Property Expo
×

ေထာပတ္သီးကို အျခား ပစၥည္းေတြနဲ႔ ေပါင္းစပ္လိုက္ရင္ အသားအေရအမ်ဳိးမ်ဳိးအတြက္ ေပါင္းတင္နည္းေတြ ရရွိမွာ ျဖစ္ပါတယ္။

၁။ အဆီျပန္တဲ့အသားအေရပိုင္ရွင္မ်ားအတြက္ ေပါင္းတင္နည္း

ေထာပတ္သီးအႏွစ္ကို ျခစ္ယူၿပီး ငွက္ေပ်ာသီးတစ္လံုး ၾကက္ဥအႏွစ္နဲ႔ ေပါင္းစပ္လိုက္ရင္ အဆီျပန္တဲ့ အသားအေရ ပိုင္ရွင္မ်ားအတြက္ ေပါင္းေဆးရပါၿပီ။ မ်က္ႏွာမွာ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ ထားပါ။ အဆီျပန္ျခင္းကို ေလ်ာ့နည္းေစၿပီး ဝက္ျခံနဲ႔ အမည္းစက္ေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

၂။ အသားအေရေျခာက္ေသြ႕သူမ်ားအတြက္ ေပါင္းတင္နည္း

 ေထာပတ္သီးတစ္လံုးရဲ႕ အႏွစ္နဲ႔ ပ်ားရည္တစ္ဇြန္းေရာလိုက္ၿပီး သမေအာင္ ေရာေမြပါ။ ေထာပတ္သီးနဲ႔ ပ်ားရည္ဟာ အသားအေရကို စိုျပည္ေစတဲ့ သဘာဝပစၥည္းေတြ ျဖစ္ပါတယ္။ ၁၅ မိနစ္ေလာက္ မ်က္ႏွာမွာ သုတ္လိမ္းလိုက္တာနဲ႔ ေျခာက္ေသြ႕မႈမရွိေတာ့ဘဲ အသားအေရ လင္းလက္လာပါလိမ့္မယ္။

၃။ အသားအေရစိုေျပၿပီး ဝက္ျခံေပ်ာက္ေစဖို႔ ေပါင္းတင္နည္း

 ေထာပတ္သီး ေလးပံုတစ္ပံုကို အႏွစ္ျဖစ္တဲ့အထိေျခၿပီး ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ေမႊေပးပါ။ အသားအေရစိုျပည္တဲ့အျပင္ ဒိန္ခ်ဥ္မွာပါတဲ့ လက္တစ္အက္ဆစ္က ဘက္တီးရီးယားေတြကို ေသေစကာ ဝက္ျခံကို ေပ်ာက္ကင္းေစပါတယ္။ ၁၅ မိနစ္ေလာက္ မ်က္ႏွာကို သုတ္လိမ္းေပးပါ။

၄။ အသားအေရ အလြန္အမင္း ေျခာက္ေသြ႕သူမ်ား (သို႔မဟုတ္) ေဆာင္းရာသီအတြက္ ေပါင္းတင္နည္း

ေထာပတ္သီးနဲ႔ ဒိန္ခ်ဥ္ ေပါင္းေဆးလုပ္တဲ့နည္းအတုိင္းပါပဲ။ အဲဒီထဲကို ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဝက္ ထပ္ထည့္ၿပီး သမေအာင္ ေရာေမႊေပး႐ုံပါ။ အသားအေရအလြန္အမင္း ေျခာက္ေသြ႕တတ္တဲ့ ေဆာင္းရာသီမွာ ျပဳလုပ္ဖို႔ သင့္ေတာ္ပါတယ္။

