Kantharyar Centre
×

ရွမ္းျပည္နယ္ေျမာက္ ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖက္ကာ ရဲကင္းစခန္းမွ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦး ႏွင့္ မတရားအသင္း ဆက္သြယ္မႈ ဥပေဒပုဒ္မ ၁၇(၁)ျဖင့္ ဖမ္းဆီး ထားေသာ တရားခံတစ္ဦးတို႔ သည္ ႏိုဝင္ဘာ ၂၈ ရက္တြင္ တရား႐ံုးမွအျပန္ လမ္းခရီး၌ ေပ်ာက္ဆံုးသြားေၾကာင္း မူဆယ္ ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးမွ သတင္း ရရွိသည္။

နမ့္ဖက္ကာရဲကင္းစခန္းက မတရားအသင္း ဆက္သြယ္မႈ ဥပေဒပုဒ္မ ၁၇(၁)ျဖင့္ ဖမ္းဆီး ထားေသာ ကြတ္ခုိင္ၿမိဳ႕နယ္ မန္ပိန္းရြာေန အသက္ (၂၆) ႏွစ္အ ရြယ္ ပေလာင္တုိင္းရင္းသား အိုက္စံကို မူဆယ္ခ႐ိုင္ ကြတ္ခိုင္ ၿမိဳ႕ တရား႐ံုးတြင္ တရားစြဲတင္ၿပီး ျပန္အလာလမ္းခရီး၌ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးႏွင့္ တရားခံတုိ႔ ေပ်ာက္ဆံုးခဲ့ ေၾကာင္း မူဆယ္ခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဦးစီးအ ရာရွိ ဦးေဇာ္မင္းက ေျပာသည္။

‘‘တရားခံပို႔သြားတဲ့ ဒုရဲအုပ္ ျမင့္ေဌးနဲ႔ ရဲတပ္ၾကပ္လင္းထက္ ေပ်ာက္ဆံုးေနတာပါဗ်။ ေနရာက ေကာင္းလိမ္ေက်းရြာ အနီးလုိ႔ ေျပာပါတယ္။ တရားခံသြားပို႔ၿပီး အျပန္မွာျဖစ္တာ။ ႐ံုးထုတ္ၿပီးအ ျပန္မွာျဖစ္တဲ့ ျပႆနာပါဗ်ာ။ တရားခံလည္းမေတြ႕တဲ့သေဘာ ပါ။ တရားခံရဲ႕အမႈက မတရား အသင္းဗ် ၁၇(၁)’’ဟု ဦးေဇာ္မင္း က ႏိုဝင္ဘာ ၂၉ ရက္တြင္ ေျပာ သည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ပတ္ သက္၍ ႏုိင္ငံေတာ္အတိုင္ပင္ခံ႐ံုး သတင္းထုတ္ျပန္ေရးေကာ္မတီ ကလည္း သတင္းထုတ္ျပန္ခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးသည္ ဖမ္းဆီး ထားသည့္ တရားခံကို ၿမိဳ႕နယ္ တရား႐ံုးသို႔ တရားစြဲတင္ခဲ့ၿပီး လုပ္ငန္းတာဝန္ၿပီးဆံုး၍ ညေန ၃ နာရီ တြင္ နမ့္ဖက္ကာရဲစခန္းသို႔ ျပန္ လာခဲ့ေၾကာင္း၊ ဒုရဲအုပ္ႏွင့္ ရဲတပ္ ၾကပ္တုိ႔သည္ ည ၇ နာရီအထိ စခန္းသို႔ ေရာက္ရွိျခင္းမရွိသျဖင့္ နယ္ေျမခံလုံၿခံဳေရးတပ္ဖြဲ႕ဝင္မ်ား က နယ္ေျမရွင္းလင္းရွာေဖြရာ ည ၁၀ နာရီ ၂၅ မိနစ္၌ ေကာင္း လိမ္ရြာအနီး ျပည္ေထာင္စုကား လမ္း မိုင္တိုင္ အမွတ္ ၂၃၃/၅-၆ အၾကား ၎တုိ႔အသံုးျပဳသည့္ ဟြန္ဒါဖစ္ယာဥ္ကို ေတြ႕ရွိခဲ့ေၾကာင္း ေဖာ္ျပထားသည္။

နမ့္ဖက္ကာ ရဲကင္းစခန္းမွ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦး ေပ်ာက္ဆံုးျခင္း ႏွင့္ပတ္သက္၍ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္ လ်က္ရွိေၾကာင္း သတင္းရရွိ သည္။

မတရားအသင္းအျဖစ္ သတ္မွတ္ထားသည့္ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား ႏွင့္ ဆက္သြယ္သူမ်ားကို အစိုးရ က မတရားအသင္းအက္ဥပေဒ ပုဒ္မ ၁၇(၁)ျဖင့္ အေရးယူကာ ေထာင္ဒဏ္ခ်မွတ္ျခင္းမ်ား ျပဳ လုပ္ခဲ့သည္။

