Kantharyar Centre
×

အရပ္ရပ္ကုန္ေဈးႏႈန္း တရိပ္ရိပ္တက္ေနမႈအား အစိုးရက ထိန္းခ်ဳပ္မည့္ အစီအစဥ္ရွိ၊ မရွိဟူသည့္ လႊတ္ေတာ္အမတ္၏ ေမးျမန္းမႈအေပၚလႊတ္ေတာ္တြင္လာေရာက္ေျဖၾကားေသာ ျပည္ေထာင္စုန္ႀကီး၏
 ေျဖၾကားခ်က္သည္ ျပည့္စံုမႈမရွိဘဲ ေမးခြန္းႏွင့္အေျဖကြဲလြဲေနသည္ဟုလႊတ္ေတာ္အမတ္တုိ႔က
 ေဝဖန္လိုက္သည္။

ကုန္ေဈးႏႈန္းတက္ေနမႈကို အစိုးရတရပ္၏ တာဝန္ယူမႈ၊ တာဝန္ခံမႈအရလည္းေကာင္း၊ အစိုးရ၏ မူဝါဒျဖစ္ေသာ ျပည္သူအမ်ားစုဘဝ လြတ္လပ္လံုၿခံဳစြာ ဖြံ႔ၿဖိဳးတိုးတက္ေရးကိုလည္းေကာင္း မည္ကဲ့သို႔ ေဆာင္ရြက္ေနသည္ကိုပန္းေတာင္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚခင္ႏွင္းသစ္က
 ႏိုဝင္ဘာလ ၁၆ရက္၊ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေမးျမန္းခဲ့သည္။

အဆိုပါ ေမးခြန္းကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ေဒါက္တာသန္းျမင့္က လႊတ္ေတာ္တြင္ လာေရာက္ေျဖၾကားရာတြင္ ေငြေၾကးေဖာင္းပြမႈ အေျခအေနမ်ား၊ ကုန္ေဈးႏႈန္းတက္ရသည့္ အေၾကာင္းအရင္းမ်ားႏွင့္ ကုန္ေဈးႏႈန္းျမင့္မားလာသည့္ ႏႈန္းထားမ်ားကိုသာ အက်ယ္တဝင့္ ရွင္းျပေနသည့္အတြက္ လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္က “နိဂံုးခ်ဳပ္ပါ” ဟူ၍ ဝန္ႀကီးကို သတိေပးသည္။

“ေမးခြန္းကို ထိထိေရာက္ေရာက္ ေျဖေစခ်င္ပါတယ္” ဟု ဦးဝင္းျမင့္က ဆိုသည္။

ယင္းေနာက္ ဆက္လက္ေျဖၾကားရန္ အခ်ိန္ ၂မိနစ္ တိုးျမွင့္ေပးခဲ့ရာတြင္ ဝန္ႀကီး ေဒါက္တာသန္းျမင့္က “ေဈးကြက္စီးပြားေရးစနစ္အရ ကုန္ေဈးႏႈန္းအား အစိုးရမွ တိုက္႐ိုက္ထိန္းခ်ဳပ္ရန္ မသင့္” ဟု လႊတ္ေတာ္တြင္ ေျဖၾကားခဲ့သည္။

ယင္းေနာက္ ေမးခြန္းရွင္ျဖစ္သူ ေဒၚခင္ႏွင္းသစ္က ဝန္ႀကီး၏ ေျဖၾကားမႈသည္ ျပည့္စံုမႈမရွိဟုဆိုကာ ထပ္ဆင့္ေမးခြန္းဆက္လက္ေမးျမန္းခဲ့ရာ အဆင္သင့္မျဖစ္ေသးေသာေၾကာင့္ လာမည့္ လႊတ္ေတာ္ Section မွသာ ေျဖၾကားေပးမည္ဟု ဝန္ႀကီးေဒါက္တာသန္းျမင့္က ေျပာဆိုသည္။

