Shwe Zabu River View Condominium Promotion
×

 ရန္ကုန္ၿမိဳ႕အတြက္ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၃၀၀ ကို ငါးႏွစ္ၾကာ ျဖန္႔ျဖဴးေပးမည့္ တူရ ကီႏိုင္ငံမွ လွ်ပ္စစ္ဓာတ္အားေပး သေဘၤာသည္ ၂၀၁၇ ဧၿပီလ အတြင္း ေရာက္ရွိမည္ျဖစ္ၿပီး ရန္ကုန္ျမစ္အတြင္း ထားရွိလည္ ပတ္မည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

ရန္ကုန္အတြက္ ေႏြရာသီ တြင္ လိုအပ္မည့္ လွ်ပ္စစ္ဓာတ္ အားျဖန္႔ျဖဴးရန္ တူရကီႏုိင္ငံမွ Karadeniz Holding ကုမၸဏီပိုင္ ဓာတ္အားေပးသေဘၤာ Onur Sultan သည္ ျမန္မာအစိုးရႏွင့္ သေဘာတူညီမႈအခ်ိဳ႕ ရယူထား ၿပီးျဖစ္၍ ဧၿပီလအတြင္း အဆိုပါ သေဘၤာေရာက္ရွိလာမည္ျဖစ္ သည္။

အဆိုပါသေဘၤာမွတစ္ဆင့္ ရန္ကုန္အတြက္ ဓာတ္အားျဖန္႔ ျဖဴးရန္ ေနျပည္ေတာ္တြင္ အႀကိဳသေဘာတူညီမႈရရွိထား ေသာ္ လည္း ႏွစ္ဖက္သေဘာတူစာခ်ဳပ္ ကို ဒီဇင္ဘာအတြင္း ခ်ဳပ္ဆိုသြား ႏုိင္ရန္ ျမန္မာဘက္က ခန္႔မွန္း ထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ ပိုေရးရွင္းမွ အင္ဂ်င္နီယာခ်ဳပ္က 7Day Daily သတင္းစာအား ေျပာသည္။

ရန္ကုန္ၿမိဳ႕အတြက္ လွ်ပ္စစ္ ဓာတ္အား ၃၀၀ မဂၢါဝပ္ထုတ္လုပ္ ျဖန္႔ျဖဴးမည့္ အဆိုပါသေဘၤာကို ႏို ဝင္ဘာ ၁၃ ရက္က တူရကီႏုိင္ငံ အစၥတန္ဘူလ္ၿမိဳ႕ရွိ တူေလာဆီ ဒတ္ဖ္သေဘၤာက်င္းတြင္ တရား ဝင္မိတ္ဆက္အခမ္းအနားျပဳလုပ္ ခဲ့ၿပီး သမၼတ အာဒိုဂန္ကိုယ္တိုင္ တက္ေရာက္၍ အခမ္းအနားျဖင့္ ဖြင့္လွစ္ခဲ့သည္။

လွ်ပ္စစ္ဓာတ္အား ၃၀၀ မဂၢါဝပ္ထုတ္လုပ္ရန္ ယခင္အစိုးရ လက္ထက္ ျပည္ပကုမၸဏီမ်ား အား တင္ဒါေခၚယူခဲ့ရာ အဆိုပါ တူရကီဓာတ္အားေပး သေဘၤာ မ်ားထုတ္လုပ္သည့္ ကုမၸဏီက ဒုတိယေျမာက္ တင္ဒါေအာင္ျမင္ သည့္ကုမၸဏီအျဖစ္ ေရြးခ်ယ္ခံခဲ့ ရသည္။

ဧၿပီတြင္ ေရာက္ရွိမည့္ တူရ ကီဓာတ္အားေပးသေဘၤာကိုသန္ လ်င္ၿမိဳ႕နယ္ သီလဝါဆိပ္ကမ္း တြင္ အေျခစိုက္ၿပီး ရန္ကုန္ျမစ္အ တြင္း ထားရွိမည္ျဖစ္ကာ သာေက တဓာတ္အားေပးလိုင္းမွ တစ္ဆင့္ ရန္ကုန္ၿမိဳ႕သို႔ ငါးႏွစ္ၾကာ ျဖန္႔ျဖဴးႏိုင္ရန္ ရည္ရြယ္ထားေၾကာင္း Karadeniz Holding ကုမၸဏီက သတင္းထုတ္ျပန္သည္။

