Kantharyar Centre
×

ကိုယ့္ခ်စ္သူနဲ႔ ပထမဆံုး ဆုိင္တစ္ဆုိင္မွာ ႏွစ္ေယာက္ခ်ိန္းေတြ႕တုန္းက သူဘာမွာစားခဲ့သလဲဆိုတာ မွတ္မိေသးရဲ႕လား။ အဲ့ဒီလိုမွမဟုတ္ပဲ ခုမွ စတြဲၾကည့္မယ့္ ေကာင္ေလးနဲ႔ စားေသာက္ဆုိင္မွာ ခ်ိန္းဆိုထားတယ္ဆုိရင္လည္း သူဘာမွာစားမလဲဆိုတာကို ၾကည့္ၿပီး သူဘယ္လိုလူမ်ိဳးလဲဆုိတာ ကိုယ္အေနနဲ႔ သံုးသပ္ၾကည့္ႏိုင္တယ္ေနာ္။

၁။အသားျပား

ႏွစ္ေယာက္သားဆံုၾကတဲ့ေနရာက ဥေရာပဆိုင္ ခပ္သန္႔သန္႔ေလးလား။ ဘယ္လိုဆုိင္မ်ိဳးမွာပဲျဖစ္ျဖစ္ သူက ခရင္းနဲ႔ဓားနဲ႔ အက်အန ကိုင္စားရတဲ့ အသားျပားကိုမွာလုိက္ၿပီဆုိရင္ ဒါဟာ သူ႕ကို တစ္ဖက္လူ အထင္ႀကီးေစခ်င္တဲ့ စိတ္ဓာတ္ရွိတဲ့လူလုိ႔ သတ္မွတ္လုိ႔ရပါတယ္။ သူဟာ ေဘးပတ္၀န္းက်င္ကလူေတြေရာ၊ ကိုယ့္ခ်စ္သူကပါ ကိုယ့္ကိ ုအၿမဲအထင္ႀကီးေလးစားေနေအာင္ ေနထုိင္ဖုိ႔ ႀကိဳးစားတတ္တဲ့ လူမ်ိဳးေပါ့။

၂။စြပ္ျပဳတ္

သူက အသက္ ၆၅ႏွစ္ေလာက္ရွိေနတဲ့သူမ်ားလား။ ပထမဆံုး ဒိတ္လုပ္တဲ့ေန႔မွာ စြတ္ျပဳတ္မွာေသာက္တဲ့သူကေတာ့ ရွားမွရွားေနာ္။ ေရွးရိုးစြဲအျမင္နည္းနည္းရွိတဲ့ လူမ်ိဳးေပါ့။

၃။အသားကင္၊ ဘဲကင္၊ ၾကက္ကင္

ဒီလိုလူမ်ိဳးကေတာ့ တစ္ဖက္လူက ဘာထင္ထင္ ဂရုမစိုက္တတ္တဲ့ လူမ်ိဳးပဲ။ သူစားခ်င္ရာမွာစားမယ္။ လက္ေတြေပရင္ေပ၊ ပါးစပ္ေတြ အဆီေပရင္ေပ ဘာမွဂရုစိုက္စရာ မလုိဘူးဆုိတဲ့သူမ်ိဳးေပါ့။ နည္းနည္းလည္း အူေၾကာင္ေၾကာင္ႏိုင္မယ့္ လူမ်ိဳးေတြပါ။

၄။ၾကက္သြန္ျဖဴေတြ၊ ၾကက္သြန္နီေတြ အမ်ားႀကီးပါတဲ့ အစားအစာ

သူက ဘာမွမလုပ္ခင္ လက္ေလွ်ာ့တတ္တဲ့ လူမ်ိဳးပါ။ မႀကိဳးစားခင္ကတည္းက အရံႈးေပးထားတယ္ဆိုတာမ်ိဳးေပါ့။ ခုလည္း ပထမဆံုးဒိတ္မွာ ကိုယ့္ခ်စ္သူကုိ ျပန္ပို႔တ့ဲအခ်ိန္ အနမ္းေလးတစ္ပြင့္ေျခြရေအာင္ နည္းနည္းႀကိဳးစားၾကည့္လိုက္မယ္ဆုိၿပီး စိတ္မရွိတဲ့လူမ်ိဳးပါပဲ။

၅။ဘာဂါ

သူဟာ သာမာန္လူပါပဲ။ နာမည္ကိုကတည္းက သိပ္ဆန္းဆန္းျပားျပား ရွိမယ္မထင္ဘူး။ တီရွပ္၊ ဂ်င္းေဘာင္းဘီနဲ႔ ကားထဲမွာ ဖြင့္ထားတဲ့သီခ်င္းေတြ လိုက္ညည္းတတ္တဲ့သူေပါ့။ သူ႔ကို တစ္ခုခု ေမးလိုက္ရင္လည္း ပခံုေးလးတစ္ခ်က္တြန္႔ျပရံုကလြဲၿပီး ဘာမွပိုမေမွ်ာ္လင့္ပါနဲ႔။

