Property Expo
×





ဒီလို ဝိုင်သောက်သုံးခြင်းဟာဆိုရင်တော့ ဆေးလိပ်ကြောင့် ဖြစ်ပေါ်စေတဲ့ အချိန်မတိုင်ခင် ရင့်ရော်တာတွေကိုလည်း လျှော့ချပေးနိုင်ပြီး မကောင်းတဲ့ဆဲလ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့လည်း သိရပါတယ်။


Credit: thithtoolwin

#Unicode Version

ဝိုင်နဲ့ ဆေးလိပ်ကတော့ Bacon နဲ့ ကြက်ဥလိုပါပဲ။ သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးတွေကို ပေးနိုင်တော့မှာပါ။ ဝိုင်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာဆိုရင်တော့ ဆေးလိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကန့်သတ်ပြီး ကာကွယ်နိုင်လို့ဖြစ်ပါတယ်။

ဝိုင်မှာ ပါဝင်တဲ့ ဓာတ်တွေဟာဆိုရင်တော့ ဆေးလိပ်ကြောင့်ဖြစ်ပေါ်စေတဲ့ သွေးကြောတွင်းနံရံတွေ ခေတ္တပျက်စီးမှုကို တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆေးလိပ်မသောက်တတ်တဲ့ စေတနာ့ဝန်ထမ်းတွေကို ဆေးလိပ်ငွေ့တွေမရှူရှိုက်ခိုင်းခင်မှာ ဝိုင်တစ်ခွက်စီသောက်သုံးစေခဲ့ပါတယ်။ ဝိုင်သောက်သုံးပြီး ခဏအကြာမှာတော့ သူတို့ကို ဆေးလိပ်ငွေ့တွေရှူခိုင်းစေခဲ့တာပါ။

အဲ့အချိန်မှာတော့ လူ့ရဲ့ သွေးကြောတွင်းမှာ ဆေးလိပ်နဲ့ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ သေးငယ်တဲ့အမှုန်တွေ ၊ platelets တွေနဲ့ အဖြူရောင်သွေးဆဲလ်တွေကို ထုတ်လွတ်မှုမရှိတော့တာကို တွေ့ရပြီး ဒါဟာ ဝိုင်သောက်သုံးထားတဲ့ အာနိသင်ကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီလို ဝိုင်သောက်သုံးခြင်းဟာဆိုရင်တော့ ဆေးလိပ်ကြောင့် ဖြစ်ပေါ်စေတဲ့ အချိန်မတိုင်ခင် ရင့်ရော်တာတွေကိုလည်း လျှော့ချပေးနိုင်ပြီး မကောင်းတဲ့ဆဲလ်တွေကို ဖယ်ရှားပေးနိုင်တယ်လု့ိလည်း သိရပါတယ်။

ဒါ့ကြောင့် ဆေးလိပ်မသောက်ခင်မှာ ဝိုင်သောက်သုံးတာဟာ သင့်အတွက်တော့ ကောင်းမွန်တဲ့ အကျိုးကို ဖြစ်စေလိမ့်မယ်လို့ အင်္ဂလန်သုတေသီတွေက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top