Property Expo
×

အိပ္ေရးမ၀တဲ့အခါ မနက္အိပ္ရာထခ်ိန္မွာ စိတ္မၾကည္မလင္ျဖစ္ၿပီး ထိုင္းထိုင္းမႈိင္းမႈိင္းႀကီးျဖစ္ေန တတ္ပါတယ္။ ဒီလုိအေျခအေနမ်ဳိးမွာ ေလးလံၿပီးညစ္ျငဴးေနတဲ့စိတ္ကို လန္းဆန္းလာေစဖို႔အတြက္ ေကာ္ဖီ တစ္ခြက္ေလာက္ေသာက္လုိက္မွျဖစ္မယ္၊ ေကာ္ဖီမေသာက္ရင္ တစ္ေန႔လံုးတက္ၾကြမႈရွိမွာမဟုတ္ဘူးဆိုကာ စိတ္ႏိုးၾကားလာေအာင္ ေကာ္ဖီေသာက္ေလ့ရွိတတ္ၾကပါတယ္။ စိတ္လန္းဆန္းလာေအာင္လုပ္ေပးႏိုင္တဲ့ အလြယ္ကူဆံုးနဲ႔ အေကာင္းဆံုးနည္းက ေကာ္ဖီေသာက္႐ံုအျပင္ တျခားနည္းမရွိဘူးလုိ႔ မယူဆထားသင့္ပါဘူး။ ေကာ္ဖီမေသာက္လည္း စိတ္တက္ႂကြမႈကိုေပးႏိုင္တဲ့ နည္းလမ္းေလးေတြ ရွိေနပါေသးတယ္။ ဘယ္လိုနည္းေလးေတြက ေကာ္ဖီေသာက္စရာ မလိုေတာ့ေလာက္ေအာင္ ႏိုးၾကားမႈေပးစြမ္းႏိုင္လဲဆိုတာကို ေလ့လာလိုက္ၾကရေအာင္။



1. အလင္းေရာင္နဲ႔ထိေတြ႔ပါ။

       အလင္းေရာင္က အိပ္စက္ျခင္းကိုအားေပးတဲ့ မယ္လတိုနင္ေဟာ္မုန္းကို ျပက္ပ်ယ္ေစပါတယ္။ ဒါေၾကာင့္ မနက္အိပ္ရာထခ်ိန္မွာ ျပတင္းေပါက္ဖြင့္၊ ခန္းဆီးလိုက္ကာကေန အခန္းထဲသို႔ အလင္းေရာင္၀င္ခြင့္ေပးလိုက္ပါ။ ဒီလိုဆို အိပ္ခ်င္ေနဆဲစိတ္ကိုျဖစ္ေစတဲ့ မယ္လတိုနင္ေဟာ္မုန္းေတြ က်ဆင္းသြားၿပီး စိတ္ကို လန္းဆန္းသြားေစႏိုင္ပါတယ္။



2. ေရေအးေအးေလးနဲ႔ေရခ်ဳိးခ်လိုက္ပါ။

       ေရေအးနဲ႔႐ုတ္တရက္ပက္ဖ်န္းလိုက္ျခင္း၊ ေရေအးနဲ႔ေရခ်ဳိးလိုက္ျခင္းေၾကာင့္ ဦးေႏွာက္ရွိႏႈိးၾကားမႈကိုျဖစ္ေစ တဲ့အပိုင္းကို လႈံ႕ေဆာ္မႈျဖစ္ေစကာ ႏြမ္းနယ္သလိုခံစားေနရျခင္းကို ေျပေပ်ာက္ေစပါတယ္။



3. ေရေသာက္ပါ။

         ညဘက္အိပ္စက္ခ်ိန္မွာ အေပ့ါထသြားျခင္း၊ ခႏၶာကိုယ္မွေခၽြးထြက္ျခင္း စတဲ့အေၾကာင္းအရာေတြက ခႏၶာကိုယ္မွ ေရဓာတ္ေတြကို ဆံုးရႈံးသြားေစႏိုင္ပါတယ္။ ေရဓာတ္ခမ္းျခင္းေၾကာင့္ ႏိုးၾကားစိတ္ကို မျဖစ္ေစတဲ့အျပင္ အာရုံစူးစိုက္မႈကိုလည္း ေလ်ာ့နည္းေစကာ တခ်ိန္လံုးႏြမ္းလ်ေနေစပါတယ္။ ဒါေၾကာင့္ မနက္အိပ္ရာထခ်ိန္မွာ ေရေသာက္ေပးဖို႔ လိုကိုလိုအပ္ပါတယ္။