၆။ပုစြန္ထုပ္ၾကီး

ပထမဆံုးဒိတ္မွာ ပုစြန္ထုပ္ၾကီးမွာစားလိုက္လို႔ သူ႕ကို အထင္ႀကီးလိုက္မိရင္ေတာ့မွားမယ္။ ဒီလိုလူမ်ိဳးေတြက တစ္ခါပါပဲ။ သူနဲ႔ေနာက္ပိုင္းတြဲျဖစ္တဲ့အခါ ပုစြန္ထုပ္ျမင္ရကိန္းမရွိေတာ့ပါဘူး။ ဒါ့အျပင္ ေဘလ္ေရာက္လာရင္ သင့္ကိုခြဲေတာင္ ရွင္းေစခ်င္ေသးတာ။

၇။မီႏူးထဲမွာ စားလံုးေပါင္းဖုိ႔ေတာင္ မလြယ္ကူတဲ့ ဟင္းမ်ိဳး

ဒီလို လူမ်ိဳးကေတာ့ သင္သူ႕ကို အထင္ႀကီးေစခ်င္လုိ႔လည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္ အဲ့ဒီ ခက္ရာခက္ဆစ္နာမည္နဲ႔ ဟင္းပြဲကို လက္ေထာက္ၿပီး စားလံုးေပါင္းေနရင္လည္း သူအဂၤလိပ္စာ ဘယ္ေလာက္ေတာ္ေၾကာင္း ျပခ်င္တာ ျဖစ္ေကာင္းျဖစ္မယ္။ နည္းနည္းေတာ့ ဆန္းတဲ့ လူမ်ိဳးေပါ့။

၈။ဘူေဖး

ဥာဏ္ႀကီးရွင္ေပါ့။ စားႀကိဳက္သေလာက္စားဆိုေပမယ့္ သူ႕အတြက္လည္း သူစဥ္းစားထားတတ္တဲ့သူ။ သူနဲ႔သာ အိမ္ေထာင္က်လုိ႔ကေတာ့ ေသခ်ာတယ္။ သင့္အိမ္မွာ ကူပြန္ေတြ တေလွႀကီးနဲ႔ ဟိုမွာစားလိုက္၊ ဒီမွာစားလိုက္ ဘ၀မ်ိဳး ပိုင္ဆုိင္မွာပဲ။

၉။ေရခဲမုန္႔

သူက ကေလးဆန္မယ့္ သေဘာရွိတယ္။ ခၽြဲႏြဲ႕ခ်င္မယ္။ ကိုယ့္ကိုမွီခိုခ်င္မယ္။ သူကခ်ည္း စိတ္ေကာက္တတ္တဲ့ သေဘာရွိမယ္။

၁၀။ပီဇာ

သူကေတာ့ နည္းနည္း ထိရွလြယ္တဲ့သူတစ္ေယာက္ျဖစ္လိမ့္မယ္။ ဒါ့အျပင္ သူ႕ကို ေပါ့ပ်က္ပ်က္ဆက္ဆံတာမ်ိဳး မခံႏိုင္တဲ့သူမ်ိဳးေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ကိုယ့်ချစ်သူနဲ့ ပထမဆုံး ဆိုင်တစ်ဆိုင်မှာ နှစ်ယောက်ချိန်းတွေ့တုန်းက သူဘာမှာစားခဲ့သလဲဆိုတာ မှတ်မိသေးရဲ့လား။ အဲ့ဒီလိုမှမဟုတ်ပဲ ခုမှ စတွဲကြည့်မယ့် ကောင်လေးနဲ့ စားသောက်ဆိုင်မှာ ချိန်းဆိုထားတယ်ဆိုရင်လည်း သူဘာမှာစားမလဲဆိုတာကို ကြည့်ပြီး သူဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်အနေနဲ့ သုံးသပ်ကြည့်နိုင်တယ်နော်။

၁။အသားပြား

နှစ်ယောက်သားဆုံကြတဲ့နေရာက ဥရောပဆိုင် ခပ်သန့်သန့်လေးလား။ ဘယ်လိုဆိုင်မျိုးမှာပဲဖြစ်ဖြစ် သူက ခရင်းနဲ့ဓားနဲ့ အကျအန ကိုင်စားရတဲ့ အသားပြားကိုမှာလိုက်ပြီဆိုရင် ဒါဟာ သူ့ကို တစ်ဖက်လူ အထင်ကြီးစေချင်တဲ့ စိတ်ဓာတ်ရှိတဲ့လူလို့ သတ်မှတ်လို့ရပါတယ်။ သူဟာ ဘေးပတ်ဝန်းကျင်ကလူတွေရော၊ ကိုယ့်ချစ်သူကပါ ကိုယ့်ကိ ုအမြဲအထင်ကြီးလေးစားနေအောင် နေထိုင်ဖို့ ကြိုးစားတတ်တဲ့ လူမျိုးပေါ့။

၂။စွပ်ပြုတ်

သူက အသက် ၆၅နှစ်လောက်ရှိနေတဲ့သူများလား။ ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာ စွတ်ပြုတ်မှာသောက်တဲ့သူကတော့ ရှားမှရှားနော်။ ရှေးရိုးစွဲအမြင်နည်းနည်းရှိတဲ့ လူမျိုးပေါ့။

