Kantharyar Centre
×

ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္မွာ အသက္ (၄၀)အရြယ္ အမ်ိဳးသမီးတစ္ဦးကို တစ္ရပ္ကြက္တည္းေနသူက အဓမၼျပဳက်င့္ၿပီး မိသားစုကိုၿခိမ္းေျခာက္မႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

 ႏို၀င္ဘာလ (၁၇)ရက္ ည (၉)နာရီအခ်ိန္က အဲဒီအမ်ိဳးသမီးဟာ အထည္ခ်ဳပ္စက္႐ုံကေန အိမ္ကိုျပန္ေရာက္စဥ္ ဖခင္ျဖစ္သူနဲ႔ အစ္ကို ျဖစ္သူတို႔ဟာ အိပ္ေပ်ာ္ေနတယ္လို႔ သိရပါတယ္။

 အဲဒီေနာက္ အခန္းအတြင္း အ၀တ္အစားလဲဖို႔ ၀င္လာစဥ္ တစ္လမ္းတည္းေနတဲ့ အသက္ (၄၂)ႏွစ္အရြယ္ ေထြးေက်ာ္ (ခ) ေစာအိုင္စူးက အခန္းအတြင္း၀င္လာၿပီး အတင္းတြန္းလွဲကာ သားမယားအျဖစ္ ျပဳက်င့္ခဲ့တဲ့အတြက္ သတိလစ္သြားခဲ့ပါတယ္။

 သတိျပန္ရစဥ္မွာလည္း သားမယားအျဖစ္ ဆက္လက္ျပဳက်င့္ေနတာေၾကာင့္ ပတ္၀န္းက်င္ကို အကူအညီေတာင္းခံစဥ္ ထြက္ေျပးသြားခဲ့ပါတယ္။

 ဒီကိစၥကို မိသားစုကို မေျပာဘဲေနခဲ့ရာ ေနာက္တစ္ေန႔မွာပဲ ထပ္မံေရာက္ရွိလာကာ အရင္ျဖစ္စဥ္အတိုင္း ထပ္မံျပဳက်င့္ခဲ့ပါတယ္။

 အဲဒီေနာက္ အမ်ိဳးသမီးက ကပ္ရပ္အိမ္က အစ္မျဖစ္သူကို ေအာ္ဟစ္အကူအညီေတာင္းခဲ့တဲ့အတြက္ အစ္မျဖစ္သူေရာက္ရွိလာရာ ထပ္မံထြက္ေျပးခဲ့ပါတယ္။

 ဒီျဖစ္စဥ္ကို မိသားစု၀င္ေတြက ရွက္ေၾကာက္ၿပီးအမႈမဖြင့္ခဲ့ရာ က်ဴးလြန္သူ ေထြးေက်ာ္ (ခ) ေစာအိုင္စူးက မိသားစုကို ၿခိမ္းေျခာက္ခဲ့ပါတယ္။

 ဒါေၾကာင့္ ကာယကံရွင္က တိုင္တန္းခဲ့ရာ က်ဴးလြန္သူကို အင္းစိန္ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:5 Plus News

#Unicode Version
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ အသက် (၄၀)အရွယ် အမျိုးသမီးတစ်ဦးကို တစ်ရပ်ကွက်တည်းနေသူက အဓမ္မပြုကျင့်ပြီး မိသားစုကိုခြိမ်းခြောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 နိုဝင်ဘာလ (၁၇)ရက် ည (၉)နာရီအချိန်က အဲဒီအမျိုးသမီးဟာ အထည်ချုပ်စက်ရုံကနေ အိမ်ကိုပြန်ရောက်စဉ် ဖခင်ဖြစ်သူနဲ့ အစ်ကို ဖြစ်သူတို့ဟာ အိပ်ပျော်နေတယ်လို့ သိရပါတယ်။

 အဲဒီနောက် အခန်းအတွင်း အဝတ်အစားလဲဖို့ ဝင်လာစဉ် တစ်လမ်းတည်းနေတဲ့ အသက် (၄၂)နှစ်အရွယ် ထွေးကျော် (ခ) စောအိုင်စူးက အခန်းအတွင်းဝင်လာပြီး အတင်းတွန်းလှဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့တဲ့အတွက် သတိလစ်သွားခဲ့ပါတယ်။

 သတိပြန်ရစဉ်မှာလည်း သားမယားအဖြစ် ဆက်လက်ပြုကျင့်နေတာကြောင့် ပတ်ဝန်းကျင်ကို အကူအညီတောင်းခံစဉ် ထွက်ပြေးသွားခဲ့ပါတယ်။

 ဒီကိစ္စကို မိသားစုကို မပြောဘဲနေခဲ့ရာ နောက်တစ်နေ့မှာပဲ ထပ်မံရောက်ရှိလာကာ အရင်ဖြစ်စဉ်အတိုင်း ထပ်မံပြုကျင့်ခဲ့ပါတယ်။

 အဲဒီနောက် အမျိုးသမီးက ကပ်ရပ်အိမ်က အစ်မဖြစ်သူကို အော်ဟစ်အကူအညီတောင်းခဲ့တဲ့အတွက် အစ်မဖြစ်သူရောက်ရှိလာရာ ထပ်မံထွက်ပြေးခဲ့ပါတယ်။

 ဒီဖြစ်စဉ်ကို မိသားစုဝင်တွေက ရှက်ကြောက်ပြီးအမှုမဖွင့်ခဲ့ရာ ကျူးလွန်သူ ထွေးကျော် (ခ) စောအိုင်စူးက မိသားစုကို ခြိမ်းခြောက်ခဲ့ပါတယ်။

 ဒါကြောင့် ကာယကံရှင်က တိုင်တန်းခဲ့ရာ ကျူးလွန်သူကို အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:5 Plus News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top