Kantharyar Centre
×










Credit:7Day Daily


Unicode Version


 ဖိအားများသောပွဲများ တွင် အင်္ဂလန်ကို ဦးဆောင်နိုင် ကြောင်းနှင့် ဖိအားဒဏ်ခံနိုင် ကြောင်း ပြသခဲ့သည်ဟု အင်္ဂ လန် ယာယီမန်နေဂျာ ဂါရက် ဆောက်သ်ဂိတ်က ပြောကြား လိုက်သည်။


စပိန်နှင့် ခြေစမ်းပွဲတွင် နှစ် ဂိုးစီ သရေကျပြီး ၎င်းကိုင်တွယ် သော လေးပွဲကို ရှုံးပွဲမရှိ အဆုံး သတ်ပြီးနောက် ဆောက်သ်ဂိတ် (၄၆) နှစ်သည် ဆမ်အလာဒိုက်စ် အား အစားထိုးရန် ရေပန်းစားသူ ဖြစ်လာသည်။

၎င်းကိုင်တွယ်သော လေးပွဲ တွင် အင်္ဂလန်က နှစ်ပွဲနိုင်ခဲ့ကာ နှစ်ပွဲသရေကျခဲ့ပြီး ခုနစ်ဂိုး သွင်း ယူခဲ့ကာ ပေးဂိုးနှစ်ဂိုးသာ ရှိခဲ့ သည်။

‘‘ဒီလေးပွဲကိုင်တွယ်ခဲ့ချိန်အ ထိ ဖိအားအလွန်များတဲ့ပွဲတွေ ကစားချိန်အထိ ဘယ်လိုဖြစ်လာ မလဲဆိုတာ မသေချာပါဘူး။ ကြီး ကျယ်တဲ့ အခိုက်အတန့်တွေကို ကိုင်တွယ်နိုင်တယ်ဆိုတာ ကျွန် တော်သက်သေပြပြီးပါပြီ’’ ဟု အင်္ဂလန်နောက်တန်းလူဟောင်း နှင့် မစ်ဒယ်ဘရော့မန်နေဂျာ ဟောင်း ဆောက်သ်ဂိတ်က ပြော သည်။

အင်္ဂလန်အသင်းကို တစ်ပွဲ သာကိုင်တွယ်ပြီး ဆမ်အလာ ဒိုက်စ် ထွက်ခွာသွားပြီးနောက် အင်္ဂလန် ယူ-၂၁ နည်းပြ ဆောက်သ်ဂိတ်သည် ယာယီကိုင် တွယ်ရန် တာဝန်အပ်နှင်းခြင်းခံခဲ့ ရသည်။

လူတိုင်းအတွက် မတည်ငြိမ် သော အချိန်တွင် စတင်ကိုင် တွယ်ခဲ့ရပြီး အသင်းအတွက် တည်ငြိမ်မှုရအောင် လုပ်နိုင်ခဲ့ သည်ဟု ဆောက်သ်ဂိတ်က ဆက် လက်ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top