“ဝန္ႀကီးေျဖတာ ေမးခြန္းနဲ႔ အေျဖနဲ႔ မကိုက္ဘူး။ ကၽြန္မေမးတာက ကုန္ေဈးႏႈန္းတက္ေနတာကို ထိန္းခ်ဳပ္ေပးဖို႔ အစီအစဥ္ရွိ၊ မရွိ ေမးတာေလ။ သူေျဖတဲ့အထဲမွာေတာ့ ကုန္ေဈးႏႈန္းတက္ေနတာကို အေသးစိတ္ရွင္းျပသြားတယ္။ ကၽြန္မလိုခ်င္တာ အဲ့အေျဖမဟုတ္ဘူး။ ကုန္ေဈးႏႈန္းတက္ေနတာ အကုန္လံုး သိတယ္။ သူကေတာ့ ေဈးကြက္စီးပြားေရးစနစ္အရဆိုၿပီး အေၾကာင္းျပခ်က္တစ္ခုေတာ့ ေျပာတယ္။ ဒါေပမယ့္ဒီမိုကေရစီစနစ္ဆိုတာ ျပည္သူကိုအေျချပဳတဲ့ႏုိင္ငံေရးစနစ္ ျဖစ္တဲ့အတြက္ေၾကာင့္ ျပည္သူ႔အသံကို နားေထာင္ဖို႔ လိုပါတယ္။ ျပည္သူေတြက ဒီကုန္ေဈးႏႈန္းနဲ႔ပတ္သက္လို႔ အသံႀကီးက က်ယ္ေလာင္ေနၿပီေလ” ဟု ေမးခြန္းေမးျမန္းခဲ့သူ ေဒၚခင္ႏွင္းသစ္က လႊတ္ေတာ္အစည္းအေဝးအၿပီးတြင္ ေျပာသည္။

ေျမာက္ဦးၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးဦးလွေစာကလည္း “ဒီဝန္ႀကီးဌာနအေနနဲ႔ ျပည္သူေတြခံစားေနရတဲ့ ကုန္ေဈးႏႈန္းျပႆနာေတြကို ဘယ္လိုလုပ္မလဲဆိုတဲ့ တိက်တဲ့မူဝါဒ လုပ္ငန္းစဥ္ မရွိဘူးဆိုတာ သက္ေသခံသြားတာပဲ။ အဲ့ေတာ့ မတန္ဘူးဗ်။ NLDမွာ တကယ္ကို ကၽြမ္းက်င္တဲ့စီးပြားေရးပညာရွင္ေတြ မ်ားစြာရွိပါတယ္။ ဘယ္လိုေရြးၿပီး ဘယ္လိုျဖစ္ေနလဲ မသိဘူး။ ဒီအတုိင္းဆိုရင္ေတာ့ ဗမာ(ျမန္မာ)ျပည္ရဲ့စီးပြားေရး ရင္ေလးဖို႔ ေကာင္းပါတယ္” ဟု ေဝဖန္ေျပာဆိုသည္။

ကုန္ေဈးႏႈန္းျမင့္တက္ေနသည့္ကိစၥသည္အစိုးရတြင္တိုက္႐ိုက္တာဝန္ရွိသည္ဟု ျပည္ေထာင္စုႀက့ံခိုင္ေရးႏွင့္
ဖြံ႔ၿဖိဳးေရးပါတီမွ မိတၳီလာၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒါက္တာေမာင္သင္းက ေျပာသည္။

“အစိုးရမွာ တာဝန္ရွိတာပဲေလ။ ထိန္းခ်ဳပ္တဲ့ေနရာမွာလည္း မူဝါဒနဲ႔ စိစစ္ေပးလို႔ ရတယ္။ ျဖစ္ပ်က္ေနတဲ့ ျပႆနာေတြအေပၚ မူတည္ၿပီးေတာ့ ၾကားထဲက ဝင္ညွိေပးလို႔ရတယ္။ ဒီလိုဟာေတြနဲ႔ သူ(အစိုးရ)က ထိန္းခ်ဳပ္ရမယ္” ဟု ေဒါက္တာေမာင္သင္းက ဆိုသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mizzima

#Unicode Version
အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား အစိုးရက ထိန်းချုပ်မည့် အစီအစဉ်ရှိ၊ မရှိဟူသည့် လွှတ်တော်အမတ်၏ မေးမြန်းမှုအပေါ်လွှတ်တော်တွင်လာရောက်ဖြေကြားသော ပြည်ထောင်စုန်ကြီး၏

 ဖြေကြားချက်သည် ပြည့်စုံမှုမရှိဘဲ မေးခွန်းနှင့်အဖြေကွဲလွဲနေသည်ဟုလွှတ်တော်အမတ်တို့က

 ဝေဖန်လိုက်သည်။

ကုန်ဈေးနှုန်းတက်နေမှုကို အစိုးရတရပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုအရလည်းကောင်း၊ အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူအများစုဘဝ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကောင်း မည်ကဲ့သို့ ဆောင်ရွက်နေသည်ကိုပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်နှင်းသစ်က

