Property Expo
×

လူငယ္ ပရဟိတအဖြဲ႕တစ္ခုက ရန္ကုန္ၿမိဳ႕တြင္ အမိႈက္ေကာက္ေနစဥ္


ဂ်ပန္ႏုိင္ငံမွ တိုက်ဳိေဒသ ဆုိင္ရာ အစိုးရေအာက္ရွိ သဘာ ၀ပတ္၀န္းက်င္ဗ်ဴ႐ိုသည္ ရန္ကုန္ ၿမိဳ႕အတြင္း အမိႈက္ေကာက္ရန္ လာေရာက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီ (YCDC)မွ သတင္း ရရွိသည္။

အထက္ပါ တိုက်ိဳသဘာ၀ ပတ္၀န္းက်င္ဗ်ဴ႐ိုသည္ ရန္ကုန္ အေျခစိုက္ အရပ္ဘက္အဖဲြ႕အ စည္းမ်ား၊ တကၠသုိလ္ေက်ာင္း သား၊ ေက်ာင္းသူမ်ားႏွင့္အတူ ႏုိ၀င္ဘာ ၁၀ ရက္တြင္ ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရး ေကာ္မ တီကျပဳလုပ္ေသာ အမိႈက္ေကာက္ ၿပိဳင္ပဲြ၌ ပါ၀င္မည္ဟု YCDC ေကာ္မတီ၀င္(၅) ေဒၚသန္းျမင့္ ေအာင္က ေျပာၾကားသည္။

‘‘ဂ်ပန္ကအဖဲြ႕ေတြ လာ ေရာက္မယ္။ ဒီက အရပ္ဘက္အ ဖဲြ႕အစည္းေတြ၊ တကၠသုိလ္ ေက်ာင္းသား၊ ေက်ာင္းသူေတြ ပါ ၀င္တဲ့ အမႈိက္ေကာက္ၿပိဳင္ပဲြမွာ ပါ၀င္မယ္။ ႏုိ၀င္ဘာ ၁၀ ရက္မွာ ျပဳလုပ္မွာျဖစ္တယ္’’ဟု ေဒၚသန္း ျမင့္ေအာင္က 7Day Daily သ တင္းစာအား ေျပာၾကားသည္။

ႏုိ၀င္ဘာ ၁၀ ရက္တြင္ နံနက္ ၇ နာရီကစတင္၍ ၿမိဳ႕ေတာ္ခန္းမ ေရွ႕ရွိ မဟာဗႏၶဳလပန္းၿခံအနီးတစ္ ၀ိုက္၊ ၿမိဳ႕တြင္းလမ္းမမ်ားေပၚ၌ အဖဲြ႕၀င္ငါးဦးမွ ခုနစ္ဦးအထိပါ ၀င္ေသာ အဖဲြ႕ႏွစ္ဆယ္က မိနစ္ ၄၀ ၾကာ လမ္းေလွ်ာက္ကာ အ မိႈက္ေကာက္မည္ျဖစ္ေၾကာင္း ယင္းၿပိဳင္ပဲြတြင္ ပါ၀င္မည့္ ေက်ာ္ သူပရဟိတကြန္ရက္ အတြင္းေရး မွဴး ဦးႏုိင္၀င္းက ရွင္းျပသည္။

‘‘မဟာဗႏၶဳလပန္းၿခံက စ မယ္။ ၿမိဳ႕တြင္းလမ္းေတြေပါ့။ သတ္မွတ္ခ်ိန္ မိနစ္ ၄၀ သတ္မွတ္ ထားတယ္။ လမ္းေလွ်ာက္ အ မိႈက္ေကာက္ျခင္းက က်န္းမာေရး အတြက္ အေထာက္အကူျဖစ္ေစ ႏုိင္တယ္ဆုိတာမ်ိဳးေပါ့။ ၿမိဳ႕ေတာ္  ၀န္ကိုယ္တိုင္ ဆုခ်ီးျမႇင့္မယ္ေျပာ တယ္’’ဟု ဦးႏုိင္၀င္းကေျပာသည္။

ၿမိဳ႕ေတာ္သန္႔ရွင္းေရးအ တြက္ ၿပိဳင္ပဲြမ်ားျပဳလုပ္ဖူးေသာ္ လည္း အမိႈက္ေကာက္ၿပိဳင္ပဲြကို ဒီခ်ဳပ္အစိုးရ လက္ထက္တြင္ ပထမဆံုးအႀကိမ္ ျပဳလုပ္ျခင္းျဖစ္ ေၾကာင္း သိရသည္။

‘‘စံျပအေနနဲ႔ ေကာက္ျပရ တယ္။ လူစည္ကားရာေနရာေတြ မွာ လုပ္တာ။ လူျမင္ကြင္းမွာ အ မိႈက္မပစ္သင့္ဘူးဆုိတဲ့အသိေလး ေတာ့ ရသြားမွာေပါ့’’ဟု နာေရး ကူညီမႈအသင္း (ရန္ကုန္)ႏွင့္ ေက်ာ္သူပရဟိတကြန္ရက္ဥကၠ႒ ဦးေက်ာ္သူက မွတ္ခ်က္ျပဳသည္။