အဆိုပါသေဘၤာမွ ထုတ္လုပ္မည့္ လွ်ပ္စစ္ဓာတ္အားကို ဓာတ္ အားခအေနျဖင့္ ၁ မဂၢါဝပ္လွ်င္ အေမရိကန္ေဒၚလာ ၁၀၀ ေက်ာ္ ျဖင့္ ေကာက္ခံရန္ စီစဥ္ထား ေၾကာင္း သတင္းရရွိသည္။

Karadeniz Holding ကုမၸဏီသည္ ကမၻာ႔ထိပ္တန္းလွ်ပ္စစ္ ဓာတ္အားတင္ပို႔ေရာင္းခ်သည့္ ကုမၸဏီမ်ားထဲတြင္ တစ္ခုအပါအ ဝင္ျဖစ္သည္။

၂၇၀၀ မဂၢါဝပ္အထိ ထုတ္ လုပ္ႏုိင္သည့္ ဓာတ္အားေပး သေဘၤာ ၁၃ စီးကို လက္ရွိတြင္ ပိုင္ဆိုင္ထားၿပီး ထပ္မံ၍ ၄၅၀၀ မဂၢါဝပ္ထုတ္လုပ္ႏိုင္ေသာ ဓာတ္ အားေပးသေဘၤာမ်ားအထိထုတ္ လုပ္ႏိုင္ရန္ ရည္ရြယ္ထားေသာ ကုမၸဏီျဖစ္သည္။

ရန္ကုန္ၿမိဳ႕တြင္ ယခုႏွစ္ေႏြ ရာသီအတြက္ ဓာတ္အားလို အပ္ခ်က္ ျဖည့္ဆည္းေပးႏုိင္ရန္ အစီအမံသံုးခုရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပး ေရးေကာ္ပိုေရးရွင္းမွ သတင္းရရွိ သည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဌာနက လာမည့္ ႏွစ္ေႏြရာသီတြင္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ ျဖည့္ဆည္းေရးအတြက္ မဂၢါဝပ္ ၃၀၀ ထုတ္လုပ္ေရးစီမံကိန္းလုပ္ ကိုင္ခြင့္ကို Consortium of National Infrastructure Holding ကုမၸဏီအုပ္စုကိုလည္း ေအာက္ တိုဘာလလယ္က ေရြးခ်ယ္ထား ၿပီးျဖစ္သည္။

ႏိုဝင္ဘာ ပထမပတ္က မဂၢါဝပ္ ၃၀၀ ေက်ာ္ျဖန္႔ျဖဴးမည့္ ယခု တူရကီဓာတ္အားေပး သေဘၤာအပါအဝင္ လွ်ပ္စစ္ဓာတ္ အားျဖန္႔ျဖဴးေပးမည့္ျပည္ပကုမၸ ဏီသံုးခုကိုလည္း တင္ဒါေခၚယူ ေရြးခ်ယ္ထားသည္။

ကုမၸဏီမ်ား ေရြးခ်ယ္ထားၿပီျဖစ္ေသာ္လည္း ေနာက္ဆံုးအဆင့္ စာခ်ဳပ္မ်ား မခ်ဳပ္ဆိုရေသး ေသာေၾကာင့္ ထပ္တိုးလာသည့္ မဂၢါဝပ္အေရအတြက္ကို အတိ အက်ေျပာၾကား၍ မရေသးေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းမွ အင္ဂ်င္နီယာခ်ဳပ္က ဆိုသည္။

