Property Expo
×

အမ်ိဳးသားေတြမွာ အျဖစ္မ်ားတဲ့ ဆီးလမ္းေၾကာင္း ျပႆနာေတြနဲ႔ မ်ိဳးပြား စနစ္ ျပႆနာေတြ အေၾကာင္းကို သိ နားလည္ကာကြယ္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ ပါတယ္။

ဆီးလမ္းေၾကာင္း ျပႆနာမ်ား

- ဆီးလမ္းေၾကာင္း စနစ္မွာ ေက်ာက္ကပ္နဲ႔ ဆီးအိတ္တို႔ အဓိက ပါဝင္ေနပါ တယ္။ အျဖစ္ မ်ားတဲ့ ဆီးလမ္းေၾကာင္း ျပႆနာေတြ ကေတာ့ ဆီးမၾကာခဏ သြားလိုတာ၊ ညမွာ ဆီးသြား မ်ားတာ၊ ဆီး သြားစဥ္ နာက်င္တာ၊ ပူစပ္ပူေလာင္ျဖစ္ တာ၊ ဆီးမသြားႏိုင္တာ၊ ဆီးထဲ ေသြးပါ တာနဲ႔ ဆီးမထိန္းႏိုင္ တာစတဲ့ အခ်က္ေတြ ပဲ ျဖစ္ၾကပါတယ္။
- လိင္ကေန တစ္ဆင့္ ကူးစက္ရရွိတဲ့ ေရာဂါေတြအနက္ အဓိက ခံစားရတဲ့ ေရာဂါလကၡဏာ တစ္ရပ္ဟာ ဆီးျပြန္ ေရာင္ရမ္းတာပဲ ျဖစ္ပါတယ္။
- ေက်ာက္ကပ္ ေက်ာက္တည္တာက လည္း ဆီးလမ္းေၾကာင္း ျပႆနာေတြမွာ အျဖစ္မ်ားတဲ့ ျပႆနာေတြပဲ ျဖစ္ၿပီး ဆီး ေက်ာက္တည္သူ ၁၀ဝ မွာ ဂဝဦးဟာ အမ်ိဳးသားေတြ ျဖစ္ၾက ပါတယ္။ ဆီးေက်ာက္ တည္ၿပီး ေက်ာက္ဟာ ေက်ာက္ကပ္ ကေန ဆီးျပြန္ဆီကို ေရြ႕လ်ားသြား လာတဲ့အခါမွာ အလြန္အမင္း နာက်င္မႈကို ခံစားရတတ္ ပါတယ္။ ဆီးေက်ာက္ မတည္ေအာင္ ကာကြယ္သင့္တဲ့ အေကာင္းဆံုးနည္းက ေတာ့ ေန႔စဥ္အရည္ မ်ားမ်ား ေသာက္ေပး ဖို႔ပဲ ျဖစ္ပါတယ္။

