Kantharyar Centre
×

လိမ္ေနတာကို ေသခ်ာေပါက္အတည္ျပဳနိုင္မယ့္ နည္းလမ္းသုံးသြယ္ပါ။ လူတစ္ေယာက္ သင့္ကို လိမ္ေနတာလား၊ အမွန္ေျပာေနတာလား သိခ်င္ခ်င္ရင္ ဒီနည္းေတြနဲ႕ စမ္းသပ္နိုင္ပါတယ္။

၁။ ဟုတ္တယ္၊ မဟုတ္ဘူးဆိုတာထက္ ပိုေနတာ။


သင္ေမးတဲ့ေမးခြန္းရဲ႕ အေျဖက ဟုတ္တယ္၊ မဟုတ္ဘူးဆိုတာ ႏွစ္မ်ိဳးပဲ ရိုးရိုးေလးျပန္ေျဖစရာပါ။ ဒီႏွစ္မ်ိဳးကို ျပတ္ျပတ္သားသားမေျဖနိုင္ဘဲ ေကြ႕ပတ္ၿပီး ဟိုလိုလို ဒီလိိုလုိ အေၾကာင္းရင္းေတြ ေပးေနၿပီဆိုရင္ေတာ့ ဒီလူသင့္ကို လိမ္ေနတာ ေသခ်ာေနပါၿပီ။

၂။ အင္း..အဲ နဲ႕စၿပီးေျပာတာ

စဥ္းစားေနရသလိုလို၊ အင္း..တို႔ အဲ..တို႔ နဲ႕ အစျပဳၿပီး သင့္ကိုရွင္းျပေနရၿပီဆို အဲလူဟာ ေျပာရမယ့္ အေၾကာင္းျပခ်က္ကို ဖန္တီးၿပီးေျပာေနတာပါ။ တကယ္ အမွန္ေျပာေနတဲ့သူဟာ ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းအရင္းကို သင္သိေအာင္ ရွင္းရွင္းလင္းလင္း ျပတ္ျပတ္သားသား ေျပာနိုင္ပါတယ္။

၃။ ဘာေၾကာင့္နင္ေျပာတာ ယုံရမွာလဲ


ဒီေမးခြန္းကေတာ့ လိမ္လားမလိမ္လား ေဖာ္ထုတ္တဲ့ေနရာမွာ အေတာ္အသုံးဝင္တယ္လို႔ ဆိုၾကပါတယ္။ သင္သံသယဝင္ေနတဲ့သူရဲ႕မ်က္လုံးကို စိုက္ၾကည့္ၿပီး " ဘာေၾကာင့္ ေျပာတာကို ယုံရမွာလဲ " ဆိုတဲ့ ေမးခြန္းပဲေမးလိုက္ပါ။ သူတို႔ဆီက ႐ုတ္တရက္ ပုံမွန္ထြက္လာေနၾက အေျဖေတြကေတာ့ " ငါအမွန္ေျပာေနတာမို႔လို႔ေပါ့။ " ၊ " ငါက ရိုးရိုးသားသားမို႔လို႔ေပါ့ဟ " တို႔ ျဖစ္ေနတတ္ပါတယ္။ ဒါဆိုရင္ေတာ့ သူလိမ္မလိမ္ သင္သိေနေလာက္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
လိမ်နေတာကို သေချာပေါက်အတည်ပြုနိုင်မယ့် နည်းလမ်းသုံးသွယ်ပါ။ လူတစ်ယောက် သင့်ကို လိမ်နေတာလား၊ အမှန်ပြောနေတာလား သိချင်ချင်ရင် ဒီနည်းတွေနဲ့ စမ်းသပ်နိုင်ပါတယ်။

၁။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာထက် ပိုနေတာ။

သင်မေးတဲ့မေးခွန်းရဲ့ အဖြေက ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ နှစ်မျိုးပဲ ရိုးရိုးလေးပြန်ဖြေစရာပါ။ ဒီနှစ်မျိုးကို ပြတ်ပြတ်သားသားမဖြေနိုင်ဘဲ ကွေ့ပတ်ပြီး ဟိုလိုလို ဒီလိုလု အကြောင်းရင်းတွေ ပေးနေပြီဆိုရင်တော့ ဒီလူသင့်ကို လိမ်နေတာ သေချာနေပါပြီ။

၂။ အင်း..အဲ နဲ့စပြီးပြောတာ

စဉ်းစားနေရသလိုလို၊ အင်း..တို့ အဲ..တို့ နဲ့ အစပြုပြီး သင့်ကိုရှင်းပြနေရပြီဆို အဲလူဟာ ပြောရမယ့် အကြောင်းပြချက်ကို ဖန်တီးပြီးပြောနေတာပါ။ တကယ် အမှန်ပြောနေတဲ့သူဟာ ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းကို သင်သိအောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောနိုင်ပါတယ်။

၃။ ဘာကြောင့်နင်ပြောတာ ယုံရမှာလဲ

ဒီမေးခွန်းကတော့ လိမ်လားမလိမ်လား ဖော်ထုတ်တဲ့နေရာမှာ အတော်အသုံးဝင်တယ်လို့ ဆိုကြပါတယ်။ သင်သံသယဝင်နေတဲ့သူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး " ဘာကြောင့် ပြောတာကို ယုံရမှာလဲ " ဆိုတဲ့ မေးခွန်းပဲမေးလိုက်ပါ။ သူတို့ဆီက ရုတ်တရက် ပုံမှန်ထွက်လာနေကြ အဖြေတွေကတော့ " ငါအမှန်ပြောနေတာမို့လို့ပေါ့။ " ၊ " ငါက ရိုးရိုးသားသားမို့လို့ပေါ့ဟ " တို့ ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင်တော့ သူလိမ်မလိမ် သင်သိနေလောက်ပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top