလာက္ခံရသလို ျဖစ္မွာစိုးလို႔ပါ။ အိမ္သာမွာ seatbelt မရွိပါ။ မ်က္ႏွာျပင္ေတြက မာေက်ာေနေတာ့ ေလယာဥ္အႏၵရယ္တစ္ခုခု ျဖစ္တာနဲ႔ အိမ္သာအတြင္းကလူက ထိခိုက္မႈအမ်ားဆံုး ရႏိုင္လို႔ပါ။

*ေလယာဥ္အတက္အဆင္းလုပ္ေနခ်ိန္ေတြမွာ electronics devices ေတြသံုးျခင္းက ေလယာဥ္ကို ခိ်ဳ႕ယြင္းမႈျဖစ္ေစႏိုင္တယ္ဆိုၿပီး သိပၸံနည္းက်အကိုးအကားနဲ႔ မျပႏိုင္ေသးပါလို႔ ဆိုပါတယ္။ သို႔ေပမယ့္လည္း ျဖစ္ႏိုင္တဲ့ အလားအလာရွိလို႔ Federal Communications Commission က ၁၉၉၀ ခုႏွစ္အေစာပိုင္းကတည္းက cell phone သံုးျခင္းကို ban ခဲ့ပါတယ္။ ဒါေပမယ့္ pilot ေတြကို ေလယာဥ္မႈးအခန္းထဲမွာ ေလေၾကာင္းျပပံုစံေတြအတြက္ iPad ကို အသံုးျပဳဖို႔ The Federal Aviation Administration ကခြင့္ျပဳခဲ့ပါတယ္။ electronic devices ေတြရဲ႕ signals ေတြ မ်ားလာရင္ေတာ့ ေလယာဥ္ရဲ႕ communications, လမ္းျပမႈ , flight control အစရွိတာေတြကို မေတာ္တဆအေနနဲ႔ ထိခိုက္ႏိုင္ပါတယ္။

*ေလယာဥ္မယ္ေတြအမ်ားစုက passengers ေတြကိုေတာ့ မသံုးနဲ႔ေျပာၿပီး သူတို႔ကိုယ္တိုင္ကေတာ့ passengers နဲ႔ ျခားထားတဲ့ လိုက္ကာေလးကြယ္လိုက္တာနဲ႔ သူတို႔ဖုန္းကို စသံုးေတာ့တာပါပဲတဲ့ဗ်ာ။ (အဲ့ဒီအခ်ိန္မွပဲ သူတို႔က အားသြားတာကိုး) ဘာနဲ႔တူသလဲဆိုေတာ့ ေက်ာင္းသားေတြကိုေတာ့ ေက်ာင္းခ်ိန္တြင္း မုန္႔မစားနဲ႔ေျပာၿပီး ကိုယ္တိုင္ကေတာ့ ျခင္းေတာင္ကြယ္ႀကီး အခ်ဥ္ထုပ္ စားေနတဲ့ ဆရာမနဲ႔တူတယ္။

*ေလယဥ္ပ်ံစီးရင္ ျဖစ္ႏိုင္တဲ့ accident ရာခိုင္ႏႈန္းေတြက
ေလေပၚမွာ အရွိန္ႏႈန္းမွန္မွန္ေလးေမာင္းေနခ်ိန္ ၁၀%
စတက္ခ်ိန္ ၁၄%၊ အဆင္း ၄၇%၊ ၂၉ % က က်န္တဲ့အခ်ိန္ေတြမွာ ျဖစ္ပါတယ္။ accident အျဖစ္အမ်ားဆံုးက on ground မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Lastest News

#Unicode Version
*မကြာခင်မှာ ရွာကလိုက်လာပြီး စစ်စစ်ပေါက်ပေါက်မေးတတ်တဲ့ အမျိုးတွေကိုရှင်းပြဖို့ပါ။ ဘော်ဒါတွေလည်း ဗဟုသုတ ရအောင်ရှယ်လိုက်တယ်။

*လေယာဉ်စီးတဲ့အချိန်မှာ အန္တရယ်အများဆုံးအနေအထားက လေယာဉ်မြေပြင်က စတက်ချိန် နဲ့ မြေပြင်ကို ဆင်းသက်တော့မယ့်အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