မ်ိဳးပြားစနစ္ျပႆနာမ်ား

- အမ်ိဳးသား မ်ိဳးပြားစနစ္မွာ လိင္တံ၊ ေဝွးေစ့၊ ကပ္ပယ္အိတ္၊ ဆီးက်ိတ္နဲ႔ တျခားအဂၤါေတြပါဝင္ေနပါတယ္။ ျဖစ္တတ္တဲ့ ျပႆနာ အေနနဲ႔ ေဝွး ေစ့ပိုးဝင္ကူးစက္ တာ၊ကပ္ပယ္အိတ္ ေသြးေၾကာ ေဖာင္းတြန္႔တာ ၊ လိင္တံ ျပႆနာ ျဖစ္တာ၊ ေဝွးေစ့ေသြးေၾကာ ထံုးတာနဲ႔ ဆီးက်ိတ္ေရာင္ရမ္းတာ စတာေတြပဲ ျဖစ္ပါ တယ္။
- လိင္ဆက္ဆံမႈကေနတစ္ဆင့္ ကူး စက္တတ္တဲ့ ေရာဂါေတြက လိင္အဂၤါမွာ ေရယုန္ေပါက္တာ၊ ကာလသားေရာဂါ၊ လိင္အဂၤါမွာ ျြကက္ႏို႔ေပါက္တာ၊ HIV ပိုးစတဲ့ အခ်က္ေတြပဲ ျဖစ္ၾကပါတယ္။ လိင္ကေနတစ္ဆင့္ ကူးစက္ရရွိတဲ့ ေရာဂါ ေတြရဲ႕ လကၡဏာေတြ ကေတာ့ လိင္တံက ေန အနံ႔ျပင္းတဲ့ အရည္ဆင္းတာ၊ ဆီး သြားစဥ္ ပူစပ္ပူေလာင္ျဖစ္တာ၊ လိင္ အဂၤါတစ္ဝိုက္မွာ အနာျဖစ္တာ၊ အဖု အပိမ့္ေပါက္တာ၊ ယားယံတာ၊ နီျမန္းတာ နဲ႔ ေရာင္ရမ္းတာစတာေတြ ျဖစ္ၾကပါ တယ္။
- ဒီလို လိင္မွတစ္ဆင့္ ကူးစက္တဲ့ ေရာဂါ ေတြ မရရွိေအာင္ လံုျခံဳစိတ္ခ်ရတဲ့ လိင္ဆက္ဆံမႈျဖစ္ေအာင္ သတိထားဆင္ ျခင္ပါ။ တတ္ႏိုင္သမွ် အေပ်ာ္အပါး မလိုက္စားသင့္ပါ။ တစ္လင္တစ္မယားစ နစ္မဟုတ္ဘဲ အကာအကြယ္မဲ့ လိင္ ဆက္ဆံမိခဲ့ရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္း တိုင္ပင္ ေဆြးေႏြးပါ။ ကိုယ့္ကိုယ္ကိုယ္ ရွက္ရြံ႕မေနဘဲ ျဖစ္ေနတဲ့၊ ခံစားေနရတဲ့ ျပႆနာေတြကို ဆရာဝန္နဲ႔ တိုင္ပင္ျပသ လိုက္ပါ။
- ပန္းေသပန္းၫိႈးေရာဂါဟာ အမ်ိဳး သားေတြမွာ အဓိကခံစားရတဲ့ ျပႆနာ တစ္ရပ္ပါ။ အသက္ ၄၀ ေက်ာ္လာရင္ အမ်ိဳးသားတစ္ဝက္ နီးပါးဟာ ပန္းေသ ပန္းၫႇိဳးေရာဂါကို ခံစားေနရၿပီး အထူးသ ျဖင့္ အသက္ႀကီးလာေလေလ ျဖစ္ႏိုင္ေျခ မ်ားေလေလျဖစ္ပါတယ္။
- ပန္းေသပန္း ညႇိဳးေရာဂါရဲ႕ ၈၀ရာခိုင္ႏႈန္းဟာ ႐ုပ္ပိုင္း ဆိုင္ရာ ျပႆနာေၾကာင့္ ျဖစ္တတ္ၿပီး ၂၀ ရာခိုင္ႏႈန္းကေတာ့ စိတ္ပိုင္းဆိုင္ရာ ျပ ႆနာေၾကာင့္ ျဖစ္တတ္ပါတယ္။ ပန္းေသပန္းညႇိဳး ျဖစ္ရတဲ့ အေၾကာင္းရင္း ေတြဟာ ေဟာ္မုန္းအေျပာင္းအလဲ၊ အျပင္းအထန္ ထိခိုက္ဒဏ္ရာရတာ၊ နာ့ဗ္ေၾကာ ထိခိုက္တာ၊ စိတ္ဖိစီးမႈမ်ား တာ၊ စိတ္ဓာတ္က်တာ၊ မူးယစ္ေဆးဝါး သံုးစြဲတာနဲ႔ အေျခခံက်န္းမာေရးျပႆနာ တစ္ရပ္ရွိတာနဲ႔ အေျခခံက်န္းမာေရး ျပႆနာ ကုသရာမွာ မွီဝဲရတဲ့ ေဆးဝါး တခ်ိဳ႕စတာေတြေၾကာင့္ ျဖစ္တတ္ပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပြဿနာတွေနဲ့ မျိုးပွား စနစ် ပြဿနာတွေ အကြောင်းကို သိ နားလည်ကာကွယ်နိုင်ဖို့ ဖော်ပြပေးလိုက် ပါတယ်။
ဆီးလမ်းကြောင်း ပြဿနာများ
- ဆီးလမ်းကြောင်း စနစ်မှာ ကျောက်ကပ်နဲ့ ဆီးအိတ်တို့ အဓိက ပါဝင်နေပါ တယ်။ အဖြစ် များတဲ့ ဆီးလမ်းကြောင်း ပြဿနာတွေ ကတော့ ဆီးမကြာခဏ သွားလိုတာ၊ ညမှာ ဆီးသွား များတာ၊ ဆီး သွားစဉ် နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ် တာ၊ ဆီးမသွားနိုင်တာ၊ ဆီးထဲ သွေးပါ တာနဲ့ ဆီးမထိန်းနိုင် တာစတဲ့ အချက်တွေ ပဲ ဖြစ်ကြပါတယ်။
- လိင်ကနေ တစ်ဆင့် ကူးစက်ရရှိတဲ့ ရောဂါတွေအနက် အဓိက ခံစားရတဲ့ ရောဂါလက္ခဏာ တစ်ရပ်ဟာ ဆီးပြွန် ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။
