Property Expo
×

အလွဴေရစက္ လက္ႏွင့္မကြာ လွဴဒါန္းၾကေသာျမန္မာ ဗုဒၶဘာသာတုိ႔ ႏိုင္ငံ၌ “ေက်ာင္းမွာ သိမ္၊ သကၤန္း မွာ ကထိန္” ဟူေသာ ဆုိရုိး စကားေလးကုိ လူတုိင္းသိၾကမယ္ထင္ပါတယ္။ ေက်ာင္းလွဴတာျခင္းအတူတူ “သိမ္ေက်ာင္း” လွဴတာက ပုိျမတ္တယ္လုိ႔  ဆုိလုိရင္းျဖစ္ပါတယ္။
အဘယ့္ေၾကာင့္ဆုိေသာ္ သိမ္ေက်ာင္းဟာ ရဟန္းျပဳျခင္း၊ ဥပုသ္ ျပဳျခင္း၊ အျခားေသာ သံဃာ့ကိစၥ တုိ႔ကို ျပဳလုပ္ျခင္းတုိ႔၌ အက်ဳိးျပဳေသာေၾကာင့္ ျဖစ္ပါတယ္။

ထုိ႔အတူ သကၤန္း လွဴတာျခင္း အတူတူ “ကထိန္ သကၤန္း” လွဴဒါန္းခြင့္ရျခင္းက ပုိျမတ္တယ္လုိ႔ ဆုိ လုိျခင္းျဖစ္ပါတယ္။ အဘယ့္ေၾကာင့္ဆုိေသာ္ ကထိန္ သကၤန္းလွဴဒါန္းရာ၌ ထူးျခားခ်က္မ်ားစြာ
(စည္းကမ္း မ်ားစြာ) ရွိေနေသာေၾကာင့္ျဖစ္ပါတယ္။ ကထိန္သကၤန္းလွဴဒါန္းျခင္းအေၾကာင္းကုိ အေသးစိတ္ေဖာ္ျပပါမယ္။
သုံးေလာကထြဋ္ထား ရွင္ေတာ္ျမတ္ဘုရားဟာ သာသနာျပဳရာ၌ အဓိကေနရာသဖြယ္ျဖစ္တဲ့
သာဝတၳိျပည္ အနာထပိဏ္သူေဌး (သူေဌးကေတာ္ ပုညလကၡဏေဒဝီ) ေဆာက္လုုပ္ လွဴဒါန္းအပ္ေသာ ေဇတ၀န္ေက်ာင္းေတာ္ၾကီး၌ သီတင္းသုံးေနေတာ္မူခဲ့ပါတယ္။

ထုိအခ်ိန္တြင္ ေတာရေက်ာင္း၌ သီတင္းသုံးေနထိုင္ျခင္း ၊ဆြမ္းခံ၍ဘုဥ္းေပးျခင္း ၊
လူတုိ႔ မသုံးလုိ၍ အမိႈက္ပုံတြင္ စြန္႔ပစ္ထားေသာ ေျမမႈန္႔ အလိမ္းလိမ္း ကပ္ျငိေနတဲ့ အဝတ္စုတ္ကုိ သကၤန္းခ်ဳပ္ ဆုိးကာဝတ္ရုံ သုံးေဆာင္ျခင္း ၊ သကၤန္းသုံးထည္ကုိ အျမဲေဆာင္ျခင္း စတဲ့ အက်င့္ျမတ္တုိ႔ကုိ က်င့္သုံးေနၾကတဲ့ ဘဒၵ၀ဂၢီညီေနာင္သုံးက်ိပ္တုိ႔ဟာ ရွင္ေတာ္ျမတ္ဘုရားကို ဖူးျမင္ရန္ သာ၀တၱိျပည္ ေဇတ၀န္ေက်ာင္းေတာ္သို႔ လာၾကရာ ၀ါဆုိရက္ နီးကပ္ေနေသာေၾကာင့္ သာ၀တၳိျပည္သုိ႔လည္း ၀ါဆုိရန္ မမီေတာ့သည့္အတြက္ လမ္းခရီးအၾကား သာ၀တၳိျပည္နွင့္ ေျခာက္ယူဇနာေဝးတဲ့ (တစ္ယူဇနာ- ၈ -မုိင္ႏႈန္း ) သာေကတျမိဳ႕၌သာ ၀ါဆုိၾကရရွာပါတယ္။