၃။အသားကင်၊ ဘဲကင်၊ ကြက်ကင်

ဒီလိုလူမျိုးကတော့ တစ်ဖက်လူက ဘာထင်ထင် ဂရုမစိုက်တတ်တဲ့ လူမျိုးပဲ။ သူစားချင်ရာမှာစားမယ်။ လက်တွေပေရင်ပေ၊ ပါးစပ်တွေ အဆီပေရင်ပေ ဘာမှဂရုစိုက်စရာ မလိုဘူးဆိုတဲ့သူမျိုးပေါ့။ နည်းနည်းလည်း အူကြောင်ကြောင်နိုင်မယ့် လူမျိုးတွေပါ။

၄။ကြက်သွန်ဖြူတွေ၊ ကြက်သွန်နီတွေ အများကြီးပါတဲ့ အစားအစာ

သူက ဘာမှမလုပ်ခင် လက်လျှော့တတ်တဲ့ လူမျိုးပါ။ မကြိုးစားခင်ကတည်းက အရှုံးပေးထားတယ်ဆိုတာမျိုးပေါ့။ ခုလည်း ပထမဆုံးဒိတ်မှာ ကိုယ့်ချစ်သူကို ပြန်ပို့တဲ့အချိန် အနမ်းလေးတစ်ပွင့်ခြွေရအောင် နည်းနည်းကြိုးစားကြည့်လိုက်မယ်ဆိုပြီး စိတ်မရှိတဲ့လူမျိုးပါပဲ။

၅။ဘာဂါ

သူဟာ သာမာန်လူပါပဲ။ နာမည်ကိုကတည်းက သိပ်ဆန်းဆန်းပြားပြား ရှိမယ်မထင်ဘူး။ တီရှပ်၊ ဂျင်းဘောင်းဘီနဲ့ ကားထဲမှာ ဖွင့်ထားတဲ့သီချင်းတွေ လိုက်ညည်းတတ်တဲ့သူပေါ့။ သူ့ကို တစ်ခုခု မေးလိုက်ရင်လည်း ပခုံေးလးတစ်ချက်တွန့်ပြရုံကလွဲပြီး ဘာမှပိုမမျှော်လင့်ပါနဲ့။

၆။ပုစွန်ထုပ်ကြီး

ပထမဆုံးဒိတ်မှာ ပုစွန်ထုပ်ကြီးမှာစားလိုက်လို့ သူ့ကို အထင်ကြီးလိုက်မိရင်တော့မှားမယ်။ ဒီလိုလူမျိုးတွေက တစ်ခါပါပဲ။ သူနဲ့နောက်ပိုင်းတွဲဖြစ်တဲ့အခါ ပုစွန်ထုပ်မြင်ရကိန်းမရှိတော့ပါဘူး။ ဒါ့အပြင် ဘေလ်ရောက်လာရင် သင့်ကိုခွဲတောင် ရှင်းစေချင်သေးတာ။

၇။မီနူးထဲမှာ စားလုံးပေါင်းဖို့တောင် မလွယ်ကူတဲ့ ဟင်းမျိုး

ဒီလို လူမျိုးကတော့ သင်သူ့ကို အထင်ကြီးစေချင်လို့လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အဲ့ဒီ ခက်ရာခက်ဆစ်နာမည်နဲ့ ဟင်းပွဲကို လက်ထောက်ပြီး စားလုံးပေါင်းနေရင်လည်း သူအင်္ဂလိပ်စာ ဘယ်လောက်တော်ကြောင်း ပြချင်တာ ဖြစ်ကောင်းဖြစ်မယ်။ နည်းနည်းတော့ ဆန်းတဲ့ လူမျိုးပေါ့။

၈။ဘူဖေး

ဉာဏ်ကြီးရှင်ပေါ့။ စားကြိုက်သလောက်စားဆိုပေမယ့် သူ့အတွက်လည်း သူစဉ်းစားထားတတ်တဲ့သူ။ သူနဲ့သာ အိမ်ထောင်ကျလို့ကတော့ သေချာတယ်။ သင့်အိမ်မှာ ကူပွန်တွေ တလှေကြီးနဲ့ ဟိုမှာစားလိုက်၊ ဒီမှာစားလိုက် ဘဝမျိုး ပိုင်ဆိုင်မှာပဲ။

၉။ရေခဲမုန့်

သူက ကလေးဆန်မယ့် သဘောရှိတယ်။ ချွဲနွဲ့ချင်မယ်။ ကိုယ့်ကိုမှီခိုချင်မယ်။ သူကချည်း စိတ်ကောက်တတ်တဲ့ သဘောရှိမယ်။

၁၀။ပီဇာ

သူကတော့ နည်းနည်း ထိရှလွယ်တဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်။ ဒါ့အပြင် သူ့ကို ပေါ့ပျက်ပျက်ဆက်ဆံတာမျိုး မခံနိုင်တဲ့သူမျိုးပေါ့။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top