Kantharyar Centre
×

ရန္ကုန္ၿမိဳ႕ထဲက ကားလမ္းမေဘးေတြမွာ ကားရပ္နားမယ့္ေနရာေတြမွာ ေဈးေရာင္းခ်တာေတြလုပ္ရင္ အေရးယူႏိုင္ဖုိ႔ တရားစြဲဆိုသြားမယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

ကားလမ္းေဘးေတြမွာ ေဈးေရာင္းခ်တာေတြေၾကာင့္ ကားရပ္နားဖုိ႔ေနရာရွားပါးလာၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ပိုမ်ားလာလို႔ အခုလိုေဆာင္ရြက္ဖုိ႔ စီစဥ္ေနတာလို႔ သိရၿပီး ပ်ံက်ေဈးသည္တိုင္းကုိ အေရးယူေနတာမဟုတ္ဘဲ စည္းကမ္းမဲ့ေရာင္းသူေတြကိုပဲ အေရးယူသြားမယ္လို႔ သိရပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ပ်ံက်ေဈးသည္ေတြကုိ နီးစပ္ရာေဈးေတြမွာ ေနရာခ်ေပးေနၿပီး ဒီႏွစ္မွာ ေဈးသည္ ႏွစ္ေထာင္ေက်ာ္ကုိ နီးစပ္ရာေဈးေတြမွာ ေနရာခ်ထားေပးဖုိ႔ စီစဥ္ေနတယ္လို႔ ၿမိဳ႕ေတာ္စည္ပင္တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

၂၀၁၆ ခုႏွစ္အတြင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က စည္းကမ္းမဲ့ ပ်ံက်ေဈးသည္ ၁၂၀၀ ေက်ာ္ကုိ အေရးယူႏိုင္ဖို႔ တရားစြဲဆိုထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ရန်ကုန်မြို့ထဲက ကားလမ်းမဘေးတွေမှာ ကားရပ်နားမယ့်နေရာတွေမှာ ဈေးရောင်းချတာတွေလုပ်ရင် အရေးယူနိုင်ဖို့ တရားစွဲဆိုသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကားလမ်းဘေးတွေမှာ ဈေးရောင်းချတာတွေကြောင့် ကားရပ်နားဖို့နေရာရှားပါးလာပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုများလာလို့ အခုလိုဆောင်ရွက်ဖို့ စီစဉ်နေတာလို့ သိရပြီး ပျံကျဈေးသည်တိုင်းကို အရေးယူနေတာမဟုတ်ဘဲ စည်းကမ်းမဲ့ရောင်းသူတွေကိုပဲ အရေးယူသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပျံကျဈေးသည်တွေကို နီးစပ်ရာဈေးတွေမှာ နေရာချပေးနေပြီး ဒီနှစ်မှာ ဈေးသည် နှစ်ထောင်ကျော်ကို နီးစပ်ရာဈေးတွေမှာ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ မြို့တော်စည်ပင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့တော်စည်ပင်က စည်းကမ်းမဲ့ ပျံကျဈေးသည် ၁၂၀၀ ကျော်ကို အရေးယူနိုင်ဖို့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top