Property Expo
×

စိတ္မႏွံ႔သူ တစ္ဦး ေနအိမ္ေပၚသို႔ ခိုးတက္စဥ္ ေဒသ ခံမ်ားက ဖမ္းဆီးၿပီးေနာက္ ဘဂၤါ လီဟု ထင္မွတ္ကာ ရဲတပ္ဖြဲ႕သို႔ လာေရာက္အပ္ႏွံမႈ မေကြးတုိင္း ေအာင္လံၿမိဳ႕နယ္တြင္ ႏိုဝင္ဘာ ၃ ရက္ညက ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေအာင္လံၿမိဳ႕နယ္ ေက်ာက္ ဆည္ေက်းရြာ အစြန္ရွိ ေနအိမ္ တစ္အိမ္ေပၚသို႔ ႏုိဝင္ဘာ ၃ ရက္ ည ၈ နာရီခန္႔က အမည္မသိလူ တစ္ဦး တက္ေရာက္လာသျဖင့္ အိမ္ရွင္က ပတ္ဝန္းက်င္သို႔ ေအာ္ဟစ္  အကူအညီေတာင္းျခင္း ေၾကာင့္ ေက်းရြာေဒသခံမ်ားက ဝိုင္းဝန္းဖမ္းဆီးခဲ့ေၾကာင္း ေဒသခံ ကိုလွမ်ိဳးသိန္းက ေျပာသည္။

‘‘ညႀကီး အဲဒီအိမ္က လူတက္လုိ႔ဆုိၿပီးေအာ္ေတာ့ ရြာက လူေတြ ဝိုင္းဖမ္းတာ။ သူက ျပန္ခုခံၿပီး ရြာအစပ္လယ္ကြင္းထဲ ထြက္ေျပးတာ။ လံုးေထြးၿပီးကို ဖမ္းယူရတယ္။ မိေတာ့ ပံုစံကလည္း မမွန္။ ေမးတာလည္း မေျဖေတာ့ ဝိုင္းၿပီး စခန္းကို သြားအပ္ခဲ့တာ’’ဟု ၎က ေျပာသည္။

အိမ္ေပၚတက္သူကို ေမးျမန္းရာ ေကာင္းမြန္စြာ ေျဖဆိုျခင္းမရွိသည့္အျပင္ ပံုပန္းသဏၭာန္ မွာလည္း ထူးျခားေသာေၾကာင့္ ဘဂၤါလီဟု ထင္မွတ္ကာ ရဲတပ္ဖြဲ႕စခန္းကို သြားေရာက္အပ္ႏွံခဲ့ ေၾကာင္း ေဒသခံတစ္ဦးက ဆို သည္။၎သည္ ဘဂၤါလီမဟုတ္ဘဲ ျမန္ေအာင္ၿမိဳ႕ နယ္တြင္ေနသူျဖစ္ၿပီး အရက္အလြန္အကြၽံေသာက္ကာစိတ္ပံုမွန္မရွိသူဟု စစ္ေဆးသိရွိခဲ့ေၾကာင္း ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စခန္းမွ တာဝန္ရွိသူတစ္ ဦးက ေျပာသည္။

၎တြင္ ေပါက္ၿပဲဒဏ္ရာ အခ်ိဳ႕ ရရွိခဲ့ေသာေၾကာင့္ ေအာင္ လံျပည္သူ႔ေဆး႐ံုသို႔ တင္ပို႔ကုသ ေပးေနၿပီး ေနရပ္ျပန္ပို႔ႏုိင္ေရး စီစဥ္ေနေၾကာင္း အထက္ပါ ပုဂၢိဳလ္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

စိတ်မနှံ့သူ တစ်ဦး နေအိမ်ပေါ်သို့ ခိုးတက်စဉ် ဒေသ ခံများက ဖမ်းဆီးပြီးနောက် ဘင်္ဂါ လီဟု ထင်မှတ်ကာ ရဲတပ်ဖွဲ့သို့ လာရောက်အပ်နှံမှု မကွေးတိုင်း အောင်လံမြို့နယ်တွင် နိုဝင်ဘာ ၃ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်လံမြို့နယ် ကျောက် ဆည်ကျေးရွာ အစွန်ရှိ နေအိမ် တစ်အိမ်ပေါ်သို့ နိုဝင်ဘာ ၃ ရက် ည ၈ နာရီခန့်က အမည်မသိလူ တစ်ဦး တက်ရောက်လာသဖြင့် အိမ်ရှင်က ပတ်ဝန်းကျင်သို့ အော်ဟစ်  အကူအညီတောင်းခြင်း ကြောင့် ကျေးရွာဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ဒေသခံ ကိုလှမျိုးသိန်းက ပြောသည်။

‘‘ညကြီး အဲဒီအိမ်က လူတက်လို့ဆိုပြီးအော်တော့ ရွာက လူတွေ ဝိုင်းဖမ်းတာ။ သူက ပြန်ခုခံပြီး ရွာအစပ်လယ်ကွင်းထဲ ထွက်ပြေးတာ။ လုံးထွေးပြီးကို ဖမ်းယူရတယ်။ မိတော့ ပုံစံကလည်း မမှန်။ မေးတာလည်း မဖြေတော့ ဝိုင်းပြီး စခန်းကို သွားအပ်ခဲ့တာ’’ဟု ၎င်းက ပြောသည်။

အိမ်ပေါ်တက်သူကို မေးမြန်းရာ ကောင်းမွန်စွာ ဖြေဆိုခြင်းမရှိသည့်အပြင် ပုံပန်းသဏ္ဌာန် မှာလည်း ထူးခြားသောကြောင့် ဘင်္ဂါလီဟု ထင်မှတ်ကာ ရဲတပ်ဖွဲ့စခန်းကို သွားရောက်အပ်နှံခဲ့ ကြောင်း ဒေသခံတစ်ဦးက ဆို သည်။၎င်းသည် ဘင်္ဂါလီမဟုတ်ဘဲ မြန်အောင်မြို့ နယ်တွင်နေသူဖြစ်ပြီး အရက်အလွန်အကျွံသောက်ကာစိတ်ပုံမှန်မရှိသူဟု စစ်ဆေးသိရှိခဲ့ကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

၎င်းတွင် ပေါက်ပြဲဒဏ်ရာ အချို့ ရရှိခဲ့သောကြောင့် အောင် လံပြည်သူ့ဆေးရုံသို့ တင်ပို့ကုသ ပေးနေပြီး နေရပ်ပြန်ပို့နိုင်ရေး စီစဉ်နေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top