Kantharyar Centre
×

အသက္ ၁၁ ႏွစ္အရြယ္တုန္းက ဖခင္ျဖစ္သူ မင္းေမာ္ကြန္းနဲ႕အတူ ကေလးကလား ကေလာသားဆိုတဲ့ ဗီဒီယိုကားေလးမွစတင္ကာ အႏုပညာေလာကထဲ ၀င္ေရာက္ခဲ့သူကေတာ့ မင္းျမတ္ပါ။ မင္းျမတ္ဟာ အဲ့ဒီကားေလးမွာ ပါ၀င္သရုပ္ေဆာင္ၿပီးေနာက္ပိုင္း ဆက္မရုိက္ျဖစ္ေတာ့ပဲ လက္ရွိအသက္ ၁၇ ႏွစ္ေရာက္မွ ဒါရုိက္တာေက်ာ္ေဇာလင္းရုိက္ကူးတဲ့ ဆယ္လီ ဆိုတဲ့ရုပ္ရွင္ကားၾကီးမွာ ႏွစ္က် repeater တစ္ဦးအျဖစ္ ကေလးေတြအရမ္းခ်စ္ၾကတဲ့ ေက်ာင္းမွာေပ်ာ္တဲ့ ေက်ာင္းေပ်ာ္ၾကီးတစ္ေယာက္အေနနဲ႕ ပါ၀င္သရုပ္ေဆာင္ေနပါတယ္။ ဒါ့အျပင္ မင္းျမတ္ဟာ အႏုပညာနဲ႕ပတ္သက္ၿပီး သရုပ္ေဆာင္အျပင္၊ သီခ်င္းဆိုတာ ၊ ပန္းခ်ီဆြဲတာေတြကိုလဲ ၀ါသနာထံုသူျဖစ္တာေၾကာင့္ Cele ရႈတင္မွာ ခုလို သြားေရာက္ေတြ႕ဆံုေမးျမန္းၾကည့္လိုက္ေတာ့

လက္ရွိရုိက္ေနတဲ့ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

အခုရုိက္ေနတဲ့ကားေလးက ဆယ္လီ တဲ့။ ဒါရုိက္တာကဦးေက်ာ္ေဇာလင္း၊ သရုပ္ေဆာင္ေတြက မင္းသား၊ မင္းသမီးရဲ႕ကေလးေတြ အမ်ားၾကီးပါတယ္။ ေနာက္ဧည့္သည္သရုပ္ေဆာင္ေတြလဲအမ်ားၾကီးပါတယ္။

-ဒီကားေလးမွာပါ၀င္သရုပ္ေဆာင္ျဖစ္တာကေရာ ဘယ္လိုေၾကာင့္လဲ။

ဒီကားကကၽြန္ေတာ့္ရဲ႕ပထမဆံုးအၾကိမ္ေတာ့ မဟုတ္ဘူး။ ကၽြန္ေတာ့္အေရွ႕မွာ တစ္ကားရုိက္ထားတယ္။ ကၽြန္ေတာ့္အေဖနဲ႕ပဲ ကေလးကလား ကေလာသားဆိုတဲ့ကားကုိ ကၽြန္ေတာ့္အသက္ ၁၁ႏွစ္ေလာက္က ရုိက္ထားပါတယ္။ ဒါေပမဲ့ အခုျပန္စရိုက္ေတာ့လဲ ပထမဆံုးအၾကိမ္ စရိုက္ရတဲ့ခံစားမႈလိုပါပဲ။

-ဒီကားထဲမွာေရာ ဘယ္လိုကာရိုက္တာမ်ိဳးေလးလဲ။

Repeater ေပါ့။ ေက်ာင္းထဲမွာအၾကီးဆံုး ေက်ာင္းေပ်ာ္ၾကီးေပါ့။ ကေလးေတြ အရမ္းခ်စ္ၾကတယ္။ ေကာင္မေလးေတြ၊ ေကာင္ေလးေတြ၊ ေက်ာင္းသားေလးေတြရဲ႕အစ္ကိုၾကီးတစ္ေယာက္ေပါ့။

-ဒီကားကပညာေပးကားလို႕လဲသိရတယ္။

ဟုတ္ပါတယ္။ အခုေခတ္ေဖ့စ္ဘြတ္မွာ ကေလးေတြပ်က္စီးေနတာ ၊ |Generationကပ်က္စီးလာၿပီး ကေလးေတြ ဒုကၡေရာက္ၾကတာကို ပညာေပးအေနနဲ႕ရုိက္ထားတာပါ။ အခုလိုပညာေပးကားမွာ ပါ၀င္ရတဲ့အတြက္လဲေပ်ာ္ပါတယ္။