ထုိ ရဟန္းေတာ္ သုံးက်ိပ္ တုိ႔ သည္ ရွင္ေတာ္ျမတ္ ဘုရားႏွင့္ “နီးလွ်က္ နဲ႕ေ၀း” ျဖစ္ေနၾကတဲ့အတြက္
မေပ်ာ္ပိုက္ဘဲ တစ္၀ါတြင္းလုံး သီတင္းသုံးခဲ့ရပါတယ္။

ဝါကား ကြ်တ္ေလျပီ၊ သိုု႔ေသာ္ မုိးကား မလြတ္ ေသးေပ၊ မုိးလြတ္သည္ ထိလည္း အခ်ိန္ကုန္ ခံ၍ ေစာင့္ မေနနုိင္ေတာ့ေပ၊ ထုိ႔ေၾကာင့္ ၀ါကြ်တ္သည္ႏွင့္ တျပိဳင္နက္ မိမိတုိ႔ ၀ါဆုိရာ သာေကတ မွ ဘုရားရွင္ သီတင္းသုံးရာ သာ၀တိၳသုိ႔ မုိးထဲေရထဲ ရႊံထဲ ဗြက္ထဲ မွာပင္ ဘုရားရွင္ ကုိ ဖူးျမင္ရန္ ဆႏၵ ျပင္းျပၾကသျဖင့္ မုိးေရ စုိရႊဲ ပင္ပန္း ဆင္းရဲစြာၾကြေတာ္မူခဲ့ပါတယ္။

ဘုရားရွင္ ထံေမွာက္ ေရာက္ၾက၍ ရွိခုိးၾကျပီး သင့္ေတာ္ရာ ၌ ထုိင္ေနၾကေသာ
ထုိဘဒၵ ၀ဂၢီညီေနာင္သုံးက်ိပ္တုိ႔အား ဘုရားရွင္က “ရဟန္းတုိ႕ အသုိ႔နည္း၊ က်န္းမာၾကကုန္၏ေလာ၊ မွ်တၾကကုန္ ၏ေလာ၊ အညီ အညြတ္ ၀မ္းေျမာက္ ၀မ္းသာ မျငင္း ခုံဘဲ ခ်မ္းသာစြာ ၀ါကပ္ ခဲ့ၾကပါကုန္ ၏ေလာ၊ ဆြမ္း အတြက္ မပင္ပန္းဘဲ ရွိၾကပါကုန္ ၏ေလာ”ဟု ေမးျမန္းေတာ္မူရာ၊

ရဟန္းေတာ္မ်ားက……..
“ က်န္းက်န္းမာမာ မွ်မွ်တတ ညီညီညြတ္ညြတ္ ႏွင့္ ေနခဲ့ၾကရပါတယ္ ၊ ဆြမ္းအတြက္လည္း မပင္ပန္းဘဲ ရွိၾကပါတယ္။ သို႔ေသာ္ သာ၀တိၳသုိ႔ ၀ါဆုိမီရန္ လာၾကပါေသာ္လည္း ၀ါဆုိရက္ နီးကပ္လြန္းသျဖင့္ လမ္းခရီးအၾကား သာေကတ၌သာ ၀ါဆုိခဲ့ၾကရပါတယ္၊ ၀ါကြ်တ္၍ ပ၀ါရဏာျပဳျပီး သည္ ဆုိရင္ပဲ မိုးထဲေရထဲ ရႊဲ႕ထဲ ဗြက္ထဲ စုိရႊဲေသာ သကၤန္းမ်ားျဖင့္ ပင္ပင္ပန္းပန္းး လာခဲ့ၾကရပါတယ္ဘုရား” အေၾကာင္းစုံကုိ ရွင္ေတာ္ျမတ္ဘုရား အား ေလွ်ာက္ထားခဲ့ပါတယ္။

ဘဒၵ၀ဂၢီညီေနာင္သုံးက်ိပ္ ရဟန္းေတာ္ တို႔၏ ႏွစ္ထပ္ သကၤန္း ကုိယ္စီ ေဆာင္ထားၾကလွ်က္ မုိးထဲေရထဲ ရႊြ႔ံထဲ ဗြက္ထဲ ၌ မုိးေရမ်ား စုိရႊဲကာ ပင္ပမ္း ဆင္းရဲဲၾကီးစြာျဖင့္ -လာၾကရသည္ ကို အေၾကာင္းျပဳ၍
“ အႏုဇာနာမိ ဘိကၡေ၀ ၀ႆံ ၀ု႒ာနံ ဘိကၡဴနံ ကထိနံ အတၳရိတုံ၊
ရဟန္းတုိ႔ ၀ါကြၽတ္ေသာ ရဟန္းတုိ႕အား ကထိန္ခင္းျခင္းငွာ ခြင့္ျပဳ၏ ”
ဟု အစရွိသျဖင့္ ကထိန္ ခင္းျခင္း (ကထိန္ သကၤန္း) ကုိ ရွင္ေတာ္ျမတ္ဘုရား ခြင့္ျပဳေတာ္မူခဲ့ပါတယ္။