4. မနက္စာကိုအာဟာရျပည့္ျပည့္၀၀စားသံုးပါ။

        တေန႔တာလံုး လန္းဆန္းတက္ႂကြေနဖို႔က ကိုယ္စားတဲ့မနက္စာေပၚမွာလည္း မူတည္ေနပါတယ္။ အခ်ဳိဓာတ္မ်ားလြန္းတဲ့ အစားအစာ၊ အဆီျပည့္၀ေနတဲ့အစားအစာေတြကို စားမယ္ဆိုရင္ေတာ့ အီစိမ့္စိမ့္ျပည့္ အင့္အင့္ႀကီးခံစားရၿပီး အဆီရစ္ေနကာ လူကိုပိုၿပီးေတာင္ ထိုင္းမႈိင္းေစပါတယ္။ ဒါေၾကာင့္ အမွ်င္ဓာတ္ လည္း ႂကြယ္၀၊ ေကာက္ႏွံတစ္ခုလံုးပါ၀င္စာလည္းျဖစ္တဲ့ ေပါင္မုန္႔အညိဳ၊ ေကြကာအုပ္၊ ဂ်ဳံေခါက္ဆြဲ စတာေတြနဲ႔ မနက္စာအာဟာရအျဖစ္ ဗိုက္ျပည့္ေစမယ္ဆိုပါက တက္ႂကြလန္းဆန္းေနေစႏိုင္ရုံသာမက ထိုးထြင္းသိျမင္မႈ ဆိုင္ရာ စြမ္းရည္လည္း တိုးေစႏိုင္ပါတယ္။



5. လိေမၼာ္သီးေဖ်ာ္ရည္ေသာက္ပါ။

        လိေမၼာ္သီးကဲ့သို႔ အခ်ဥ္ဓာတ္ပါ၀င္တဲ့အသီးေတြဟာ စိတ္လန္းဆန္းတက္ႂကြမႈကိုေပးႏိုင္ၿပီး အိုမင္းျခင္း ကိုေႏွးေကြးေစႏိုင္ကာ အယ္လ္ဇိုင္းမားေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ထုိးထြင္းသိျမင္မႈ စြမ္းရည္ကိုလည္း ပိုေကာင္းေစႏိုင္တာေၾကာင့္ မနက္တိုင္း လိေမၼာ္သီးေဖ်ာ္ရည္ကို ေသာက္ေပးသင့္ပါတယ္။



6. ေလ့က်င့္ခန္းလုပ္ပါ။

        မနက္ေစာေစာေလ့က်င့္ခန္းလုပ္ျခင္းေၾကာင့္ ဦးေႏွာက္ဆီသို႔ ေအာက္ဆီဂ်င္ပိုမိုေရာက္ေစၿပီး ေသြး လည္ပတ္မႈေကာင္းေစတဲ့အတြက္ သာမန္ထက္စိတ္ခံစားခ်က္ကို ပိုေကာင္းေစကာ တစ္ေန႔တာလံုးလည္း တက္ႂကြလန္းဆန္းေနေစပါတယ္။ ေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ သင္ယူမႈနဲ႔မွတ္ဥာဏ္ပိုင္းအတြက္ တည္ရွိေနတဲ့ ဦးေႏွာက္အပိုင္းျဖစ္တဲ့ hippocampus ကို လႈ႔ံေဆာ္မႈျဖစ္ေစတာေၾကာင့္ ေလ့က်င့္ခန္းလုပ္သူေတြမွာ သင္ယူေလ့လာႏိုင္စြမ္းရည္ ပိုေကာင္းတတ္ေလ့ရွိၾကပါတယ္။



