Property Expo
×

ယင္းမာပင္ႏွင့္ ခင္ဦးၿမိဳ႕ နယ္အတြင္း တစ္ရက္တည္းမွာ ပင္ အရက္ေသာက္စား၍ ေနအိမ္ မီး႐ိႈ႕မႈျဖစ္ပြားခဲ့သည္။

ယင္းမာပင္ၿမိဳ႕နယ္ ေရႊပန္း ခုိင္ေက်းရြာသစ္ႏွင့္ ခင္ဦးၿမိဳ႕နယ္ တမုတ္ေက်းရြာတို႔တြင္ ႏုိ၀င္ဘာ ၈ ရက္ ညက အရက္ေသာက္စား ၍ ေနအိမ္မီး႐ိႈ႕မႈ အသီးသီးျဖစ္ ပြားခဲ့ေၾကာင္း မီးသတ္ဦးစီးဌာန မွ သတင္းရရွိသည္။

‘‘ယင္းမာပင္နဲ႔ ခင္ဦးၿမိဳ႕နယ္ မွာ ျဖစ္ပြားတဲ့ မီးေလာင္မႈေတြက အရက္ေသာက္စားၿပီး ေနအိမ္မီး ႐ိႈ႕တဲ့ ျဖစ္စဥ္ေတြပါ။ မီးေလာင္မႈ ေၾကာင့္ အိမ္တစ္လံုးစီ ဆံုး႐ႈံးခဲ့ တယ္။ လူနဲ႔တိရစၧာန္ ထိခိုက္မႈမရွိ ပါဘူး။ မီး႐ိႈ႕တဲ့ အိမ္ပိုင္ရွင္ေတြကို သက္ဆုိင္ရာရဲစခန္းမွာ အမႈဖြင့္ စစ္ေဆးေနပါတယ္’’ဟု တိုင္းေဒ သႀကီး မီးသတ္ဦးစီးဌာန ဒုတိယ တုိင္းမီးသတ္ဦးစီးမွဴး ဦးမ်ိဳးထြဋ္ ဦးက ဆုိသည္။

  ယင္းမာပင္ၿမိဳ႕နယ္ ေရႊပန္းခုိင္ေက်းရြာသစ္တြင္ ေနထိုင္ ေသာ အသက္ (၄၂)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ ႏို၀င္ဘာ ၈ ရက္ ည ၁၀ နာရီခန္႔က အရက္ ေသာက္စားမူးယစ္၍ စက္ဘီးတာ ယာမ်ားကုိ မီးစာအျဖစ္ အသံုးျပဳ ကာ မီးတုတ္ျပဳလုပ္ၿပီး ေနအိမ္ ကို မီး႐ိႈ႕ခဲ့သျဖင့္ ထန္းလက္မိုး ၀ါးကပ္ကာ ေျမစိုက္ေနအိမ္တဲ တစ္လံုး (ကာလ တန္ဖိုး က်ပ္ ၂၄,၀၀၀) ဆံုး႐ႈံးခဲ့သည္။

မီးေလာင္မႈကို ပတ္၀န္းက်င္ က ၀ိုင္း၀န္းၿငိႇမ္းသတ္ခဲ့သျဖင့္ နာရီ၀က္ခန္႔အၾကာတြင္ မီးၿငႇိမ္းသတ္ႏုိင္ခဲ့သည္။

ေနအိမ္မီး႐ိႈ႕သူကို ယင္းမာ ပင္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းက ရာဇ သတ္ႀကီးဥပေဒပုဒ္မ ၄၃၆ အရ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ရဲမွတ္တမ္းတြင္  ေဖာ္ျပထား သည္။

အလားတူ ခင္ဦးၿမိဳ႕နယ္ တမုတ္ေက်းရြာေန အသက္ (၃၅) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ အရက္ေသာက္စား၍ လင္မယားစကားမ်ားရန္ျဖစ္ၿပီး ေနအိမ္တံစက္ၿမိတ္အား မီး႐ိႈ႕ခဲ့သျဖင့္သက္ငယ္မိုးထရံကာ ေနအိမ္တဲတစ္လံုး မီးေလာင္၍ (ကာလ တန္ဖိုး ၁၁,၀၀၀ က်ပ္ခန႔္) ဆံုး႐ႈံးခဲ့သည္။

