Property Expo
×

အစိုးရသစ္လက္ထက္ ပို႔ကုန္က်ဆင္းေနခ်ိန္တြင္ အေမ ရိကန္ေဒၚလာေစ်း ဆက္တိုက္ ျမင့္တက္လာၿပီး ႏုိဝင္ဘာ ၂၁ ရက္တြင္ တစ္ေဒၚလာ ၁,၃၃၈ က်ပ္အထိ ျမင့္တက္လာသည္။

ႏုိ၀င္ဘာ၂၁ရက္ နံနက္တြင္တစ္ေဒၚလာ ၁,၃၂၄ က်ပ္ျဖင့္ ေစ်းကြက္ဖြင့္လွစ္ၿပီး ညေနေစ်းပိတ္ခ်ိန္၌ တစ္ေဒၚလာ ၁,၃၃၈ က်ပ္သုိ႔ ျမင့္တက္ခဲ့သည္။ တစ္ရက္အတြင္း အေမရိကန္တစ္ေဒၚ လာလွ်င္ ၁၄ က်ပ္ ျမင့္တက္ခဲ့ျခင္းျဖစ္ၿပီး ႏိုဝင္ဘာအတြင္း ေစ်းႏႈန္းအေျပာင္းအလဲအမ်ားဆံုးရက္ ျဖစ္သည္ဟု ျပင္ပေငြလဲလုပ္ငန္း လုပ္ကိုင္သူတစ္ဦးက ေျပာသည္။

ျပင္ပေစ်းကြက္တြင္ အေမရိ ကန္ေဒၚလာေစ်းႏႈန္းသည္ ႏိုဝင္ ဘာ ၁ ရက္တြင္ တစ္ေဒၚလာလွ်င္ ၁,၂၈၈ က်ပ္ရွိၿပီး ၂၁ ရက္အတြင္း တစ္ေဒၚလာလွ်င္ ၅၀ က်ပ္ခန္႔ ျမင့္တက္ခဲ့သည္။

ျပင္ပေစ်းကြက္တြင္ အေမရိ ကန္ေဒၚလာေစ်း ျမင့္တက္ရျခင္း သည္ စင္ကာပူႏုိင္ငံသို႔ ဟြန္ဒီျဖင့္ ႏိုင္ငံျခားေငြ လႊဲေျပာင္းေပးမႈမ်ား ၿပီး ယင္းေငြလဲႏႈန္းထားသည္ တစ္ေဒၚလာလွ်င္ ၁,၃၅၅ က်ပ္သို႔ ျမင့္တက္ျခင္းေၾကာင့္ဟု အထက္ ပါပုဂၢိဳလ္က ဆိုသည္။

ျပင္ပေစ်းကြက္တြင္ အေမရိ ကန္ေဒၚလာေစ်းႏႈန္း ျမင့္တက္ လာသကဲ့သို႔ ဗဟိုဘဏ္က သတ္ မွတ္ေသာ ရည္ၫႊန္းေငြလဲႏႈန္းက လည္း တစ္ေဒၚလာ ၁,၂၉၅ က်ပ္ သို႔ ျမင့္တက္လာသည္။ ႏိုဝင္ဘာ ၁၉ ရက္တြင္ တစ္ေဒၚလာ ၁,၂၈၈ က်ပ္မွ ျမင့္တက္လာျခင္း ျဖစ္သည္။

ကမၻာ့ေစ်းကြက္တြင္ ေဒၚ လာတန္ဖိုး ျမင့္တက္လာျခင္း၊ ကုန္သြယ္မႈလိုေငြမ်ားေနျခင္း၊ အစိုးရ၏ ဘတ္ဂ်က္အသံုးစရိတ္ ထပ္မံခ်ထားေပးျခင္းတို႔ေၾကာင့္ လွည့္လည္သံုးစြဲေနေသာ ေငြ ေၾကးေစ်းကြက္ထဲသို႔ ျမန္မာေငြ အဝင္မ်ားၿပီးတန္ဖိုးက်ရျခင္းျဖစ္ သည္ဟု   စီးပြားေရးပညာရွင္ အခ်ဳိ႕က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အစိုးရသစ်လက်ထက် ပို့ကုန်ကျဆင်းနေချိန်တွင် အမေ ရိကန်ဒေါ်လာဈေး ဆက်တိုက် မြင့်တက်လာပြီး နိုဝင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာ ၁,၃၃၈ ကျပ်အထိ မြင့်တက်လာသည်။

နိုဝင်ဘာ၂၁ရက် နံနက်တွင်တစ်ဒေါ်လာ ၁,၃၂၄ ကျပ်ဖြင့် ဈေးကွက်ဖွင့်လှစ်ပြီး ညနေဈေးပိတ်ချိန်၌ တစ်ဒေါ်လာ ၁,၃၃၈ ကျပ်သို့ မြင့်တက်ခဲ့သည်။ တစ်ရက်အတွင်း အမေရိကန်တစ်ဒေါ် လာလျှင် ၁၄ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာအတွင်း ဈေးနှုန်းအပြောင်းအလဲအများဆုံးရက် ဖြစ်သည်ဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေးနှုန်းသည် နိုဝင် ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၈၈ ကျပ်ရှိပြီး ၂၁ ရက်အတွင်း တစ်ဒေါ်လာလျှင် ၅၀ ကျပ်ခန့် မြင့်တက်ခဲ့သည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေး မြင့်တက်ရခြင်း သည် စင်ကာပူနိုင်ငံသို့ ဟွန်ဒီဖြင့် နိုင်ငံခြားငွေ လွှဲပြောင်းပေးမှုများ ပြီး ယင်းငွေလဲနှုန်းထားသည် တစ်ဒေါ်လာလျှင် ၁,၃၅၅ ကျပ်သို့ မြင့်တက်ခြင်းကြောင့်ဟု အထက် ပါပုဂ္ဂိုလ်က ဆိုသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေးနှုန်း မြင့်တက် လာသကဲ့သို့ ဗဟိုဘဏ်က သတ် မှတ်သော ရည်ညွှန်းငွေလဲနှုန်းက လည်း တစ်ဒေါ်လာ ၁,၂၉၅ ကျပ် သို့ မြင့်တက်လာသည်။ နိုဝင်ဘာ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁,၂၈၈ ကျပ်မှ မြင့်တက်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်တွင် ဒေါ် လာတန်ဖိုး မြင့်တက်လာခြင်း၊ ကုန်သွယ်မှုလိုငွေများနေခြင်း၊ အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ် ထပ်မံချထားပေးခြင်းတို့ကြောင့် လှည့်လည်သုံးစွဲနေသော ငွေ ကြေးဈေးကွက်ထဲသို့ မြန်မာငွေ အဝင်များပြီးတန်ဖိုးကျရခြင်းဖြစ် သည်ဟု   စီးပွားရေးပညာရှင် အချို့က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top