7. သီခ်င္းနားေထာင္ပါ။

        မနက္ပိုင္းေစာေစာစီစီး သီခ်င္းနားေထာင္ေပးျခင္းဟာ ကိုယ္႔ရဲ႕လုပ္ေဆာင္မႈကို ကိုယ္တိုင္ေက်နပ္မႈျဖစ္ေစၿပီး ခႏၶာကိုယ္ရဲ႕လႈပ္ရွားမႈနဲ႔ စိတ္အေျခအေနတုံ႔ျပန္မႈေတြကို ထိန္းညႇိေပးတဲ့စနစ္ (Dopamine System) လုပ္ေဆာင္မႈကို အားေကာင္းေစတာေၾကာင့္ အျပဳအမူပိုင္းေရာ စိတ္ခံစားမႈ အပိုင္းမွာပါ သူမတူထူးျခားတက္ႂကြလန္းဆန္းမႈကို ခံစားရေစမွာပါ။ ဒါေၾကာင့္ မနက္ခင္းမွာ စိတ္လက္မၾကည္ မသာျဖစ္ေနတယ္လို႔ ခံစားရပါက ျမဴးႂကြတဲ့သီးခ်င္းေလးတစ္ပုဒ္ေလာက္ နားေထာင္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar

Unicode Version

အိပ်ရေးမဝတဲ့အခါ မနက်အိပ်ရာထချိန်မှာ စိတ်မကြည်မလင်ဖြစ်ပြီး ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေ တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လေးလံပြီးညစ်ငြူးနေတဲ့စိတ်ကို လန်းဆန်းလာစေဖို့အတွက် ကော်ဖီ တစ်ခွက်လောက်သောက်လိုက်မှဖြစ်မယ်၊ ကော်ဖီမသောက်ရင် တစ်နေ့လုံးတက်ကြွမှုရှိမှာမဟုတ်ဘူးဆိုကာ စိတ်နိုးကြားလာအောင် ကော်ဖီသောက်လေ့ရှိတတ်ကြပါတယ်။ စိတ်လန်းဆန်းလာအောင်လုပ်ပေးနိုင်တဲ့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံးနည်းက ကော်ဖီသောက်ရုံအပြင် တခြားနည်းမရှိဘူးလို့ မယူဆထားသင့်ပါဘူး။ ကော်ဖီမသောက်လည်း စိတ်တက်ကြွမှုကိုပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။ ဘယ်လိုနည်းလေးတွေက ကော်ဖီသောက်စရာ မလိုတော့လောက်အောင် နိုးကြားမှုပေးစွမ်းနိုင်လဲဆိုတာကို လေ့လာလိုက်ကြရအောင်။



1. အလင်းရောင်နဲ့ထိတွေ့ပါ။

       အလင်းရောင်က အိပ်စက်ခြင်းကိုအားပေးတဲ့ မယ်လတိုနင်ဟော်မုန်းကို ပြက်ပျယ်စေပါတယ်။ ဒါကြောင့် မနက်အိပ်ရာထချိန်မှာ ပြတင်းပေါက်ဖွင့်၊ ခန်းဆီးလိုက်ကာကနေ အခန်းထဲသို့ အလင်းရောင်ဝင်ခွင့်ပေးလိုက်ပါ။ ဒီလိုဆို အိပ်ချင်နေဆဲစိတ်ကိုဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းတွေ ကျဆင်းသွားပြီး စိတ်ကို လန်းဆန်းသွားစေနိုင်ပါတယ်။



2. ရေအေးအေးလေးနဲ့ရေချိုးချလိုက်ပါ။

       ရေအေးနဲ့ရုတ်တရက်ပက်ဖျန်းလိုက်ခြင်း၊ ရေအေးနဲ့ရေချိုးလိုက်ခြင်းကြောင့် ဦးနှောက်ရှိနှိုးကြားမှုကိုဖြစ်စေ တဲ့အပိုင်းကို လှုံ့ဆော်မှုဖြစ်စေကာ နွမ်းနယ်သလိုခံစားနေရခြင်းကို ပြေပျောက်စေပါတယ်။



3. ရေသောက်ပါ။

         ညဘက်အိပ်စက်ချိန်မှာ အပေ့ါထသွားခြင်း၊ ခန္ဓာကိုယ်မှချွေးထွက်ခြင်း စတဲ့အကြောင်းအရာတွေက ခန္ဓာကိုယ်မှ ရေဓာတ်တွေကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ရေဓာတ်ခမ်းခြင်းကြောင့် နိုးကြားစိတ်ကို မဖြစ်စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း လျော့နည်းစေကာ တချိန်လုံးနွမ်းလျနေစေပါတယ်။ ဒါကြောင့် မနက်အိပ်ရာထချိန်မှာ ရေသောက်ပေးဖို့ လိုကိုလိုအပ်ပါတယ်။