လက္ရွိအာဏာရပါတီ အ မ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္သည္ ၂၀၁၅ ႏုိ၀င္ဘာေရြးေကာက္ပဲြ တြင္ အႏုိင္ရၿပီးေနာက္ ဒီဇင္ဘာ ၌ ႏုိင္ငံတစ္၀န္းအမိႈက္ေကာက္ လႈပ္ရွားမႈမ်ား ျပဳလုပ္ခဲ့ေသာ္ လည္း ယခုေနာက္ပိုင္းတြင္ အ မိႈက္ေကာက္လႈပ္ရွားမႈ မရွိေပ။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီ (YCDC)၏ ဦး ေဆာင္မႈျဖင့္ တစ္ေက်ာ့ျပန္အ မိႈက္ေကာက္လႈပ္ရွားမႈ ျပန္လည္ စတင္လာျခင္းျဖစ္သည္။

၂၀၁၅ ဒီဇင္ဘာ ၁၃ ရက္က ေကာ့မွဴးၿမိဳ႕၌ လက္ရွိႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ အမိႈက္ေကာက္ခဲ့ၿပီး ေနာင္ရက္မ်ား၌လည္း အမိႈက္ေကာက္ၾကရန္ တိုက္တြန္းခဲ့သည္။






ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဂျပန်နိုင်ငံမှ တိုကျိုဒေသ ဆိုင်ရာ အစိုးရအောက်ရှိ သဘာ ဝပတ်ဝန်းကျင်ဗျူရိုသည် ရန်ကုန် မြို့အတွင်း အမှိုက်ကောက်ရန် လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC)မှ သတင်း ရရှိသည်။

အထက်ပါ တိုကျိုသဘာ၀ ပတ်ဝန်းကျင်ဗျူရိုသည် ရန်ကုန် အခြေစိုက် အရပ်ဘက်အဖွဲ့အ စည်းများ၊ တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများနှင့်အတူ နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မ တီကပြုလုပ်သော အမှိုက်ကောက် ပြိုင်ပွဲ၌ ပါဝင်မည်ဟု YCDC ကော်မတီဝင်(၅) ဒေါ်သန်းမြင့် အောင်က ပြောကြားသည်။

‘‘ဂျပန်ကအဖွဲ့တွေ လာ ရောက်မယ်။ ဒီက အရပ်ဘက်အ ဖွဲ့အစည်းတွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ ပါ ဝင်တဲ့ အမှိုက်ကောက်ပြိုင်ပွဲမှာ ပါဝင်မယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ပြုလုပ်မှာဖြစ်တယ်’’ဟု ဒေါ်သန်း မြင့်အောင်က 7Day Daily သ တင်းစာအား ပြောကြားသည်။

နိုဝင်ဘာ ၁၀ ရက်တွင် နံနက် ၇ နာရီကစတင်၍ မြို့တော်ခန်းမ ရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတစ် ဝိုက်၊ မြို့တွင်းလမ်းမများပေါ်၌ အဖွဲ့ဝင်ငါးဦးမှ ခုနစ်ဦးအထိပါ ဝင်သော အဖွဲ့နှစ်ဆယ်က မိနစ် ၄၀ ကြာ လမ်းလျှောက်ကာ အ မှိုက်ကောက်မည်ဖြစ်ကြောင်း ယင်းပြိုင်ပွဲတွင် ပါဝင်မည့် ကျော် သူပရဟိတကွန်ရက် အတွင်းရေး မှူး ဦးနိုင်ဝင်းက ရှင်းပြသည်။

‘‘မဟာဗန္ဓုလပန်းခြံက စ မယ်။ မြို့တွင်းလမ်းတွေပေါ့။ သတ်မှတ်ချိန် မိနစ် ၄၀ သတ်မှတ် ထားတယ်။ လမ်းလျှောက် အ မှိုက်ကောက်ခြင်းက ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေ နိုင်တယ်ဆိုတာမျိုးပေါ့။ မြို့တော်  ဝန်ကိုယ်တိုင် ဆုချီးမြှင့်မယ်ပြော တယ်’’ဟု ဦးနိုင်ဝင်းကပြောသည်။

မြို့တော်သန့်ရှင်းရေးအ တွက် ပြိုင်ပွဲများပြုလုပ်ဖူးသော် လည်း အမှိုက်ကောက်ပြိုင်ပွဲကို ဒီချုပ်အစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။

‘‘စံပြအနေနဲ့ ကောက်ပြရ တယ်။ လူစည်ကားရာနေရာတွေ မှာ လုပ်တာ။ လူမြင်ကွင်းမှာ အ မှိုက်မပစ်သင့်ဘူးဆိုတဲ့အသိလေး တော့ ရသွားမှာပေါ့’’ဟု နာရေး ကူညီမှုအသင်း (ရန်ကုန်)နှင့် ကျော်သူပရဟိတကွန်ရက်ဥက္ကဋ္ဌ ဦးကျော်သူက မှတ်ချက်ပြုသည်။

လက်ရှိအာဏာရပါတီ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ တွင် အနိုင်ရပြီးနောက် ဒီဇင်ဘာ ၌ နိုင်ငံတစ်ဝန်းအမှိုက်ကောက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော် လည်း ယခုနောက်ပိုင်းတွင် အ မှိုက်ကောက်လှုပ်ရှားမှု မရှိပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ (YCDC)၏ ဦး ဆောင်မှုဖြင့် တစ်ကျော့ပြန်အ မှိုက်ကောက်လှုပ်ရှားမှု ပြန်လည် စတင်လာခြင်းဖြစ်သည်။

၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်က ကော့မှူးမြို့၌ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှိုက်ကောက်ခဲ့ပြီး နောင်ရက်များ၌လည်း အမှိုက်ကောက်ကြရန် တိုက်တွန်းခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top