Property Expo
×

 ရွမ္းျပည္နယ္အမ်ိဳးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ (ဒီခ်ဳပ္)ပါတီ ေခါင္းေဆာင္အခ်ိဳ႕ ထုတ္ပယ္ခံရ ျခင္းအေပၚ ႏွစ္ဖက္ကာယကံရွင္ မ်ားႏွင့္ သက္ေသမ်ားကို စစ္ေဆး ၾကားနာမႈမ်ား ျပဳလုပ္ၿပီးျဖစ္၍ ႏုိ၀င္ဘာ ၂၀ ရက္တြင္ အဆံုးအ ျဖတ္ေပးမည္ျဖစ္ေၾကာင္း ဒီခ်ဳပ္ ဗဟိုက ဖဲြ႕စည္းထားေသာ အယူခံ ခံု႐ံုးအဖဲြ႕ ေခါင္းေဆာင္ ဦးတင္ ထြဋ္ဦးက ေျပာသည္။


‘‘ကာယကံရွင္ေတြေရာ၊ ႏွစ္ ဖက္သက္ေသေတြကိုေရာ အကုန္ ၾကားနာၿပီးၿပီ။ ျဖစ္စဥ္အေပၚ အ ဆံုးအျဖတ္ကို ႏုိ၀င္ဘာ ၂၀ ရက္ မွ ဆံုးျဖတ္ေပးမယ္’’ဟု ဦးတင္ ထြဋ္ဦးက ဆုိသည္။

အယူခံခံု႐ံုးအဖဲြ႕သည္ ဦး၀င္း ထိန္အပါအ၀င္ သက္ေသငါးဦး၊ ေဒၚခင္မိုးမိုးႏွင့္ဦးတင္ေမာင္တိုး အပါအ၀င္ သက္ေသေျခာက္ဦး စုစုေပါင္း ၁၁ ဦးတုိ႔ကို ၾကားနာခဲ့ သည္ဟု ဦးတင္ထြဋ္ဦးထံမွ သိရ သည္။

‘‘အယူခံ႐ံုးအဖဲြ႕ရဲ႕ ဆံုးျဖတ္ ခ်က္ကို ေက်နပ္မႈမရွိရင္ေတာ့ ပါတီရဲ႕ ႏုိင္ငံလံုးဆုိင္ရာ ညီလာခံ ကို အယူခံတက္ခြင့္ရွိတယ္ေပါ့။ အဲဒီမွာ ဆံုးျဖတ္တာကေတာ့ အ ၿပီးသတ္ပါ’’ဟု ၎ကေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ လ ဆန္းက ဒီခ်ဳပ္ဗဟိုအလုပ္အမႈ ေဆာင္အဖဲြ႕၏ အတြင္းေရးမွဴးအ ဖဲြ႕၀င္ ဦး၀င္းထိန္သည္ ရွမ္းျပည္ နယ္သို႔ သြားေရာက္ခဲ့ၿပီး ခရီးစဥ္ အတြင္း ယင္းျပည္နယ္အတြင္းရွိ ပါတီ၀င္အခ်ိဳ႕ကုိ ပါတီစည္းကမ္း ပိုင္းဆုိင္ရာ အေရးယူမႈမ်ား ျပဳ လုပ္ခဲ့သည္။

အဆိုပါအေရးယူခံရသည့္ ကာယကံရွင္မ်ားက ပါတီဗဟိုသုိ႔ အယူခံ၀င္သျဖင့္ ယင္းကိစၥကို စံု စမ္းၾကားနာမႈမ်ားျပဳလုပ္ရန္ အ ယူခံအဖဲြ႕ကို ဖဲြ႕စည္းျခင္းျဖစ္သည္။

ဦး၀င္းထိန္သည္ စက္တင္ ဘာလဆန္းက ရွမ္းျပည္နယ္ ဗဟိုအလုပ္အမႈေဆာင္အဖဲြ႕ ဖဲြ႕ စည္းေပးရန္ သြားေရာက္ခဲ့ၿပီး ခရီးစဥ္အတြင္း ေတာင္ႀကီးခ႐ိုင္ ဥကၠ႒ ဦးတင္ေမာင္တိုးအား ႏႈတ္ မိန္႔ျဖင့္ ထုတ္ပယ္ျခင္း၊ ျပည္နယ္ ဥကၠ႒ ေဒၚခင္မိုးမိုး၊ ေဒၚမီးမီးႏွင့္ ေဒၚယူမီေဇာ္တုိ႔အား ရာထူးေလွ်ာ့ ခ်ျခင္းတုိ႔ ျပဳလုပ္ခဲ့သည္။

