Property Expo
×





Credit:Thithtoolwin

Unicode Version


နားမှာ အညစ်အကြေးတွေ ပိတ်ဆို့နေတဲ့အခါ ဝါဂွမ်းတံကိုသုံးပြီး သန့်ရှင်းတတ်ကြပါတယ် ဒါပေမယ့် အဲဒီအချက်က နားကို ဆိုးဝါးစေပြီး အကြားအာရုံပြသနာတွေကို ဖြစ်ပေါ်စေပါတယ်။

နားကြပ်တံတွေကို နားထဲကို တည့်တဲ့အခါ ထိပ်ဖူးက အညစ်အကြေးတွေနဲ့နားထဲက အဆီတွေကို နားပြွန်ကတစ်ဆင့်နားစည်ထဲကို ကျသွားစေပြီး နားစည်ကိုထိခိုက်စေပါတယ်။နားထဲက အညစ်အကြေးတွေများလာတာက နားစည်ရဲ့အရေပြားကို မတုန်ခါစေတော့ဘဲ အကြားအာရုံပြသနာတွေဖြစ်လာစေပါတယ်။

“ကျွန်တော်တို့နားတွေကို ကိုယ်တိုင်သန့်ရှင်းဖို့ ဒါတွေမလိုပါဘူး”လို့ Oxford University ဆေးရုံက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လူနာလမ်းညွှန်တစ်ခုမှာတော့ “အကယ်၍ ဝါဂွမ်းတံ ဒါမှမဟုတ် တခြားအရာတွေက သင့်နားကို သန့်ရှင်းဖို့သုံးတဲ့အခါ အဲဒါတွေက နားရဲ့သဘာဝအလျောက် သန့်ရှင်းတဲ့စနစ်ကို ထိခိုက်စေပါတယ်။

" နားထဲကအရေပြားက ရွေ့လျားခါးပတ်တစ်ခုလို လုပ်ဆောင်နေပါတယ်။ အဲဒီအရေပြားကနားပြွန်ထဲက အစအနတွေအကုန်လုံးကို နားစည်တစ်လျှောက်သယ်ဆောင်သွားတယ် နားပြွန်ထဲက အညစ်အကြေးတွေကို သန့်ရှင်းတဲ့အခါ သင့်ကို တစ်သက်လုံး နားမကြားစေရုံသာမက နားပြွန် ဒါမှမဟုတ် နားစည်ကိုပါ ပျက်စီးစေပါတယ်။ သယ်ပို့တဲ့အရာက အလုပ်မလုပ်တဲ့အခါ နားမှာ အညစ်အကြေးတွေ စုပုံလာတာကို တွေ့ရမှာ ဖြစ်ပြီး အကောင်းဆုံးကတော့ ဆရာဝန်ဆီသွားပြီး ရိုးရှင်းတဲ့ နည်းလမ်းနဲ့ နားတွေကိုသန့်ရှင်းဖို့ပါ” လို့ဖော်ပြထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top