Kantharyar Centre
×

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ ေ႐ႊျမက္တင္ေက်း႐ြာအုပ္စု ႐ြာသာယာေက်း႐ြာတြင္ နိုဝင္ဘာ ၂၂ ရက္မြန္းလြဲပိုင္းက အသက္ ၁၀ ႏွစ္အ႐ြယ္ေယာက္်ားေလးက အစ္မျဖစ္သူထံ ခဏတာထိန္းေပးရန္အပ္ထားေသာ ေလးႏွစ္သမီးကို အဓမၼျပဳက်င့္ခဲ့ေၾကာင္း ပုသိမ္ၿမိဳ႕မ ရဲစခန္းမွ စခန္းမႉး ဒုတိယရဲ႕မႉး မ်ိဳးသူက ေျပာၾကားသည္။

အဆိုပါ ေယာက္်ားေလးကို ေက်း႐ြာရွိ လူလတ္ပိုင္းမ်ားက မိုဘိုင္းလ္ဖုန္းမွတစ္ဆင့္ ညစ္ညမ္းကားမ်ား ျပသခဲ့ရာ ကေလးမွာ ယခင္ကျငင္းဆန္ေသာ္လည္း ေနာက္ပိုင္းတြင္ အသာတၾကည္ၾကည့္ရႈရာမွ ထို႐ုပ္ရွင္မ်ားအတိုင္း လက္တဲ့စမ္းလိုေသာေၾကာင့္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ၄င္းကထြက္ဆိုခဲ့သည္။

"သားက တစ္တန္းအထိေက်ာင္းတက္ဖူးတယ္။ ခုမတက္ေတာ့ဘူး။ ႐ြာထဲကအကိုေတြ ျပလို႔ဖုန္းထဲမွာ ၁၅ ခါေလာက္ၾကည့္ဖူးတယ္။ လုပ္ၾကည့္ခ်င္စိတ္ေပါက္လို႔ စမ္းၾကည့္တာ။ သား အိမ္ျပန္ခ်င္တယ္ ျပန္ပို႔ေပး" ဟု ပုသိမ္ၿမိဳ႕မ ရဲစခန္းတြင္ ထိန္းသိမ္းေစာင့္ေရွာက္ခံေနရသည့္ ကေလးက ေျပာဆိုခဲ့သည္။ အဓမၼျပဳက်င့္ခံရသည့္ ေလးႏွစ္သမီးကို ပုသိမ္ေဆး႐ုံတြင္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Daily News

#Unicode Version

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေမြက်တင်ကျေးရွာအုပ်စု ရွာသာယာကျေးရွာတွင် နိုဝင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းက အသက် ၁၀ နှစ်အရွယ်ယောက်ျားလေးက အစ်မဖြစ်သူထံ ခဏတာထိန်းပေးရန်အပ်ထားသော လေးနှစ်သမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယရဲ့မှူး မျိုးသူက ပြောကြားသည်။

အဆိုပါ ယောက်ျားလေးကို ကျေးရွာရှိ လူလတ်ပိုင်းများက မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ညစ်ညမ်းကားများ ပြသခဲ့ရာ ကလေးမှာ ယခင်ကငြင်းဆန်သော်လည်း နောက်ပိုင်းတွင် အသာတကြည်ကြည့်ရှုရာမှ ထိုရုပ်ရှင်များအတိုင်း လက်တဲ့စမ်းလိုသောကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကထွက်ဆိုခဲ့သည်။

"သားက တစ်တန်းအထိကျောင်းတက်ဖူးတယ်။ ခုမတက်တော့ဘူး။ ရွာထဲကအကိုတွေ ပြလို့ဖုန်းထဲမှာ ၁၅ ခါလောက်ကြည့်ဖူးတယ်။ လုပ်ကြည့်ချင်စိတ်ပေါက်လို့ စမ်းကြည့်တာ။ သား အိမ်ပြန်ချင်တယ် ပြန်ပို့ပေး" ဟု ပုသိမ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းစောင့်ရှောက်ခံနေရသည့် ကလေးက ပြောဆိုခဲ့သည်။ အဓမ္မပြုကျင့်ခံရသည့် လေးနှစ်သမီးကို ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Daily News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top