-အေဖကိုယ္တိုင္က ႏုိင္ငံေက်ာ္သရုပ္ေဆာင္တစ္ေယာက္ဆိုေတာ့ အေဖနဲ႕ပတ္သက္တဲ့စိတ္ခံစားခ်က္ကေရာ ဘယ္လိုမ်ိဳးရွိလဲ။

အဘိုးေရာ အေဖေရာ သရုပ္ေဆာင္ဆိုေတာ့ ကၽြန္ေတာ္လဲ အဲ့ဒီအပိုင္းကို စိတ္၀င္စားပါတယ္။ ကၽြန္ေတာ္စဥ္းစားထားတာကေတာ့ သူတို႕ေျခရာလိုက္နင္းမယ္ေပါ့။ ဒါေပမဲ့ သူတို႕ေျခရာမမွီမွာေတာ့ စိုးရိမ္မိတယ္။ ကၽြန္ေတာ္အေကာင္းဆံုးနဲ႕အတတ္ႏုိင္ဆံုးေတာ့ၾကိဳးစားသြားမွာပါ။

-အႏုပညာနဲ႕ပတ္သက္ၿပီးသရုပ္ေဆာင္တာအျပင္အျခားဘာေတြကို ၀ါသနာပါေသးလဲ။

ကၽြန္ေတာ္သီခ်င္းဆိုတာလဲ ၀ါသနာပါတယ္။ ကၽြန္ေတာ္ပန္းခ်ီေတြလဲ ဆြဲပါတယ္။ အႏုပညာနဲ႕ပတ္သက္ၿပီး ေတာ္ေတာ္ပိုးပါတယ္လို႕ေျပာရမယ္။

-စရုိက္ခါစ ရႈတင္ေပၚမွာ ဘယ္လိုအခက္အခဲေတြေရာေတြ႕ရေသးလဲ။

ကၽြန္ေတာ္အုိက္တင္ပိုင္းကေတာ့ ငယ္ငယ္ေလးကတည္းကသိပ္မလုပ္ဖူးဘူး။ ဒီကားကိုရုိက္တဲ့အခါ ပထမဆံုးရုိက္ရတဲ့ ခံစားမႈလိုခံစားရတယ္။ ကၽြန္ေတာ္အိုက္တင္ပိုင္း သိပ္မရေသးဘူး။ ဒါေပမဲ့ကိုယ့္ဟာကိုယ္က်င့္ေနပါတယ္။ ဒရာမာပိုင္းကေတာ့ ကၽြန္ေတာ္ရတယ္။

-မင္းေမာ္ကြန္းသားဆိုတဲ့ ဂုဏ္ပုဒ္ကကိုယ့္အတြက္ဘယ္ေလာက္ထိစိတ္ေက်နပ္စရာေကာင္းလဲ။

ကၽြန္ေတာ္ကေတာ့ တျခားကေလးသရုပ္ေဆာင္ေတြလို နာမည္ၾကီးတာမရွိဘူး။ တခ်ိဳ႕ေတြက မသိၾကဘူး။ တခ်ိဳ႕ေတြကေတာ့ ေဖ့စ္ဘြတ္သံုးေတာ့ သိၾကတယ္။ ကၽြန္ေတာ္ကေတာ့ ပံုမွန္လို႕ပဲထင္ပါတယ္။ သရုပ္ေဆာင္လုပ္ေနလို႕ ရုပ္ရွင္ထဲမွာပါလို႕သာ မင္းေမာ္ကြန္းဆိုတာ နာမည္ၾကီးေနတာေလ။ အျပင္မွာေတာ့ သာမန္လူပဲမို႕လုိ႕သိပ္ထူးထူးျခားျခားၾကီးေတာ့မရွိပါဘူး။

-အေဖ့ကိုေရာေၾကာက္လား။

အေဖ့ကိုေလးစားတယ္။ အေဖကလဲ ကၽြန္ေတာ့္ကိုခ်စ္တယ္။ ကၽြန္ေတာ္ကလဲ အေဖ့ကိုခ်စ္တယ္။ သားအဖေပါင္းလဲေပါင္းတယ္။ သူငယ္ခ်င္းေပါင္းလဲေပါင္းတယ္။ အေဖနဲ႕ကပိုရင္းႏွီးတယ္ေျပာလို႕ရပါတယ္။