ကထိန္သကၤန္းကပ္လွဴတဲ့ အလွဴရွင္ေတြဟာ ဘယ္လုိအက်ိဳးထူးေတြ ရမွာလဲ။

ကထိန္သကၤန္း လွဴဒါန္းေသာ အလွဴရွင္မ်ားမွာ
၁။ ေရႊ အဆင္းကဲ့သုို႔ ၀ါ၀င္းေသာ အသား အေရရွိျခင္း၊
၂။ ခႏၶာကုိယ္ ၌ ( ျမဴ စေသာ ) အညစ္ အေၾကး ကင္းစင္ျခင္း၊ ( အလွဖ်က္ အနာ အဆာ မရွိျခင္း ) ၊
၃။ ခႏၶာကုိယ္ႏူးညံ့ေျပျပစ္ျခင္း၊
၄။ ကုိယ္ေရာင္ ကုိယ္၀ါ ေတာက္ပျခင္း၊
၅။ ညိဳေရႊျဖဴနီစေသာ ေခတ္ေပၚ အ၀တ္ အထည္ အမ်ဳိးမ်ဴိးကို ဆင္ျမန္းခြင့္ ၀တ္ဆင္ခြင့္ရျခင္း၊
၆။ ေက်ာင္းအမၾကီး ၀ိသာခါ စသူတို႔ကဲ့သုိ႔ မဟလႅတာတန္ဆာ ကုိ ဆင္ျမန္းခြင့္ ရရွိျခင္းတုိ႔ႏွင့္
၇။ အရဟတၱ ဖုိလ္ေပါက္ နိဗၺာန္ မ်က္ေမွာက္ ျပဳႏုိင္ျခင္း
ဟူေသာ သကၤန္း လွဴရျခင္း အက်ဳိးတရား မ်ားစြာ တုိ႔ကိုလည္း ရရွိႏုိင္မွာျဖစ္ပါတယ္။

ကထိန္သကၤန္းအလွဴခံရဟန္းတုိ႔မွာ ေအာက္ပါအက်ိဳးထူးမ်ား ရရွိႏုိင္မွာျဖစ္ပါတယ္။

ရဟန္းေတာ္မ်ား ရႏုိင္ေသာ အက်ဳိး (၅) ပါး
၁။ မပန္ မၾကား ၊ လုိရာသြား ၊ ျပစ္မ်ား မသင့္ၿပီ။
ဒကာ ၊ ဒကာမ ၏တုိ႔၏ အိမ္သို႔( ျမိဳ႕တြင္း ရြာတြင္း သို႔ ) သြားလုိသည့္ အခါ ထင္ရွားရွိေသာရဟန္း ကုိ ခြင့္မပန္ဘဲ သြားႏိုင္တယ္။
(အကယ္၍ ကထိန္ အာနိသင္မရပါက ၊ ခြင့္မပန္ဘဲ သြားလွ်င္ အာပတ္သင့္မွာျဖစ္ပါတယ္ )

၂။ သုံးထည္ ထဲမွာ ၊ ထားလုိရာ ၊ ထားကာ သြားႏုိင္မွာျဖစ္ပါတယ္။
တိစီ၀ရိတ္ ဓုတင္ေဆာင္ ရဟန္းေတာ္ ျဖစ္လွ်င္ သကၤန္း သုံးထည္ တုိ႕တြင္(သင္းပုိင္ ဧကသီ ဒုကုဋ္ )တစ္ထည္ကုိ ထားခဲ့ျပီး၍ သြားလုိရာ သြားႏုိင္မွာျဖစ္ပါတယ္။
(အကယ္၍ ကထိန္ အာနိသင္ မရပဲ သကၤန္းတစ္ထည္ကုိ ထားခဲ့ျပီး၍ သြားလုိုရာ သြားလွ်င္ အာပါတ္ သင့္မွာျဖစ္ပါတယ္)