ရွမ္းျပည္နယ္ ဒီခ်ဳပ္ပါတီ ဥကၠ႒ ေဒၚခင္မိုးမိုးသည္ ၂၀၁၅ အေထြေထြေရြးေကာက္ပဲြတြင္ ျပည္နယ္ေအာင္ႏုိင္ေရးအဖဲြ႕ႏွင့္ ပူးေပါင္းလုပ္ေဆာင္မႈမရွိ၍ အ ေရးယူခဲ့ကာ ေတာင္ႀကီးခ႐ိုင္ ပါတီဥကၠ႒ ဦးတင္ေမာင္တိုးသည္ ပါတီဗဟိုအလုပ္အမႈေဆာင္အ ဖဲြ႕ကို ပုတ္ခတ္ေစာ္ကားသည့္ စာ သားမ်ား ေဖ့စ္ဘြတ္ခ္တြင္ ေရး သားခဲ့ျခင္းေၾကာင့္ အေရးယူျခင္း ျဖစ္ေၾကာင္း ဦး၀င္းထိန္က ေျပာ ၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရှမ်းပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ပါတီ ခေါင်းဆောင်အချို့ ထုတ်ပယ်ခံရ ခြင်းအပေါ် နှစ်ဖက်ကာယကံရှင် များနှင့် သက်သေများကို စစ်ဆေး ကြားနာမှုများ ပြုလုပ်ပြီးဖြစ်၍ နိုဝင်ဘာ ၂၀ ရက်တွင် အဆုံးအ ဖြတ်ပေးမည်ဖြစ်ကြောင်း ဒီချုပ် ဗဟိုက ဖွဲ့စည်းထားသော အယူခံ ခုံရုံးအဖွဲ့ ခေါင်းဆောင် ဦးတင် ထွဋ်ဦးက ပြောသည်။


‘‘ကာယကံရှင်တွေရော၊ နှစ် ဖက်သက်သေတွေကိုရော အကုန် ကြားနာပြီးပြီ။ ဖြစ်စဉ်အပေါ် အ ဆုံးအဖြတ်ကို နိုဝင်ဘာ ၂၀ ရက် မှ ဆုံးဖြတ်ပေးမယ်’’ဟု ဦးတင် ထွဋ်ဦးက ဆိုသည်။

အယူခံခုံရုံးအဖွဲ့သည် ဦးဝင်း ထိန်အပါအဝင် သက်သေငါးဦး၊ ဒေါ်ခင်မိုးမိုးနှင့်ဦးတင်မောင်တိုး အပါအဝင် သက်သေခြောက်ဦး စုစုပေါင်း ၁၁ ဦးတို့ကို ကြားနာခဲ့ သည်ဟု ဦးတင်ထွဋ်ဦးထံမှ သိရ သည်။

‘‘အယူခံရုံးအဖွဲ့ရဲ့ ဆုံးဖြတ် ချက်ကို ကျေနပ်မှုမရှိရင်တော့ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကို အယူခံတက်ခွင့်ရှိတယ်ပေါ့။ အဲဒီမှာ ဆုံးဖြတ်တာကတော့ အ ပြီးသတ်ပါ’’ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ လ ဆန်းက ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ အတွင်းရေးမှူးအ ဖွဲ့ဝင် ဦးဝင်းထိန်သည် ရှမ်းပြည် နယ်သို့ သွားရောက်ခဲ့ပြီး ခရီးစဉ် အတွင်း ယင်းပြည်နယ်အတွင်းရှိ ပါတီဝင်အချို့ကို ပါတီစည်းကမ်း ပိုင်းဆိုင်ရာ အရေးယူမှုများ ပြု လုပ်ခဲ့သည်။

အဆိုပါအရေးယူခံရသည့် ကာယကံရှင်များက ပါတီဗဟိုသို့ အယူခံဝင်သဖြင့် ယင်းကိစ္စကို စုံ စမ်းကြားနာမှုများပြုလုပ်ရန် အ ယူခံအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်သည်။

ဦးဝင်းထိန်သည် စက်တင် ဘာလဆန်းက ရှမ်းပြည်နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ စည်းပေးရန် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား နှုတ် မိန့်ဖြင့် ထုတ်ပယ်ခြင်း၊ ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့အား ရာထူးလျှော့ ချခြင်းတို့ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်အောင်နိုင်ရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်မှုမရှိ၍ အ ရေးယူခဲ့ကာ တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုးသည် ပါတီဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ကို ပုတ်ခတ်စော်ကားသည့် စာ သားများ ဖေ့စ်ဘွတ်ခ်တွင် ရေး သားခဲ့ခြင်းကြောင့် အရေးယူခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က ပြော ကြားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top