မီးေလာင္မႈကို ပတ္၀န္းက်င္ က ၀ုိင္း၀န္းၿငိႇမ္းသတ္ခဲ့သျဖင့္ ၁၅ မိနစ္ခန္႔အၾကာတြင္ မီးလံုး၀ၿငိႇမ္း သတ္ႏုိင္ခဲ့သည္။

အဆိုပါမီးေလာင္မႈႏွင့္ပတ္ သက္၍ ေနအိမ္မီး႐ိႈ႕သူကို ခင္ဦး ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းက ရာဇသတ္ ႀကီးဥပေဒပုဒ္မ ၄၃၆ အရ အမႈ ဖြင့္ထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ယင်းမာပင်နှင့် ခင်ဦးမြို့ နယ်အတွင်း တစ်ရက်တည်းမှာ ပင် အရက်သောက်စား၍ နေအိမ် မီးရှို့မှုဖြစ်ပွားခဲ့သည်။

ယင်းမာပင်မြို့နယ် ရွှေပန်း ခိုင်ကျေးရွာသစ်နှင့် ခင်ဦးမြို့နယ် တမုတ်ကျေးရွာတို့တွင် နိုဝင်ဘာ ၈ ရက် ညက အရက်သောက်စား ၍ နေအိမ်မီးရှို့မှု အသီးသီးဖြစ် ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှ သတင်းရရှိသည်။

‘‘ယင်းမာပင်နဲ့ ခင်ဦးမြို့နယ် မှာ ဖြစ်ပွားတဲ့ မီးလောင်မှုတွေက အရက်သောက်စားပြီး နေအိမ်မီး ရှို့တဲ့ ဖြစ်စဉ်တွေပါ။ မီးလောင်မှု ကြောင့် အိမ်တစ်လုံးစီ ဆုံးရှုံးခဲ့ တယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှုမရှိ ပါဘူး။ မီးရှို့တဲ့ အိမ်ပိုင်ရှင်တွေကို သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်’’ဟု တိုင်းဒေ သကြီး မီးသတ်ဦးစီးဌာန ဒုတိယ တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးထွဋ် ဦးက ဆိုသည်။

  ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာသစ်တွင် နေထိုင် သော အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် နိုဝင်ဘာ ၈ ရက် ည ၁၀ နာရီခန့်က အရက် သောက်စားမူးယစ်၍ စက်ဘီးတာ ယာများကို မီးစာအဖြစ် အသုံးပြု ကာ မီးတုတ်ပြုလုပ်ပြီး နေအိမ် ကို မီးရှို့ခဲ့သဖြင့် ထန်းလက်မိုး ဝါးကပ်ကာ မြေစိုက်နေအိမ်တဲ တစ်လုံး (ကာလ တန်ဖိုး ကျပ် ၂၄,၀၀၀) ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကို ပတ်ဝန်းကျင် က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နာရီဝက်ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

နေအိမ်မီးရှို့သူကို ယင်းမာ ပင်မြို့နယ် မြို့မရဲစခန်းက ရာဇ သတ်ကြီးဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းတွင်  ဖော်ပြထား သည်။

အလားတူ ခင်ဦးမြို့နယ် တမုတ်ကျေးရွာနေ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် အရက်သောက်စား၍ လင်မယားစကားများရန်ဖြစ်ပြီး နေအိမ်တံစက်မြိတ်အား မီးရှို့ခဲ့သဖြင့်သက်ငယ်မိုးထရံကာ နေအိမ်တဲတစ်လုံး မီးလောင်၍ (ကာလ တန်ဖိုး ၁၁,၀၀၀ ကျပ်ခန့်) ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကို ပတ်ဝန်းကျင် က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၅ မိနစ်ခန့်အကြာတွင် မီးလုံးဝငြှိမ်း သတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုနှင့်ပတ် သက်၍ နေအိမ်မီးရှို့သူကို ခင်ဦး မြို့နယ် မြို့မရဲစခန်းက ရာဇသတ် ကြီးဥပဒေပုဒ်မ ၄၃၆ အရ အမှု ဖွင့်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top