၃။ ေလးပါး တူပင္ ၊ ဂိုဏ္းေဘာဇဥ္ ၊ စားလွ်င္ စားႏိုင္မွာျဖစ္ပါတယ္။
ပင့္ဖိတ္သူ ဒကာ၊ ဒကာမ တုိ႔က အပင့္အဖိတ္ မတတ္၍ အရွင္ဘုရား၊ တပည့္ေတာ္တုိ႔ အိမ္ ထမင္းစားၾကြပါ ဘုရား၊မုန္႔ဟန္းခါး စား ၾကြပါ ဘုရား၊ စသည္ျဖင့္ မအပ္ေသာ အသုံးအႏႈန္းျဖင့္ ပင့္ ဖိတ္ေသာ္လည္း ဘုဥ္းေပးခြင့္ရွိပါတယ္။
(အကယ္၍ ကထိန္အာနိသင္ မရဘဲ ဘုဥ္းေပးလွ်င္ အာပါတ္သင့္မွာ ျဖစ္ပါတယ္။

၄။ သကၤန္းမ်ားစြာ ၊ ငါးလ မွာ ၊ သိမ္းကာ ထားႏုိင္သည္။
မိမိရရွိေသာ သကၤန္းကို အဓိ႒ာန္ ၀ိကပၸနာမျပဳဘဲ (သကၤန္း ကာလ- ၅ -လ အတြင္း ) ထားပုိင္ခြင့္ ရွိမွာျဖစ္ပါတယ္။
( အကယ္၍ ကထိန္အာနိသင္ မရရွိဘဲ မိမိပုိင္သကၤန္းကုိ အဓိ႒ာန္ ၀ိကပၸနာ မျပဳဘဲ ထားရွိပါက – ၁၀ – ရက္ေက်ာ္လွ်င္ အာပါတ္သင့္မွာျဖစ္ပါတယ္)။

၅။ သံဃာ လွဴျငား ၊ သကၤန္း မ်ား ၊ သူအား သာ ျဖစ္သည္။
ကထိန္ခင္းေသာေက်ာင္း ၌ သကၤန္းျဖစ္ေပၚလာတုိင္း ကထိန္ခင္းေသာ(ကထိန္ အာနိသင္ရေသာ) ရဟန္းတုိ ႔ ပုိင္ဆုိင္ခြင့္ စိတ္ၾကိဳက္ေ၀ဖန္ခြင့္ ရွိတယ္။
(အကယ္၍ ကထိန္အာနိသင္ မရဘဲ ထုိကဲ့သုိ႕ စိတ္ၾကိဳက္ေ၀ဖန္လွ်င္ အာပါတ္သင့္ႏုိင္ပါတယ္ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(အခရာ)

#Unicode Version

အလှူရေစက် လက်နှင့်မကွာ လှူဒါန်းကြသောမြန်မာ ဗုဒ္ဓဘာသာတို့ နိုင်ငံ၌ “ကျောင်းမှာ သိမ်၊ သင်္ကန်း မှာ ကထိန်” ဟူသော ဆိုရိုး စကားလေးကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ကျောင်းလှူတာခြင်းအတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်တယ်လို့  ဆိုလိုရင်းဖြစ်ပါတယ်။
အဘယ့်ကြောင့်ဆိုသော် သိမ်ကျောင်းဟာ ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စ တို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပါတယ်။


ထို့အတူ သင်္ကန်း လှူတာခြင်း အတူတူ “ကထိန် သင်္ကန်း” လှူဒါန်းခွင့်ရခြင်းက ပိုမြတ်တယ်လို့ ဆို လိုခြင်းဖြစ်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်းလှူဒါန်းရာ၌ ထူးခြားချက်များစွာ
(စည်းကမ်း များစွာ) ရှိနေသောကြောင့်ဖြစ်ပါတယ်။ ကထိန်သင်္ကန်းလှူဒါန်းခြင်းအကြောင်းကို အသေးစိတ်ဖော်ပြပါမယ်။
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ သာသနာပြုရာ၌ အဓိကနေရာသဖွယ်ဖြစ်တဲ့
သာဝတ္ထိပြည် အနာထပိဏ်သူဌေး (သူဌေးကတော် ပုညလက္ခဏဒေဝီ) ဆောက်လုုပ် လှူဒါန်းအပ်သော ဇေတဝန်ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူခဲ့ပါတယ်။