- ကျောက်ကပ် ကျောက်တည်တာက လည်း ဆီးလမ်းကြောင်း ပြဿနာတွေမှာ အဖြစ်များတဲ့ ပြဿနာတွေပဲ ဖြစ်ပြီး ဆီး ကျောက်တည်သူ ၁၀ဝ မှာ ဂဝဦးဟာ အမျိုးသားတွေ ဖြစ်ကြ ပါတယ်။ ဆီးကျောက် တည်ပြီး ကျောက်ဟာ ကျောက်ကပ် ကနေ ဆီးပြွန်ဆီကို ရွေ့လျားသွား လာတဲ့အခါမှာ အလွန်အမင်း နာကျင်မှုကို ခံစားရတတ် ပါတယ်။ ဆီးကျောက် မတည်အောင် ကာကွယ်သင့်တဲ့ အကောင်းဆုံးနည်းက တော့ နေ့စဉ်အရည် များများ သောက်ပေး ဖို့ပဲ ဖြစ်ပါတယ်။
မျိုးပွားစနစ်ပြဿနာများ
- အမျိုးသား မျိုးပွားစနစ်မှာ လိင်တံ၊ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ ဆီးကျိတ်နဲ့ တခြားအင်္ဂါတွေပါဝင်နေပါတယ်။ ဖြစ်တတ်တဲ့ ပြဿနာ အနေနဲ့ ဝှေး စေ့ပိုးဝင်ကူးစက် တာ၊ကပ်ပယ်အိတ် သွေးကြော ဖောင်းတွန့်တာ ၊ လိင်တံ ပြဿနာ ဖြစ်တာ၊ ဝှေးစေ့သွေးကြော ထုံးတာနဲ့ ဆီးကျိတ်ရောင်ရမ်းတာ စတာတွေပဲ ဖြစ်ပါ တယ်။
- လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူး စက်တတ်တဲ့ ရောဂါတွေက လိင်အင်္ဂါမှာ ရေယုန်ပေါက်တာ၊ ကာလသားရောဂါ၊ လိင်အင်္ဂါမှာ ြွကက်နို့ပေါက်တာ၊ HIV ပိုးစတဲ့ အချက်တွေပဲ ဖြစ်ကြပါတယ်။ လိင်ကနေတစ်ဆင့် ကူးစက်ရရှိတဲ့ ရောဂါ တွေရဲ့ လက္ခဏာတွေ ကတော့ လိင်တံက နေ အနံ့ပြင်းတဲ့ အရည်ဆင်းတာ၊ ဆီး သွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင် အင်္ဂါတစ်ဝိုက်မှာ အနာဖြစ်တာ၊ အဖု အပိမ့်ပေါက်တာ၊ ယားယံတာ၊ နီမြန်းတာ နဲ့ ရောင်ရမ်းတာစတာတွေ ဖြစ်ကြပါ တယ်။
- ဒီလို လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ တွေ မရရှိအောင် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုဖြစ်အောင် သတိထားဆင် ခြင်ပါ။ တတ်နိုင်သမျှ အပျော်အပါး မလိုက်စားသင့်ပါ။ တစ်လင်တစ်မယားစ နစ်မဟုတ်ဘဲ အကာအကွယ်မဲ့ လိင် ဆက်ဆံမိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင် ဆွေးနွေးပါ။ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့မနေဘဲ ဖြစ်နေတဲ့၊ ခံစားနေရတဲ့ ပြဿနာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြသ လိုက်ပါ။
- ပန်းသေပန်းညှိုးရောဂါဟာ အမျိုး သားတွေမှာ အဓိကခံစားရတဲ့ ပြဿနာ တစ်ရပ်ပါ။ အသက် ၄၀ ကျော်လာရင် အမျိုးသားတစ်ဝက် နီးပါးဟာ ပန်းသေ ပန်းညှိုးရောဂါကို ခံစားနေရပြီး အထူးသ ဖြင့် အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေ များလေလေဖြစ်ပါတယ်။
- ပန်းသေပန်း ညှိုးရောဂါရဲ့ ၈၀ရာခိုင်နှုန်းဟာ ရုပ်ပိုင်း ဆိုင်ရာ ပြဿနာကြောင့် ဖြစ်တတ်ပြီး ၂၀ ရာခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ပြ ဿနာကြောင့် ဖြစ်တတ်ပါတယ်။ ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်း တွေဟာ ဟော်မုန်းအပြောင်းအလဲ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရတာ၊ နာ့ဗ်ကြော ထိခိုက်တာ၊ စိတ်ဖိစီးမှုများ တာ၊ စိတ်ဓာတ်ကျတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ အခြေခံကျန်းမာရေးပြဿနာ တစ်ရပ်ရှိတာနဲ့ အခြေခံကျန်းမာရေး ပြဿနာ ကုသရာမှာ မှီဝဲရတဲ့ ဆေးဝါး တချို့စတာတွေကြောင့် ဖြစ်တတ်ပါ တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top