Property Expo
×

ႏို၀င္ဘာလ ၂၄ ရက္ ည ၇ နာရီေလာက္က ကမာရြတ္ၿမိဳ႕နယ္ ဟံသာ၀တီဘူတာနဲ႔ လွည္တန္းဘူတာၾကားက သံလမ္းေပၚမွာ အသက္ ၁၀ ႏွစ္အရြယ္မိန္းကေလးရဲ႕လည္ပင္းကုိ ဓားနဲ႔လွီးၿပီး သတ္ျဖတ္ခဲ့တဲ့ အိမ္ရာမဲ့တစ္ဦးျဖစ္သူ ေက်ာ္ႀကီး(ခ) ျပာဂေလာင္ကို ဖမ္းဆီးရမိခဲ့ၿပီး ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

"ဒီအမႈကို၂၄ နာရီအတြင္း ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ လူသတ္မႈက်ဴးလြန္တယ္ဆိုတဲ့ အေၾကာင္းကိုလည္း၀န္ခံထားပါတယ္။ အမႈကိုလည္းဆက္ျပီးစစ္ေဆးေနပါတယ္။ ေဆးစစ္စာထြက္လာရင္ေတာ့ ဘာေၾကာင့္ေသရလဲဆိုတာ သိရမွာပါ"လို႔ ကမာရြတ္ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

အသတ္ခံရတဲ့ မိန္းကေလးငယ္က လွည္းတန္းခုံတံတားေအာက္မွာ မိခင္ျဖစ္သူနဲ႔ အတူ ပန္းေရာင္းခ်သူျဖစ္ၿပီး လူသတ္မႈ က်ဴးလြန္ခဲ့သူက လည္ပင္းျပတ္ရွဒဏ္ရာေတြ၊ ဦးေခါင္းေပါက္ျပဲဒဏ္ရာေတြနဲ႔ ရထားသံလမ္းလမ္းေပၚ ေခါင္းတင္ထားခဲ့တာျဖစ္ကာ ေသဆံုးေနတဲ့ ေနရာနားမွာ လြယ္အိတ္ႏွစ္လံုးနဲ႔ ခဲတံခၽြန္ေခါက္ဓား တစ္ေခ်ာင္းရွာေဖြေတြ႔ရိွခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily

#Unicode Version

နိုဝင်ဘာလ ၂၄ ရက် ည ၇ နာရီလောက်က ကမာရွတ်မြို့နယ် ဟံသာဝတီဘူတာနဲ့ လှည်တန်းဘူတာကြားက သံလမ်းပေါ်မှာ အသက် ၁၀ နှစ်အရွယ်မိန်းကလေးရဲ့လည်ပင်းကို ဓားနဲ့လှီးပြီး သတ်ဖြတ်ခဲ့တဲ့ အိမ်ရာမဲ့တစ်ဦးဖြစ်သူ ကျော်ကြီး(ခ) ပြာဂလောင်ကို ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ဒီအမှုကို၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ အကြောင်းကိုလည်းဝန်ခံထားပါတယ်။ အမှုကိုလည်းဆက်ပြီးစစ်ဆေးနေပါတယ်။ ဆေးစစ်စာထွက်လာရင်တော့ ဘာကြောင့်သေရလဲဆိုတာ သိရမှာပါ"လို့ ကမာရွတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အသတ်ခံရတဲ့ မိန်းကလေးငယ်က လှည်းတန်းခုံတံတားအောက်မှာ မိခင်ဖြစ်သူနဲ့ အတူ ပန်းရောင်းချသူဖြစ်ပြီး လူသတ်မှု ကျူးလွန်ခဲ့သူက လည်ပင်းပြတ်ရှဒဏ်ရာတွေ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေနဲ့ ရထားသံလမ်းလမ်းပေါ် ခေါင်းတင်ထားခဲ့တာဖြစ်ကာ သေဆုံးနေတဲ့ နေရာနားမှာ လွယ်အိတ်နှစ်လုံးနဲ့ ခဲတံချွန်ခေါက်ဓား တစ်ချောင်းရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top