Property Expo
×

 အေမရိကန္ႏုိင္ငံ၊ အိုဟိုင္ယိုျပည္နယ္ တကၠသိုလ္တြင္ ေက်ာင္းသားတစ္ဦး ရမ္းကားတုိက္ခုိက္မႈေၾကာင့္ လူ ၁၁ ဦး ဒဏ္ရာ ရရွိသြားခဲ့သည္။

ႏိုဝင္ဘာ ၂၈ ရက္ တိုက္ခုိက္မႈကို ဆိုမာလီအႏြယ္ ေက်ာင္းသားတစ္ဦးက က်ဴးလြန္ခဲ့ျခင္း ျဖစ္သည္။ အသက္ ၁၈ ႏွစ္အရြယ္ ရာဇက္ခ္ အလီ အာတန္သည္ တကၠသိုလ္ ဝင္းထဲရွိ လမ္းသြားလမ္းလာမ်ားကို ကားျဖင့္ ဝင္တိုက္ၿပီးေနာက္ ကားထဲမွထြက္ကာ နီးရာလူကို ဓားျဖင့္ လုိက္ထုိးခဲ့သည္။ ၎ကို ရဲမ်ားက အေသပစ္ခတ္ တားဆီးခဲ့ရေၾကာင္း သိရသည္။

ေဒသခံရဲတပ္ဖြဲ႕ အႀကီးအကဲ ကင္မ္ဂ်က္ေကာ့ဘ္စ္က အဆိုပါ တိုက္ခုိက္မႈသည္ အၾကမ္းဖက္ဂိုဏ္းမ်ားႏွင့္ ဆက္ႏႊယ္မႈ ရွိမရွိ စံုစမ္းေနေၾကာင္း ေျပာၾကားခဲ့သည္။ အာတန္သည္ ယခုလုပ္ရပ္ကို မက်ဴးလြန္မီက “မိမိ၏ မြတ္ဆလင္ ညီအစ္ကိုမ်ားကို အေမရိကန္ တရားဥပေဒ စိုးမိုးေရး အာဏာပိုင္မ်ားက ညႇဉ္းဆဲသတ္ျဖတ္ေနသည္ကို သည္းမခံႏုိင္ေတာ့”ဟု Facebookေပၚတြင္ ေရးသားထားေသးသည္။

အာတန္၏ တိုက္ခုိက္မႈေၾကာင့္ လူ ၁၁ ဦး ဒဏ္ရာရခဲ့ၿပီး ၁ ဦးမွာ အေျခအေန ဆိုးရြားေနေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။ ကိုလံဘတ္စ္ရွိ ေက်ာင္းသူေက်ာင္းသား ေျခာက္ေသာင္းမွ် တက္ေရာက္ပညာသင္ၾကားေနေသာ တကၠသိုလ္တြင္ အက္ဖ္ဘီအိုင္ ေထာက္လွမ္းေရးကပါ ပူးေပါင္းစံုစမ္းမႈမ်ား ျပဳလုပ္ေနသည္။

သတင္းေထာက္မ်ားက ယခုျဖစ္ရပ္သည္ အၾကမ္းဖက္မႈ ဟုတ္မဟုတ္ ေမးျမန္းရာ ဂ်က္ေကာ့ဘ္စ္က “အတိအက်ေတာ့ မေျပာႏုိင္ေသးပါဘူး။ ဒါေပမဲ့ အဲဒီကိစၥကို ကၽြန္မတုိ႔ ထည့္စဉ္းစားရပါလိမ့္မယ္။ ေသခ်ာတာက က်ဴးလြန္သူဟာ လမ္းသြားလမ္းလာေတြကို ရည္ရြယ္ခ်က္ရွိရွိ ကားနဲ႔ ဝင္တိုက္ခဲ့တာေၾကာင့္ စနစ္တက် ႀကိဳတင္ ႀကံစည္ထားတယ္လုိ႔ ကၽြန္မတို႔ ယူဆထားတယ္”ဟု ေျဖၾကားခဲ့သည္။

