Property Expo
×

အေမရိကန္က ရဲေတြကေတာ့ ျမန္ႏႈန္းျမင့္နဲ႔ ေမာင္းေျပးတတ္တဲ့ ကားေတြအတြက္ လက္နက္ေကာင္းတစ္ခုကို ပုိင္ဆိုင္လုိက္ၿပီျဖစ္ပါတယ္။ သတ္မွတ္မိုင္ႏႈန္းထက္ ပိုေမာင္းတာတို႔ ၊ မီးနီျဖတ္ေမာင္းတာေတြအျပင္ တစ္ျခား ယာဥ္စည္းကမ္းေတြကို ေဖာက္ဖ်က္ၿပီး အျမန္ေမာင္းေျပးတတ္တဲ့ ကားေတြကို ႏွိပ္ကြပ္ဖို႔အတြက္ ဒီကိရိယာကို စတင္တီထြင္လိုက္တာပါ။



ဒီၾကိဳးနဲ႔ ကိရိယာကိုေတာ့ “လံုးေထြးသတ္ပုတ္သူ (The grappler) ” လို႔ ရဲေတြက နာမည္ေပးထားၿပီး ႏြားေတြကို ၾကိဳးကြင္းပစ္ဖမ္းတာနဲ႔ ဒီကိရိယာရဲ႕ လုပ္ေဆာင္ခ်က္က ဆင္ဆင္တူပါတယ္။ ေတာင့္တင္းတဲ့ ႏုိင္လြန္ပိုက္ကြန္အေကာင္းစားနဲ႔ ဖမ္းမယ့္ႀကိဳးကို ျပဳလုပ္ထားၿပီး ရဲကားရဲ႕ Bumper ကေန ဒီႀကိဳးကို ထုတ္ထားမွာပါ။ ကားဘီးနဲ႔ၿငိသြားတဲ့အခ်ိန္မွာေတာ့  ႀကိဳးက အရွိန္နဲ႔လည္ေနတဲ့ဘီးကို ရစ္ပတ္သြားမွာျဖစ္ၿပီး လီဗာဘယ္ေလာက္နင္းနင္း အရွိန္သတ္ပစ္လိုက္ႏုိင္မွာပါ။

 ႀကိဳးပတ္တဲ့အခ်ိန္မွာ ဘီးက ရပ္သြားၿပီး လမ္းနဲ႔ ပြတ္တိုက္မိတဲ့ အရွိန္ေၾကာင့္လည္း ကားဘီးပါ တစ္ခါတည္း ကြဲထြက္သြားတာကိုလည္း ေတြ႕ရမွာပါ။





အရီဇိုးနားရဲတပ္ဖြဲ႕က ဒီလုိတီထြင္ဖို႔ အၾကံရခဲ့တာျဖစ္ၿပီး ရွစ္ႏွစ္တာ စမ္းသပ္မႈအဆင့္ဆင့္မွာ ရလဒ္ေတြေကာင္းေနခဲ့တာေၾကာင့္ အမွန္တကယ္အသံုးျပဳဖို႔ျဖစ္လာခဲ့တာပါ။ ကားတိုက္မႈေၾကာင့္ ေသဆံုးသူဦးေရဟာ၁၉၇၉ခုႏွစ္တည္းကအေမရိကန္ႏုိင္ငံမွာ ျမင့္တက္လ်က္
ရွိေနခဲ့တာပါ။

ဆိုးရြားတဲ့ ယာဥ္ေမာင္းေတြကို အမိဖမ္းၿပီး အျပတ္ႏွိပ္ကြပ္ႏုိင္မယ့္ လက္နက္ေကာင္းကိုေတာ့ အေမရိကန္ရဲတပ္ဖြဲ႕က ပိုင္ဆိုင္လိုက္ၿပီျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thit Htoo Lwin


#Unicode Version
အမေရိကန်က ရဲတွေကတော့ မြန်နှုန်းမြင့်နဲ့ မောင်းပြေးတတ်တဲ့ ကားတွေအတွက် လက်နက်ကောင်းတစ်ခုကို ပိုင်ဆိုင်လိုက်ပြီဖြစ်ပါတယ်။ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတာတို့ ၊ မီးနီဖြတ်မောင်းတာတွေအပြင် တစ်ခြား ယာဉ်စည်းကမ်းတွေကို ဖောက်ဖျက်ပြီး အမြန်မောင်းပြေးတတ်တဲ့ ကားတွေကို နှိပ်ကွပ်ဖို့အတွက် ဒီကိရိယာကို စတင်တီထွင်လိုက်တာပါ။


ဒီကြိုးနဲ့ ကိရိယာကိုတော့ “လုံးထွေးသတ်ပုတ်သူ (The grappler) ” လို့ ရဲတွေက နာမည်ပေးထားပြီး နွားတွေကို ကြိုးကွင်းပစ်ဖမ်းတာနဲ့ ဒီကိရိယာရဲ့ လုပ်ဆောင်ချက်က ဆင်ဆင်တူပါတယ်။ တောင့်တင်းတဲ့ နိုင်လွန်ပိုက်ကွန်အကောင်းစားနဲ့ ဖမ်းမယ့်ကြိုးကို ပြုလုပ်ထားပြီး ရဲကားရဲ့ Bumper ကနေ ဒီကြိုးကို ထုတ်ထားမှာပါ။ ကားဘီးနဲ့ငြိသွားတဲ့အချိန်မှာတော့  ကြိုးက အရှိန်နဲ့လည်နေတဲ့ဘီးကို ရစ်ပတ်သွားမှာဖြစ်ပြီး လီဗာဘယ်လောက်နင်းနင်း အရှိန်သတ်ပစ်လိုက်နိုင်မှာပါ။

 ကြိုးပတ်တဲ့အချိန်မှာ ဘီးက ရပ်သွားပြီး လမ်းနဲ့ ပွတ်တိုက်မိတဲ့ အရှိန်ကြောင့်လည်း ကားဘီးပါ တစ်ခါတည်း ကွဲထွက်သွားတာကိုလည်း တွေ့ရမှာပါ။





အရီဇိုးနားရဲတပ်ဖွဲ့က ဒီလိုတီထွင်ဖို့ အကြံရခဲ့တာဖြစ်ပြီး ရှစ်နှစ်တာ စမ်းသပ်မှုအဆင့်ဆင့်မှာ ရလဒ်တွေကောင်းနေခဲ့တာကြောင့် အမှန်တကယ်အသုံးပြုဖို့ဖြစ်လာခဲ့တာပါ။ ကားတိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ၁၉၇၉ ခုနှစ်တည်းက အမေရိကန်နိုင်ငံမှာ မြင့်တက်လျက်ရှိနေခဲ့တာပါ။

ဆိုးရွားတဲ့ ယာဉ်မောင်းတွေကို အမိဖမ်းပြီး အပြတ်နှိပ်ကွပ်နိုင်မယ့် လက်နက်ကောင်းကိုတော့ အမေရိကန်ရဲတပ်ဖွဲ့က ပိုင်ဆိုင်လိုက်ပြီဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top