ထိုအချိန်တွင် တောရကျောင်း၌ သီတင်းသုံးနေထိုင်ခြင်း ၊ဆွမ်းခံ၍ဘုဉ်းပေးခြင်း ၊
လူတို့ မသုံးလို၍ အမှိုက်ပုံတွင် စွန့်ပစ်ထားသော မြေမှုန့် အလိမ်းလိမ်း ကပ်ငြိနေတဲ့ အဝတ်စုတ်ကို သင်္ကန်းချုပ် ဆိုးကာဝတ်ရုံ သုံးဆောင်ခြင်း ၊ သင်္ကန်းသုံးထည်ကို အမြဲဆောင်ခြင်း စတဲ့ အကျင့်မြတ်တို့ကို ကျင့်သုံးနေကြတဲ့ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့ဟာ ရှင်တော်မြတ်ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်သို့ လာကြရာ ဝါဆိုရက် နီးကပ်နေသောကြောင့် သာဝတ္ထိပြည်သို့လည်း ဝါဆိုရန် မမီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္ထိပြည်နှင့် ခြောက်ယူဇနာဝေးတဲ့ (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ဝါဆိုကြရရှာပါတယ်။

ထို ရဟန်းတော် သုံးကျိပ် တို့ သည် ရှင်တော်မြတ် ဘုရားနှင့် “နီးလျှက် နဲ့ဝေး” ဖြစ်နေကြတဲ့အတွက်
မပျော်ပိုက်ဘဲ တစ်ဝါတွင်းလုံး သီတင်းသုံးခဲ့ရပါတယ်။

ဝါကား ကျွတ်လေပြီ၊ သိုု့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည် ထိလည်း အချိန်ကုန် ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ဝါကျွတ်သည်နှင့် တပြိုင်နက် မိမိတို့ ဝါဆိုရာ သာကေတ မှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲ ဗွက်ထဲ မှာပင် ဘုရားရှင် ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေ စိုရွှဲ ပင်ပန်း ဆင်းရဲစွာကြွတော်မူခဲ့ပါတယ်။

ဘုရားရှင် ထံမှောက် ရောက်ကြ၍ ရှိခိုးကြပြီး သင့်တော်ရာ ၌ ထိုင်နေကြသော
ထိုဘဒ္ဒ ဝဂ္ဂီညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က “ရဟန်းတို့ အသို့နည်း၊ ကျန်းမာကြကုန်၏လော၊ မျှတကြကုန် ၏လော၊ အညီ အညွတ် ဝမ်းမြောက် ဝမ်းသာ မငြင်း ခုံဘဲ ချမ်းသာစွာ ဝါကပ် ခဲ့ကြပါကုန် ၏လော၊ ဆွမ်း အတွက် မပင်ပန်းဘဲ ရှိကြပါကုန် ၏လော”ဟု မေးမြန်းတော်မူရာ၊

ရဟန်းတော်များက……..
“ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါတယ် ၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြပါတယ်။ သို့သော် သာဝတ္ထိသို့ ဝါဆိုမီရန် လာကြပါသော်လည်း ဝါဆိုရက် နီးကပ်လွန်းသဖြင့် လမ်းခရီးအကြား သာကေတ၌သာ ဝါဆိုခဲ့ကြရပါတယ်၊ ဝါကျွတ်၍ ပဝါရဏာပြုပြီး သည် ဆိုရင်ပဲ မိုးထဲရေထဲ ရွှဲ့ထဲ ဗွက်ထဲ စိုရွှဲသော သင်္ကန်းများဖြင့် ပင်ပင်ပန်းပန်းး လာခဲ့ကြရပါတယ်ဘုရား” အကြောင်းစုံကို ရှင်တော်မြတ်ဘုရား အား လျှောက်ထားခဲ့ပါတယ်။

ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ် ရဟန်းတော် တို့၏ နှစ်ထပ် သင်္ကန်း ကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှွံ့ထဲ ဗွက်ထဲ ၌ မိုးရေများ စိုရွှဲကာ ပင်ပမ်း ဆင်းရဲကြီးစွာဖြင့် -လာကြရသည် ကို အကြောင်းပြု၍
“ အနုဇာနာမိ ဘိက္ခေ၀ ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊
ရဟန်းတို့ ဝါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏ ”
ဟု အစရှိသဖြင့် ကထိန် ခင်းခြင်း (ကထိန် သင်္ကန်း) ကို ရှင်တော်မြတ်ဘုရား ခွင့်ပြုတော်မူခဲ့ပါတယ်။