အာတန္သည္ အိုဟိုင္ယိုျပည္နယ္ တကၠသိုလ္ လက္ေအာက္ခံ စီးပြားေရး ေကာလိပ္တြင္ တက္ေရာက္ေနသူ ျဖစ္သည္။ “သူက ကားနဲ႔ ဝင္တိုက္ၿပီးတာနဲ႔ ေဘးလူေတြကို သားလွီးဓား တစ္ေခ်ာင္းနဲ႔ လိုက္ရန္ျပဳေတာ့တာပဲလို႔ မ်က္ျမင္ေတြက ေျပာထားပါတယ္”ဟု အိုဟိုင္ယိုျပည္နယ္ ရဲတပ္ဖဲြ႕ အႀကီးအကဲ ကရိတ္ဂ်္စတုန္းက ဆိုသည္။ ထိုအခ်ိန္က ဓာတ္ေငြ႕ယိုစိမ့္မႈ တစ္ခုကို စစ္ေဆးရန္ ေရာက္ရွိေနသည့္ ရဲဝန္ထမ္းတစ္ဦး အနီးတြင္ ရွိေနေသာေၾကာင့္ အာတန္ကို ပစ္ခတ္ တားဆီးႏုိင္ခဲ့ၿပီး ၎သည္ တစ္မိနစ္မွ်အတြင္း ေသဆံုးသြားေၾကာင္း သိရသည္။

အာတန္ကို တားဆီးခဲ့သူမွာ အိုဟိုင္ယိုျပည္နယ္ တကၠသိုလ္ ရဲတပ္ဖြဲ႕ အရာရွိ တစ္ဦးျဖစ္သည့္ အသက္ ၂၈ ႏွစ္အရြယ္ အလန္ ဟို႐ုဂ်္ကီျဖစ္ေၾကာင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ အာတန္ လက္ခ်က္ေၾကာင့္ ဒဏ္ရာရခဲ့သူမ်ားတြင္ တကၠသိုလ္ ဝန္ထမ္းမ်ား၊ ဆရာဆရာမမ်ား၊ ဘြဲ႕ႀကိဳႏွင့္ ဘြဲ႕လြန္ ေက်ာင္းသူေက်ာင္းသားမ်ား ပါဝင္ၾကသည္။

လံုၿခံဳေရးကင္မရာ မွတ္တမ္းမ်ားအရ အာတန္သည္ တကၠသိုလ္ထဲသို႔ တစ္ဦးတည္း ကားေမာင္းဝင္လာခဲ့ရာ ၎အေနျဖင့္ ႀကံရာပါ မရွိဘဲ အမႈကို တစ္ဦးတည္း က်ဴးလြန္ခဲ့ျခင္း ျဖစ္ႏုိင္ေၾကာင္း ရဲမ်ားက သံုးသပ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမေရိကန်နိုင်ငံ၊ အိုဟိုင်ယိုပြည်နယ် တက္ကသိုလ်တွင် ကျောင်းသားတစ်ဦး ရမ်းကားတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

နိုဝင်ဘာ ၂၈ ရက် တိုက်ခိုက်မှုကို ဆိုမာလီအနွယ် ကျောင်းသားတစ်ဦးက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ အသက် ၁၈ နှစ်အရွယ် ရာဇက်ခ် အလီ အာတန်သည် တက္ကသိုလ် ဝင်းထဲရှိ လမ်းသွားလမ်းလာများကို ကားဖြင့် ဝင်တိုက်ပြီးနောက် ကားထဲမှထွက်ကာ နီးရာလူကို ဓားဖြင့် လိုက်ထိုးခဲ့သည်။ ၎င်းကို ရဲများက အသေပစ်ခတ် တားဆီးခဲ့ရကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ ကင်မ်ဂျက်ကော့ဘ်စ်က အဆိုပါ တိုက်ခိုက်မှုသည် အကြမ်းဖက်ဂိုဏ်းများနှင့် ဆက်နွှယ်မှု ရှိမရှိ စုံစမ်းနေကြောင်း ပြောကြားခဲ့သည်။ အာတန်သည် ယခုလုပ်ရပ်ကို မကျူးလွန်မီက “မိမိ၏ မွတ်ဆလင် ညီအစ်ကိုများကို အမေရိကန် တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များက ညှဉ်းဆဲသတ်ဖြတ်နေသည်ကို သည်းမခံနိုင်တော့”ဟု Facebookပေါ်တွင် ရေးသားထားသေးသည်။