4. မနက်စာကိုအာဟာရပြည့်ပြည့်၀၀စားသုံးပါ။

        တနေ့တာလုံး လန်းဆန်းတက်ကြွနေဖို့က ကိုယ်စားတဲ့မနက်စာပေါ်မှာလည်း မူတည်နေပါတယ်။ အချိုဓာတ်များလွန်းတဲ့ အစားအစာ၊ အဆီပြည့်ဝနေတဲ့အစားအစာတွေကို စားမယ်ဆိုရင်တော့ အီစိမ့်စိမ့်ပြည့် အင့်အင့်ကြီးခံစားရပြီး အဆီရစ်နေကာ လူကိုပိုပြီးတောင် ထိုင်းမှိုင်းစေပါတယ်။ ဒါကြောင့် အမျှင်ဓာတ် လည်း ကြွယ်ဝ၊ ကောက်နှံတစ်ခုလုံးပါဝင်စာလည်းဖြစ်တဲ့ ပေါင်မုန့်အညို၊ ကွေကာအုပ်၊ ဂျုံခေါက်ဆွဲ စတာတွေနဲ့ မနက်စာအာဟာရအဖြစ် ဗိုက်ပြည့်စေမယ်ဆိုပါက တက်ကြွလန်းဆန်းနေစေနိုင်ရုံသာမက ထိုးထွင်းသိမြင်မှု ဆိုင်ရာ စွမ်းရည်လည်း တိုးစေနိုင်ပါတယ်။



5. လိမ္မော်သီးဖျော်ရည်သောက်ပါ။

        လိမ္မော်သီးကဲ့သို့ အချဉ်ဓာတ်ပါဝင်တဲ့အသီးတွေဟာ စိတ်လန်းဆန်းတက်ကြွမှုကိုပေးနိုင်ပြီး အိုမင်းခြင်း ကိုနှေးကွေးစေနိုင်ကာ အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ထိုးထွင်းသိမြင်မှု စွမ်းရည်ကိုလည်း ပိုကောင်းစေနိုင်တာကြောင့် မနက်တိုင်း လိမ္မော်သီးဖျော်ရည်ကို သောက်ပေးသင့်ပါတယ်။



6. လေ့ကျင့်ခန်းလုပ်ပါ။

        မနက်စောစောလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်ဆီသို့ အောက်ဆီဂျင်ပိုမိုရောက်စေပြီး သွေး လည်ပတ်မှုကောင်းစေတဲ့အတွက် သာမန်ထက်စိတ်ခံစားချက်ကို ပိုကောင်းစေကာ တစ်နေ့တာလုံးလည်း တက်ကြွလန်းဆန်းနေစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ သင်ယူမှုနဲ့မှတ်ဉာဏ်ပိုင်းအတွက် တည်ရှိနေတဲ့ ဦးနှောက်အပိုင်းဖြစ်တဲ့ hippocampus ကို လှုံ့ဆော်မှုဖြစ်စေတာကြောင့် လေ့ကျင့်ခန်းလုပ်သူတွေမှာ သင်ယူလေ့လာနိုင်စွမ်းရည် ပိုကောင်းတတ်လေ့ရှိကြပါတယ်။



7. သီချင်းနားထောင်ပါ။

        မနက်ပိုင်းစောစောစီစီး သီချင်းနားထောင်ပေးခြင်းဟာ ကိုယ့်ရဲ့လုပ်ဆောင်မှုကို ကိုယ်တိုင်ကျေနပ်မှုဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုနဲ့ စိတ်အခြေအနေတုံ့ပြန်မှုတွေကို ထိန်းညှိပေးတဲ့စနစ် (Dopamine System) လုပ်ဆောင်မှုကို အားကောင်းစေတာကြောင့် အပြုအမူပိုင်းရော စိတ်ခံစားမှု အပိုင်းမှာပါ သူမတူထူးခြားတက်ကြွလန်းဆန်းမှုကို ခံစားရစေမှာပါ။ ဒါကြောင့် မနက်ခင်းမှာ စိတ်လက်မကြည် မသာဖြစ်နေတယ်လို့ ခံစားရပါက မြူးကြွတဲ့သီးချင်းလေးတစ်ပုဒ်လောက် နားထောင်လိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top