ကထိန်သင်္ကန်းကပ်လှူတဲ့ အလှူရှင်တွေဟာ ဘယ်လိုအကျိုးထူးတွေ ရမှာလဲ။

ကထိန်သင်္ကန်း လှူဒါန်းသော အလှူရှင်များမှာ
၁။ ရွှေ အဆင်းကဲ့သို့ ဝါဝင်းသော အသား အရေရှိခြင်း၊
၂။ ခန္ဓာကိုယ် ၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း၊ ( အလှဖျက် အနာ အဆာ မရှိခြင်း ) ၊
၃။ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊
၄။ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း၊
၅။ ညိုရွှေဖြူနီစသော ခေတ်ပေါ် အဝတ် အထည် အမျိုးမျိူးကို ဆင်မြန်းခွင့် ဝတ်ဆင်ခွင့်ရခြင်း၊
၆။ ကျောင်းအမကြီး ဝိသာခါ စသူတို့ကဲ့သို့ မဟလ္လတာတန်ဆာ ကို ဆင်မြန်းခွင့် ရရှိခြင်းတို့နှင့်
၇။ အရဟတ္တ ဖိုလ်ပေါက် နိဗ္ဗာန် မျက်မှောက် ပြုနိုင်ခြင်း
ဟူသော သင်္ကန်း လှူရခြင်း အကျိုးတရား များစွာ တို့ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

ကထိန်သင်္ကန်းအလှူခံရဟန်းတို့မှာ အောက်ပါအကျိုးထူးများ ရရှိနိုင်မှာဖြစ်ပါတယ်။

ရဟန်းတော်များ ရနိုင်သော အကျိုး (၅) ပါး
၁။ မပန် မကြား ၊ လိုရာသွား ၊ ပြစ်များ မသင့်ပြီ။
ဒကာ ၊ ဒကာမ ၏တို့၏ အိမ်သို့( မြို့တွင်း ရွာတွင်း သို့ ) သွားလိုသည့် အခါ ထင်ရှားရှိသောရဟန်း ကို ခွင့်မပန်ဘဲ သွားနိုင်တယ်။
(အကယ်၍ ကထိန် အာနိသင်မရပါက ၊ ခွင့်မပန်ဘဲ သွားလျှင် အာပတ်သင့်မှာဖြစ်ပါတယ် )

၂။ သုံးထည် ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်မှာဖြစ်ပါတယ်။
တိစီဝရိတ် ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည် တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်မှာဖြစ်ပါတယ်။
(အကယ်၍ ကထိန် အာနိသင် မရပဲ သင်္ကန်းတစ်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ် သင့်မှာဖြစ်ပါတယ်)

၃။ လေးပါး တူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်မှာဖြစ်ပါတယ်။
ပင့်ဖိတ်သူ ဒကာ၊ ဒကာမ တို့က အပင့်အဖိတ် မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့ အိမ် ထမင်းစားကြွပါ ဘုရား၊မုန့်ဟန်းခါး စား ကြွပါ ဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုန်းဖြင့် ပင့် ဖိတ်သော်လည်း ဘုဉ်းပေးခွင့်ရှိပါတယ်။
(အကယ်၍ ကထိန်အာနိသင် မရဘဲ ဘုဉ်းပေးလျှင် အာပါတ်သင့်မှာ ဖြစ်ပါတယ်။

၄။ သင်္ကန်းများစွာ ၊ ငါးလ မှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသော သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ (သင်္ကန်း ကာလ- ၅ -လ အတွင်း ) ထားပိုင်ခွင့် ရှိမှာဖြစ်ပါတယ်။
( အကယ်၍ ကထိန်အာနိသင် မရရှိဘဲ မိမိပိုင်သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ ထားရှိပါက – ၁၀ – ရက်ကျော်လျှင် အာပါတ်သင့်မှာဖြစ်ပါတယ်)။

၅။ သံဃာ လှူငြား ၊ သင်္ကန်း များ ၊ သူအား သာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း ၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက်ဝေဖန်ခွင့် ရှိတယ်။
(အကယ်၍ ကထိန်အာနိသင် မရဘဲ ထိုကဲ့သို့ စိတ်ကြိုက်ဝေဖန်လျှင် အာပါတ်သင့်နိုင်ပါတယ် )

ဖိုးသူတော် (www.phothutaw.com)
Credit:(အခရာ)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top