-မင္းေမာ္ကြန္းကိုအားေပးၿပီး ေမာင္ေလးကို မင္းေမာ္ကြန္းသားအေနနဲ႕ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

အေဖ့ကိုခ်စ္သလိုကၽြန္ေတာ့ကိုလဲခ်စ္ပါလို႕။ အေဖ့ကိုအားေပးသလို ကၽြန္ေတာ့္ရဲ႕အႏုပညာပိုင္းကို အားေပးပါလို႕ ။ အခုဒီကားေလးမွာလဲ ပါ၀င္သရုပ္ေဆာင္ေနၿပီမို႕လို႕ရံုတင္တဲ့အခါလာေရာက္အားေပးၾကပါလို႕ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အသက် ၁၁ နှစ်အရွယ်တုန်းက ဖခင်ဖြစ်သူ မင်းမော်ကွန်းနဲ့အတူ ကလေးကလား ကလောသားဆိုတဲ့ ဗီဒီယိုကားလေးမှစတင်ကာ အနုပညာလောကထဲ ဝင်ရောက်ခဲ့သူကတော့ မင်းမြတ်ပါ။ မင်းမြတ်ဟာ အဲ့ဒီကားလေးမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်း ဆက်မရိုက်ဖြစ်တော့ပဲ လက်ရှိအသက် ၁၇ နှစ်ရောက်မှ ဒါရိုက်တာကျော်ဇောလင်းရိုက်ကူးတဲ့ ဆယ်လီ ဆိုတဲ့ရုပ်ရှင်ကားကြီးမှာ နှစ်ကျ repeater တစ်ဦးအဖြစ် ကလေးတွေအရမ်းချစ်ကြတဲ့ ကျောင်းမှာပျော်တဲ့ ကျောင်းပျော်ကြီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မင်းမြတ်ဟာ အနုပညာနဲ့ပတ်သက်ပြီး သရုပ်ဆောင်အပြင်၊ သီချင်းဆိုတာ ၊ ပန်းချီဆွဲတာတွေကိုလဲ ဝါသနာထုံသူဖြစ်တာကြောင့် Cele ရှုတင်မှာ ခုလို သွားရောက်တွေ့ဆုံမေးမြန်းကြည့်လိုက်တော့

လက်ရှိရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက ဆယ်လီ တဲ့။ ဒါရိုက်တာကဦးကျော်ဇောလင်း၊ သရုပ်ဆောင်တွေက မင်းသား၊ မင်းသမီးရဲ့ကလေးတွေ အများကြီးပါတယ်။ နောက်ဧည့်သည်သရုပ်ဆောင်တွေလဲအများကြီးပါတယ်။

-ဒီကားလေးမှာပါဝင်သရုပ်ဆောင်ဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

ဒီကားကကျွန်တော့်ရဲ့ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ကျွန်တော့်အရှေ့မှာ တစ်ကားရိုက်ထားတယ်။ ကျွန်တော့်အဖေနဲ့ပဲ ကလေးကလား ကလောသားဆိုတဲ့ကားကို ကျွန်တော့်အသက် ၁၁နှစ်လောက်က ရိုက်ထားပါတယ်။ ဒါပေမဲ့ အခုပြန်စရိုက်တော့လဲ ပထမဆုံးအကြိမ် စရိုက်ရတဲ့ခံစားမှုလိုပါပဲ။

-ဒီကားထဲမှာရော ဘယ်လိုကာရိုက်တာမျိုးလေးလဲ။

Repeater ပေါ့။ ကျောင်းထဲမှာအကြီးဆုံး ကျောင်းပျော်ကြီးပေါ့။ ကလေးတွေ အရမ်းချစ်ကြတယ်။ ကောင်မလေးတွေ၊ ကောင်လေးတွေ၊ ကျောင်းသားလေးတွေရဲ့အစ်ကိုကြီးတစ်ယောက်ပေါ့။

-ဒီကားကပညာပေးကားလို့လဲသိရတယ်။

ဟုတ်ပါတယ်။ အခုခေတ်ဖေ့စ်ဘွတ်မှာ ကလေးတွေပျက်စီးနေတာ ၊ |Generationကပျက်စီးလာပြီး ကလေးတွေ ဒုက္ခရောက်ကြတာကို ပညာပေးအနေနဲ့ရိုက်ထားတာပါ။ အခုလိုပညာပေးကားမှာ ပါဝင်ရတဲ့အတွက်လဲပျော်ပါတယ်။