*လေယာဉ်အတက်အဆင်းတွေမှာ ဘာကြောင့်လေယာဉ်ပြတင်းပေါက်အဖုံးတွေ “မ”တင် ထားရလည်းလဲဆိုတော့ လေယာဉ်
ဝန်းထမ်းများ နဲ့ ခရီးသည်တွေဟာ လေယာဉ် အပြင်ပိုင်း ပျက်စီးမှု မီးခိုးထွက်မှု မီးလောင်မှုတွေတစ်ခုခုဖြစ်ခဲ့ရင် အမြန်မြင်နိုင်ပြီး evacuate အမြန်လုပ်နိုင်ရန်အတွက်တဲ့။ နောက်ပြီး လေယာဉ် crush ဖြစ်သွားရင်လည်း ကယ်ဆယ်ရေးသမားများအနေဖြင့် လေယာဉ် အတွင်းဘက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်အတွက်ပါ။ အရေးပေါ်အခြေအနေမှာ ဘေးလွတ်ရာကို ကယ်ဖို့ စက္ကန့် ၉၀ ပဲရပါတယ်။

*လေယာဉ်အတက်အဆင်းတွေမှာ လေယာဉ်အတွင်းက မီးလေးတွေ မှိန်သွားရတာက in case of emergency အခြေအနေမှာ လေယာဉ်အပြင်ဘက်ကအလင်းရောင် နဲ့ eye adjust လုပ်လို့ရအောင် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

*လေယာဉ်အတက်အဆင်းတွေမှာ ထိုင်ခုံတွေမတ်မတ်ထားပြီး ရှေ့စားပွဲလေးတွေကို ပြန်ခေါက်ထားဖို့ပြောတာက in case of emergency အခြေအနေမှာ အခက်ခဲမရှိ ဝင်ထွက်သွားလာနိုင်ရန်အတွက်ပါ။

*လေယာဉ်အတက်အဆင်းလုပ်နေချိန်တွေမှာ အိမ်သာပေးမတက်တာက အံစားတုံးကို နို့ဆီဘူးထဲထည့်ပြီး ခလောက်ခံရသလို ဖြစ်မှာစိုးလို့ပါ။ အိမ်သာမှာ seatbelt မရှိပါ။ မျက်နှာပြင်တွေက မာကျောနေတော့ လေယာဉ်အန္ဒရယ်တစ်ခုခု ဖြစ်တာနဲ့ အိမ်သာအတွင်းကလူက ထိခိုက်မှုအများဆုံး ရနိုင်လို့ပါ။

*လေယာဉ်အတက်အဆင်းလုပ်နေချိန်တွေမှာ electronics devices တွေသုံးခြင်းက လေယာဉ်ကို ချို့ယွင်းမှုဖြစ်စေနိုင်တယ်ဆိုပြီး သိပ္ပံနည်းကျအကိုးအကားနဲ့ မပြနိုင်သေးပါလို့ ဆိုပါတယ်။ သို့ပေမယ့်လည်း ဖြစ်နိုင်တဲ့ အလားအလာရှိလို့ Federal Communications Commission က ၁၉၉၀ ခုနှစ်အစောပိုင်းကတည်းက cell phone သုံးခြင်းကို ban ခဲ့ပါတယ်။ ဒါပေမယ့် pilot တွေကို လေယာဉ်မှုးအခန်းထဲမှာ လေကြောင်းပြပုံစံတွေအတွက် iPad ကို အသုံးပြုဖို့ The Federal Aviation Administration ကခွင့်ပြုခဲ့ပါတယ်။ electronic devices တွေရဲ့ signals တွေ များလာရင်တော့ လေယာဉ်ရဲ့ communications, လမ်းပြမှု , flight control အစရှိတာတွေကို မတော်တဆအနေနဲ့ ထိခိုက်နိုင်ပါတယ်။

*လေယာဉ်မယ်တွေအများစုက passengers တွေကိုတော့ မသုံးနဲ့ပြောပြီး သူတို့ကိုယ်တိုင်ကတော့ passengers နဲ့ ခြားထားတဲ့ လိုက်ကာလေးကွယ်လိုက်တာနဲ့ သူတို့ဖုန်းကို စသုံးတော့တာပါပဲတဲ့ဗျာ။ (အဲ့ဒီအချိန်မှပဲ သူတို့က အားသွားတာကိုး) ဘာနဲ့တူသလဲဆိုတော့ ကျောင်းသားတွေကိုတော့ ကျောင်းချိန်တွင်း မုန့်မစားနဲ့ပြောပြီး ကိုယ်တိုင်ကတော့ ခြင်းတောင်ကွယ်ကြီး အချဉ်ထုပ် စားနေတဲ့ ဆရာမနဲ့တူတယ်။

*လေယဉ်ပျံစီးရင် ဖြစ်နိုင်တဲ့ accident ရာခိုင်နှုန်းတွေက
လေပေါ်မှာ အရှိန်နှုန်းမှန်မှန်လေးမောင်းနေချိန် ၁၀%
စတက်ချိန် ၁၄%၊ အဆင်း ၄၇%၊ ၂၉ % က ကျန်တဲ့အချိန်တွေမှာ ဖြစ်ပါတယ်။ accident အဖြစ်အများဆုံးက on ground မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Lastest News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top