ယခုႏွစ္ ပြင့္လင္းရာသီအ တြက္ ရန္ကုန္တြင္ ေရႊလီ(၁) ဓာတ္အားေပးစက္႐ံုမွ ၁၀၀ မဂၢါ ဝပ္ထပ္မံရရွိေနၿပီျဖစ္ၿပီး သဘာဝ ဓာတ္ေငြ႕သံုးစက္႐ံုမ်ားျဖစ္သည့္ ေက်ာက္ျဖဴ၊ ျမင္းၿခံ၊ သီလဝါတို႔မွ ထြက္လာမည့္ ၁၀၀ မဂၢါဝပ္ထပ္မံ တိုးခ်ဲ႕ထုတ္လုပ္မႈမွ ရယူမည့္ အစီအမံမ်ားရွိေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာနလက္ ေထာက္အတြင္းဝန္ ဦးစန္းယုက ႏိုဝင္ဘာပထမပတ္၌ ေနျပည္ ေတာ္တြင္ ျပဳလုပ္သည့္သတင္းစာ ရွင္းလင္းပြဲ၌ ေျပာၾကားထား သည္။

ရန္ကုန္ၿမိဳ႕သည္ ၿပီးခဲ့သည့္ေႏြကာလက တစ္ရက္လွ်င္ လွ်ပ္ စစ္ဓာတ္အားသံုးစြဲမႈ စံခ်ိန္တင္ျမင့္တက္လာၿပီး တစ္ရက္လွ်င္ မဂၢါ၀ပ္ ၁၂၅၀ ေက်ာ္အထိ သံုးစြဲလ်က္ရွိကာ လာမည့္ေႏြတြင္လည္း အဆိုပါ ပမာဏထက္ေက်ာ္လြန္ ႏုိင္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ကို ငါးနှစ်ကြာ ဖြန့်ဖြူးပေးမည့် တူရ ကီနိုင်ငံမှ လျှပ်စစ်ဓာတ်အားပေး သင်္ဘောသည် ၂၀၁၇ ဧပြီလ အတွင်း ရောက်ရှိမည်ဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ထားရှိလည် ပတ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ရန်ကုန်အတွက် နွေရာသီ တွင် လိုအပ်မည့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရန် တူရကီနိုင်ငံမှ Karadeniz Holding ကုမ္ပဏီပိုင် ဓာတ်အားပေးသင်္ဘော Onur Sultan သည် မြန်မာအစိုးရနှင့် သဘောတူညီမှုအချို့ ရယူထား ပြီးဖြစ်၍ ဧပြီလအတွင်း အဆိုပါ သင်္ဘောရောက်ရှိလာမည်ဖြစ် သည်။

အဆိုပါသင်္ဘောမှတစ်ဆင့် ရန်ကုန်အတွက် ဓာတ်အားဖြန့် ဖြူးရန် နေပြည်တော်တွင် အကြိုသဘောတူညီမှုရရှိထား သော် လည်း နှစ်ဖက်သဘောတူစာချုပ် ကို ဒီဇင်ဘာအတွင်း ချုပ်ဆိုသွား နိုင်ရန် မြန်မာဘက်က ခန့်မှန်း ထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းမှ အင်ဂျင်နီယာချုပ်က 7Day Daily သတင်းစာအား ပြောသည်။

ရန်ကုန်မြို့အတွက် လျှပ်စစ် ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ထုတ်လုပ် ဖြန့်ဖြူးမည့် အဆိုပါသင်္ဘောကို နို ဝင်ဘာ ၁၃ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ တူလောဆီ ဒတ်ဖ်သင်္ဘောကျင်းတွင် တရား ဝင်မိတ်ဆက်အခမ်းအနားပြုလုပ် ခဲ့ပြီး သမ္မတ အာဒိုဂန်ကိုယ်တိုင် တက်ရောက်၍ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။

လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ထုတ်လုပ်ရန် ယခင်အစိုးရ လက်ထက် ပြည်ပကုမ္ပဏီများ အား တင်ဒါခေါ်ယူခဲ့ရာ အဆိုပါ တူရကီဓာတ်အားပေး သင်္ဘော များထုတ်လုပ်သည့် ကုမ္ပဏီက ဒုတိယမြောက် တင်ဒါအောင်မြင် သည့်ကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ ရသည်။