၅။ ဆားဝက္ျခံမ်ားအတြက္ ေပါင္းတင္နည္း

ေထာပတ္သီးကို အေျမႇာင့္လိုက္ေလးေတြ လွီးပါ။ အဲဒီအေျမႇာင့္ေလးေတြနဲ႔ မ်က္ႏွာကို ပြတ္တုိက္ေပးရင္ မျမင္ႏုိင္တဲ့ ဆားဝက္ၿခံေလးေတြကို ဖယ္ရွားေပးၿပီး သဘာဝအတုိင္း ေတာက္ပလာေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ထောပတ်သီးကို အခြား ပစ္စည်းတွေနဲ့ ပေါင်းစပ်လိုက်ရင် အသားအရေအမျိုးမျိုးအတွက် ပေါင်းတင်နည်းတွေ ရရှိမှာ ဖြစ်ပါတယ်။

၁။ အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် ပေါင်းတင်နည်း

ထောပတ်သီးအနှစ်ကို ခြစ်ယူပြီး ငှက်ပျောသီးတစ်လုံး ကြက်ဥအနှစ်နဲ့ ပေါင်းစပ်လိုက်ရင် အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက် ပေါင်းဆေးရပါပြီ။ မျက်နှာမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် ထားပါ။ အဆီပြန်ခြင်းကို လျော့နည်းစေပြီး ဝက်ခြံနဲ့ အမည်းစက်တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၂။ အသားအရေခြောက်သွေ့သူများအတွက် ပေါင်းတင်နည်း

 ထောပတ်သီးတစ်လုံးရဲ့ အနှစ်နဲ့ ပျားရည်တစ်ဇွန်းရောလိုက်ပြီး သမအောင် ရောမွေပါ။ ထောပတ်သီးနဲ့ ပျားရည်ဟာ အသားအရေကို စိုပြည်စေတဲ့ သဘာဝပစ္စည်းတွေ ဖြစ်ပါတယ်။ ၁၅ မိနစ်လောက် မျက်နှာမှာ သုတ်လိမ်းလိုက်တာနဲ့ ခြောက်သွေ့မှုမရှိတော့ဘဲ အသားအရေ လင်းလက်လာပါလိမ့်မယ်။

၃။ အသားအရေစိုပြေပြီး ဝက်ခြံပျောက်စေဖို့ ပေါင်းတင်နည်း

 ထောပတ်သီး လေးပုံတစ်ပုံကို အနှစ်ဖြစ်တဲ့အထိခြေပြီး ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ မွှေပေးပါ။ အသားအရေစိုပြည်တဲ့အပြင် ဒိန်ချဉ်မှာပါတဲ့ လက်တစ်အက်ဆစ်က ဘက်တီးရီးယားတွေကို သေစေကာ ဝက်ခြံကို ပျောက်ကင်းစေပါတယ်။ ၁၅ မိနစ်လောက် မျက်နှာကို သုတ်လိမ်းပေးပါ။

၄။ အသားအရေ အလွန်အမင်း ခြောက်သွေ့သူများ (သို့မဟုတ်) ဆောင်းရာသီအတွက် ပေါင်းတင်နည်း

ထောပတ်သီးနဲ့ ဒိန်ချဉ် ပေါင်းဆေးလုပ်တဲ့နည်းအတိုင်းပါပဲ။ အဲဒီထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက် ထပ်ထည့်ပြီး သမအောင် ရောမွှေပေးရုံပါ။ အသားအရေအလွန်အမင်း ခြောက်သွေ့တတ်တဲ့ ဆောင်းရာသီမှာ ပြုလုပ်ဖို့ သင့်တော်ပါတယ်။

၅။ ဆားဝက်ခြံများအတွက် ပေါင်းတင်နည်း

ထောပတ်သီးကို အမြှောင့်လိုက်လေးတွေ လှီးပါ။ အဲဒီအမြှောင့်လေးတွေနဲ့ မျက်နှာကို ပွတ်တိုက်ပေးရင် မမြင်နိုင်တဲ့ ဆားဝက်ခြံလေးတွေကို ဖယ်ရှားပေးပြီး သဘာဝအတိုင်း တောက်ပလာစေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top