တစ္ႏုိင္ငံလံုးပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)လက္မွတ္ေရးထိုးထားသည့္ တုိင္းရင္းသားလက္နက္ ကိုင္အဖြဲ႕မ်ားကိုမူ အစိုးရက မတရားအသင္းအျဖစ္မွ ပယ္ဖ်က္ေပးခဲ့သည္။

NCA လက္မွတ္မထိုးရေသး သည့္ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA၊ ပေလာင္/တအာင္း လက္ နက္ကိုင္အဖြဲ႕ TNLA တုိ႔ပါဝင္ သည့္ ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ ဘာ ၂၀ ရက္တြင္ ရွမ္းျပည္ ေျမာက္ပိုင္းရွိ ၁၀၅ မိုင္ကုန္သြယ္ ေရးဇုန္အပါအဝင္ အစိုးရလံုၿခံဳ ေရးတပ္စခန္းမ်ားကို တိုက္ခိုက္ ရာမွ လတ္တေလာ၌ တိုက္ပြဲမ်ား ေန႔စဥ္ျဖစ္ပြားလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး နှင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး ထားသော တရားခံတစ်ဦးတို့ သည် နိုဝင်ဘာ ၂၈ ရက်တွင် တရားရုံးမှအပြန် လမ်းခရီး၌ ပျောက်ဆုံးသွားကြောင်း မူဆယ် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သတင်း ရရှိသည်။

နမ့်ဖက်ကာရဲကင်းစခန်းက မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး ထားသော ကွတ်ခိုင်မြို့နယ် မန်ပိန်းရွာနေ အသက် (၂၆) နှစ်အ ရွယ် ပလောင်တိုင်းရင်းသား အိုက်စံကို မူဆယ်ခရိုင် ကွတ်ခိုင် မြို့ တရားရုံးတွင် တရားစွဲတင်ပြီး ပြန်အလာလမ်းခရီး၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် တရားခံတို့ ပျောက်ဆုံးခဲ့ ကြောင်း မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအ ရာရှိ ဦးဇော်မင်းက ပြောသည်။

‘‘တရားခံပို့သွားတဲ့ ဒုရဲအုပ် မြင့်ဌေးနဲ့ ရဲတပ်ကြပ်လင်းထက် ပျောက်ဆုံးနေတာပါဗျ။ နေရာက ကောင်းလိမ်ကျေးရွာ အနီးလို့ ပြောပါတယ်။ တရားခံသွားပို့ပြီး အပြန်မှာဖြစ်တာ။ ရုံးထုတ်ပြီးအ ပြန်မှာဖြစ်တဲ့ ပြဿနာပါဗျာ။ တရားခံလည်းမတွေ့တဲ့သဘော ပါ။ တရားခံရဲ့အမှုက မတရား အသင်းဗျ ၁၇(၁)’’ဟု ဦးဇော်မင်း က နိုဝင်ဘာ ၂၉ ရက်တွင် ပြော သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ကလည်း သတင်းထုတ်ပြန်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ဖမ်းဆီး ထားသည့် တရားခံကို မြို့နယ် တရားရုံးသို့ တရားစွဲတင်ခဲ့ပြီး လုပ်ငန်းတာဝန်ပြီးဆုံး၍ ညနေ ၃ နာရီ တွင် နမ့်ဖက်ကာရဲစခန်းသို့ ပြန် လာခဲ့ကြောင်း၊ ဒုရဲအုပ်နှင့် ရဲတပ် ကြပ်တို့သည် ည ၇ နာရီအထိ စခန်းသို့ ရောက်ရှိခြင်းမရှိသဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ က နယ်မြေရှင်းလင်းရှာဖွေရာ ည ၁၀ နာရီ ၂၅ မိနစ်၌ ကောင်း လိမ်ရွာအနီး ပြည်ထောင်စုကား လမ်း မိုင်တိုင် အမှတ် ၂၃၃/၅-၆ အကြား ၎င်းတို့အသုံးပြုသည့် ဟွန်ဒါဖစ်ယာဉ်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

နမ့်ဖက်ကာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပျောက်ဆုံးခြင်း နှင့်ပတ်သက်၍ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။

မတရားအသင်းအဖြစ် သတ်မှတ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ဆက်သွယ်သူများကို အစိုးရ က မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အရေးယူကာ ထောင်ဒဏ်ချမှတ်ခြင်းများ ပြု လုပ်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုမူ အစိုးရက မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည်။

NCA လက်မှတ်မထိုးရသေး သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ပလောင်/တအာင်း လက် နက်ကိုင်အဖွဲ့ TNLA တို့ပါဝင် သည့် ပူးပေါင်းအဖွဲ့သည် နိုဝင် ဘာ ၂၀ ရက်တွင် ရှမ်းပြည် မြောက်ပိုင်းရှိ ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်အပါအဝင် အစိုးရလုံခြုံ ရေးတပ်စခန်းများကို တိုက်ခိုက် ရာမှ လတ်တလော၌ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top