ဧပြီတွင် ရောက်ရှိမည့် တူရ ကီဓာတ်အားပေးသင်္ဘောကိုသန် လျင်မြို့နယ် သီလဝါဆိပ်ကမ်း တွင် အခြေစိုက်ပြီး ရန်ကုန်မြစ်အ တွင်း ထားရှိမည်ဖြစ်ကာ သာကေ တဓာတ်အားပေးလိုင်းမှ တစ်ဆင့် ရန်ကုန်မြို့သို့ ငါးနှစ်ကြာ ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ထားကြောင်း Karadeniz Holding ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

အဆိုပါသင်္ဘောမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို ဓာတ် အားခအနေဖြင့် ၁ မဂ္ဂါဝပ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ဖြင့် ကောက်ခံရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။

Karadeniz Holding ကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်းလျှပ်စစ် ဓာတ်အားတင်ပို့ရောင်းချသည့် ကုမ္ပဏီများထဲတွင် တစ်ခုအပါအ ဝင်ဖြစ်သည်။

၂၇၀၀ မဂ္ဂါဝပ်အထိ ထုတ် လုပ်နိုင်သည့် ဓာတ်အားပေး သင်္ဘော ၁၃ စီးကို လက်ရှိတွင် ပိုင်ဆိုင်ထားပြီး ထပ်မံ၍ ၄၅၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော ဓာတ် အားပေးသင်္ဘောများအထိထုတ် လုပ်နိုင်ရန် ရည်ရွယ်ထားသော ကုမ္ပဏီဖြစ်သည်။

ရန်ကုန်မြို့တွင် ယခုနှစ်နွေ ရာသီအတွက် ဓာတ်အားလို အပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် အစီအမံသုံးခုရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ သတင်းရရှိ သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက လာမည့် နှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းရေးအတွက် မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်ရေးစီမံကိန်းလုပ် ကိုင်ခွင့်ကို Consortium of National Infrastructure Holding ကုမ္ပဏီအုပ်စုကိုလည်း အောက် တိုဘာလလယ်က ရွေးချယ်ထား ပြီးဖြစ်သည်။

နိုဝင်ဘာ ပထမပတ်က မဂ္ဂါဝပ် ၃၀၀ ကျော်ဖြန့်ဖြူးမည့် ယခု တူရကီဓာတ်အားပေး သင်္ဘောအပါအဝင် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးမည့်ပြည်ပကုမ္ပ ဏီသုံးခုကိုလည်း တင်ဒါခေါ်ယူ ရွေးချယ်ထားသည်။

ကုမ္ပဏီများ ရွေးချယ်ထားပြီဖြစ်သော်လည်း နောက်ဆုံးအဆင့် စာချုပ်များ မချုပ်ဆိုရသေး သောကြောင့် ထပ်တိုးလာသည့် မဂ္ဂါဝပ်အရေအတွက်ကို အတိ အကျပြောကြား၍ မရသေးကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အင်ဂျင်နီယာချုပ်က ဆိုသည်။

ယခုနှစ် ပွင့်လင်းရာသီအ တွက် ရန်ကုန်တွင် ရွှေလီ(၁) ဓာတ်အားပေးစက်ရုံမှ ၁၀၀ မဂ္ဂါ ဝပ်ထပ်မံရရှိနေပြီဖြစ်ပြီး သဘာဝ ဓာတ်ငွေ့သုံးစက်ရုံများဖြစ်သည့် ကျောက်ဖြူ၊ မြင်းခြံ၊ သီလဝါတို့မှ ထွက်လာမည့် ၁၀၀ မဂ္ဂါဝပ်ထပ်မံ တိုးချဲ့ထုတ်လုပ်မှုမှ ရယူမည့် အစီအမံများရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနလက် ထောက်အတွင်းဝန် ဦးစန်းယုက နိုဝင်ဘာပထမပတ်၌ နေပြည် တော်တွင် ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားထား သည်။

ရန်ကုန်မြို့သည် ပြီးခဲ့သည့်နွေကာလက တစ်ရက်လျှင် လျှပ် စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်တက်လာပြီး တစ်ရက်လျှင် မဂ္ဂါဝပ် ၁၂၅၀ ကျော်အထိ သုံးစွဲလျက်ရှိကာ လာမည့်နွေတွင်လည်း အဆိုပါ ပမာဏထက်ကျော်လွန် နိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top