 နိုဝင်ဘာလ ၁၆ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က လွှတ်တော်တွင် လာရောက်ဖြေကြားရာတွင် ငွေကြေးဖောင်းပွမှု အခြေအနေများ၊ ကုန်ဈေးနှုန်းတက်ရသည့် အကြောင်းအရင်းများနှင့် ကုန်ဈေးနှုန်းမြင့်မားလာသည့် နှုန်းထားများကိုသာ အကျယ်တဝင့် ရှင်းပြနေသည့်အတွက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “နိဂုံးချုပ်ပါ” ဟူ၍ ဝန်ကြီးကို သတိပေးသည်။

“မေးခွန်းကို ထိထိရောက်ရောက် ဖြေစေချင်ပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ယင်းနောက် ဆက်လက်ဖြေကြားရန် အချိန် ၂မိနစ် တိုးမြှင့်ပေးခဲ့ရာတွင် ဝန်ကြီး ဒေါက်တာသန်းမြင့်က “ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရမှ တိုက်ရိုက်ထိန်းချုပ်ရန် မသင့်” ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ယင်းနောက် မေးခွန်းရှင်ဖြစ်သူ ဒေါ်ခင်နှင်းသစ်က ဝန်ကြီး၏ ဖြေကြားမှုသည် ပြည့်စုံမှုမရှိဟုဆိုကာ ထပ်ဆင့်မေးခွန်းဆက်လက်မေးမြန်းခဲ့ရာ အဆင်သင့်မဖြစ်သေးသောကြောင့် လာမည့် လွှတ်တော် Section မှသာ ဖြေကြားပေးမည်ဟု ဝန်ကြီးဒေါက်တာသန်းမြင့်က ပြောဆိုသည်။

“ဝန်ကြီးဖြေတာ မေးခွန်းနဲ့ အဖြေနဲ့ မကိုက်ဘူး။ ကျွန်မမေးတာက ကုန်ဈေးနှုန်းတက်နေတာကို ထိန်းချုပ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးတာလေ။ သူဖြေတဲ့အထဲမှာတော့ ကုန်ဈေးနှုန်းတက်နေတာကို အသေးစိတ်ရှင်းပြသွားတယ်။ ကျွန်မလိုချင်တာ အဲ့အဖြေမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်နေတာ အကုန်လုံး သိတယ်။ သူကတော့ ဈေးကွက်စီးပွားရေးစနစ်အရဆိုပြီး အကြောင်းပြချက်တစ်ခုတော့ ပြောတယ်။ ဒါပေမယ့်ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူကိုအခြေပြုတဲ့နိုင်ငံရေးစနစ် ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အသံကို နားထောင်ဖို့ လိုပါတယ်။ ပြည်သူတွေက ဒီကုန်ဈေးနှုန်းနဲ့ပတ်သက်လို့ အသံကြီးက ကျယ်လောင်နေပြီလေ” ဟု မေးခွန်းမေးမြန်းခဲ့သူ ဒေါ်ခင်နှင်းသစ်က လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောကလည်း “ဒီဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေခံစားနေရတဲ့ ကုန်ဈေးနှုန်းပြဿနာတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ တိကျတဲ့မူဝါဒ လုပ်ငန်းစဉ် မရှိဘူးဆိုတာ သက်သေခံသွားတာပဲ။ အဲ့တော့ မတန်ဘူးဗျ။ NLDမှာ တကယ်ကို ကျွမ်းကျင်တဲ့စီးပွားရေးပညာရှင်တွေ များစွာရှိပါတယ်။ ဘယ်လိုရွေးပြီး ဘယ်လိုဖြစ်နေလဲ မသိဘူး။ ဒီအတိုင်းဆိုရင်တော့ ဗမာ(မြန်မာ)ပြည်ရဲ့စီးပွားရေး ရင်လေးဖို့ ကောင်းပါတယ်” ဟု ဝေဖန်ပြောဆိုသည်။

ကုန်ဈေးနှုန်းမြင့်တက်နေသည့်ကိစ္စသည်အစိုးရတွင်တိုက်ရိုက်တာဝန်ရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်

ဖွံ့ဖြိုးရေးပါတီမှ မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက ပြောသည်။

“အစိုးရမှာ တာဝန်ရှိတာပဲလေ။ ထိန်းချုပ်တဲ့နေရာမှာလည်း မူဝါဒနဲ့ စိစစ်ပေးလို့ ရတယ်။ ဖြစ်ပျက်နေတဲ့ ပြဿနာတွေအပေါ် မူတည်ပြီးတော့ ကြားထဲက ဝင်ညှိပေးလို့ရတယ်။ ဒီလိုဟာတွေနဲ့ သူ(အစိုးရ)က ထိန်းချုပ်ရမယ်” ဟု ဒေါက်တာမောင်သင်းက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top