-အဖေကိုယ်တိုင်က နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဆိုတော့ အဖေနဲ့ပတ်သက်တဲ့စိတ်ခံစားချက်ကရော ဘယ်လိုမျိုးရှိလဲ။

အဘိုးရော အဖေရော သရုပ်ဆောင်ဆိုတော့ ကျွန်တော်လဲ အဲ့ဒီအပိုင်းကို စိတ်ဝင်စားပါတယ်။ ကျွန်တော်စဉ်းစားထားတာကတော့ သူတို့ခြေရာလိုက်နင်းမယ်ပေါ့။ ဒါပေမဲ့ သူတို့ခြေရာမမှီမှာတော့ စိုးရိမ်မိတယ်။ ကျွန်တော်အကောင်းဆုံးနဲ့အတတ်နိုင်ဆုံးတော့ကြိုးစားသွားမှာပါ။

-အနုပညာနဲ့ပတ်သက်ပြီးသရုပ်ဆောင်တာအပြင်အခြားဘာတွေကို ဝါသနာပါသေးလဲ။

ကျွန်တော်သီချင်းဆိုတာလဲ ဝါသနာပါတယ်။ ကျွန်တော်ပန်းချီတွေလဲ ဆွဲပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး တော်တော်ပိုးပါတယ်လို့ပြောရမယ်။

-စရိုက်ခါစ ရှုတင်ပေါ်မှာ ဘယ်လိုအခက်အခဲတွေရောတွေ့ရသေးလဲ။

ကျွန်တော်အိုက်တင်ပိုင်းကတော့ ငယ်ငယ်လေးကတည်းကသိပ်မလုပ်ဖူးဘူး။ ဒီကားကိုရိုက်တဲ့အခါ ပထမဆုံးရိုက်ရတဲ့ ခံစားမှုလိုခံစားရတယ်။ ကျွန်တော်အိုက်တင်ပိုင်း သိပ်မရသေးဘူး။ ဒါပေမဲ့ကိုယ့်ဟာကိုယ်ကျင့်နေပါတယ်။ ဒရာမာပိုင်းကတော့ ကျွန်တော်ရတယ်။

-မင်းမော်ကွန်းသားဆိုတဲ့ ဂုဏ်ပုဒ်ကကိုယ့်အတွက်ဘယ်လောက်ထိစိတ်ကျေနပ်စရာကောင်းလဲ။

ကျွန်တော်ကတော့ တခြားကလေးသရုပ်ဆောင်တွေလို နာမည်ကြီးတာမရှိဘူး။ တချို့တွေက မသိကြဘူး။ တချို့တွေကတော့ ဖေ့စ်ဘွတ်သုံးတော့ သိကြတယ်။ ကျွန်တော်ကတော့ ပုံမှန်လို့ပဲထင်ပါတယ်။ သရုပ်ဆောင်လုပ်နေလို့ ရုပ်ရှင်ထဲမှာပါလို့သာ မင်းမော်ကွန်းဆိုတာ နာမည်ကြီးနေတာလေ။ အပြင်မှာတော့ သာမန်လူပဲမို့လို့သိပ်ထူးထူးခြားခြားကြီးတော့မရှိပါဘူး။

-အဖေ့ကိုရောကြောက်လား။

အဖေ့ကိုလေးစားတယ်။ အဖေကလဲ ကျွန်တော့်ကိုချစ်တယ်။ ကျွန်တော်ကလဲ အဖေ့ကိုချစ်တယ်။ သားအဖပေါင်းလဲပေါင်းတယ်။ သူငယ်ချင်းပေါင်းလဲပေါင်းတယ်။ အဖေနဲ့ကပိုရင်းနှီးတယ်ပြောလို့ရပါတယ်။

-မင်းမော်ကွန်းကိုအားပေးပြီး မောင်လေးကို မင်းမော်ကွန်းသားအနေနဲ့ချစ်ခင်ကြတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

အဖေ့ကိုချစ်သလိုကျွန်တော့ကိုလဲချစ်ပါလို့။ အဖေ့ကိုအားပေးသလို ကျွန်တော့်ရဲ့အနုပညာပိုင်းကို အားပေးပါလို့ ။ အခုဒီကားလေးမှာလဲ ပါဝင်သရုပ်ဆောင်နေပြီမို့လို့ရုံတင်တဲ့အခါလာရောက်အားပေးကြပါလို့ပြောချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top