အာတန်၏ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးမှာ အခြေအနေ ဆိုးရွားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ကိုလံဘတ်စ်ရှိ ကျောင်းသူကျောင်းသား ခြောက်သောင်းမျှ တက်ရောက်ပညာသင်ကြားနေသော တက္ကသိုလ်တွင် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးကပါ ပူးပေါင်းစုံစမ်းမှုများ ပြုလုပ်နေသည်။

သတင်းထောက်များက ယခုဖြစ်ရပ်သည် အကြမ်းဖက်မှု ဟုတ်မဟုတ် မေးမြန်းရာ ဂျက်ကော့ဘ်စ်က “အတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အဲဒီကိစ္စကို ကျွန်မတို့ ထည့်စဉ်းစားရပါလိမ့်မယ်။ သေချာတာက ကျူးလွန်သူဟာ လမ်းသွားလမ်းလာတွေကို ရည်ရွယ်ချက်ရှိရှိ ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် စနစ်တကျ ကြိုတင် ကြံစည်ထားတယ်လို့ ကျွန်မတို့ ယူဆထားတယ်”ဟု ဖြေကြားခဲ့သည်။

အာတန်သည် အိုဟိုင်ယိုပြည်နယ် တက္ကသိုလ် လက်အောက်ခံ စီးပွားရေး ကောလိပ်တွင် တက်ရောက်နေသူ ဖြစ်သည်။ “သူက ကားနဲ့ ဝင်တိုက်ပြီးတာနဲ့ ဘေးလူတွေကို သားလှီးဓား တစ်ချောင်းနဲ့ လိုက်ရန်ပြုတော့တာပဲလို့ မျက်မြင်တွေက ပြောထားပါတယ်”ဟု အိုဟိုင်ယိုပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ကရိတ်ဂျ်စတုန်းက ဆိုသည်။ ထိုအချိန်က ဓာတ်ငွေ့ယိုစိမ့်မှု တစ်ခုကို စစ်ဆေးရန် ရောက်ရှိနေသည့် ရဲဝန်ထမ်းတစ်ဦး အနီးတွင် ရှိနေသောကြောင့် အာတန်ကို ပစ်ခတ် တားဆီးနိုင်ခဲ့ပြီး ၎င်းသည် တစ်မိနစ်မျှအတွင်း သေဆုံးသွားကြောင်း သိရသည်။

အာတန်ကို တားဆီးခဲ့သူမှာ အိုဟိုင်ယိုပြည်နယ် တက္ကသိုလ် ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်သည့် အသက် ၂၈ နှစ်အရွယ် အလန် ဟိုရုဂျ်ကီဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ အာတန် လက်ချက်ကြောင့် ဒဏ်ရာရခဲ့သူများတွင် တက္ကသိုလ် ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ကျောင်းသူကျောင်းသားများ ပါဝင်ကြသည်။

လုံခြုံရေးကင်မရာ မှတ်တမ်းများအရ အာတန်သည် တက္ကသိုလ်ထဲသို့ တစ်ဦးတည်း ကားမောင်းဝင်လာခဲ့ရာ ၎င်းအနေဖြင့် ကြံရာပါ မရှိဘဲ အမှုကို တစ်ဦးတည်း ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top