Property Expo
×

လူေတြဟာ ေနာင္ငါးႏွစ္နဲ႔ဆယ္ႏွစ္အတြင္း ကိုယ့္အလုပ္မွာ ကိုယ္ဘာျဖစ္ေနၿပီ၊ ဘယ္ေနရာေရာက္ေနေလာက္ၿပီ စသျဖင့္ ႀကိဳတင္ၿပီး အစီအစဥ္ခ်ထားတာမ်ိဳးေတြ၊ စဥ္းစားထားတာမ်ိဳးေတြ ရွိတတ္ပါတယ္။ တစ္ခ်ိဳ႕ေတြမ်ားဆုိရင္ ေနာင္ ႏွစ္ေပါင္း ၂၅ႏွစ္က်ရင္ ဘာေတြျဖစ္ေနေလာက္ၿပီဆုိၿပီး ႀကိဳးေတြးထားတာမ်ိဳးေတြေတာင္ ရွိတတ္ေသးတာပါ။ အဲ့ဒီလို ႀကိဳတင္စီမံကိန္းဆြဲတာမ်ိဳးဟာ အေရးႀကီးသလားလုိ႔ေမးရင္ အေရးမႀကီးဘူးလို႔ပဲ ဆုိရမွာပဲ။ ဘာလို႔လဲဆိုတာ သိခ်င္ရင္ေတာ့ ေအာက္ကအခ်က္ကေလးေတြကို တစ္ခ်က္ဖတ္ၾကည့္လိုက္ပါ။

၁။အနာဂတ္ကို ႀကိဳတင္ေဟာကိန္းထုတ္ဖုိ႔ မျဖစ္ႏိုင္ပါဘူး။

မနက္ျဖန္မွာ ဘာေတြျဖစ္လာႏိုင္သလဲဆုိတာ ႀကိဳတင္ေျပာလို႔ မရႏိုင္တာမို႔ ဒီေန႔ကိုသာ အေကာင္းဆံုး ျဖတ္သန္းပါ။ ဘ၀မွာ အေျပာင္းအလဲေတြ အမ်ားႀကီး ရွိလာႏိုင္ပါတယ္။ အလုပ္ဆိုရင္လည္း ဒီအတုိင္းပါပဲ။ ေသခ်ာတာကေတာ့ တိုးတက္လာတဲ့ ေခတ္ႀကီးမွာ အလုပ္အကုိင္အခြင့္အလမ္းေတြ အမ်ားႀကီး ထပ္မံေပၚေပါက္ႏိုင္တာမို႔ ကိုယ္ဒီေန႔ ဒီအလုပ္လုပ္ေနရတယ္ဆုိရင္ေတာင္ ေနာက္ေန႔မွာ တစ္ျခားအလုပ္တစ္ခုရဲ႕ ကမ္းလွမ္းျခင္းမ်ိဳး ခံရႏို္င္တယ္ဆုိတာ ေတြးထားပါ။ ဒီလိုပဲ ကိုယ့္အလုပ္မွာ အမွားအယြင္းတစ္ခုခုရွိသြားတာေၾကာင့္ အလုပ္လည္း အခ်ိန္မေရြး ျပဳတ္သြားႏုိင္တယ္ေနာ္။

၂။ဘာေတြလုပ္ရမွာလဲဆိုၿပီး အာရံုေတြ ေနာက္ေနႏိုင္ပါတယ္။

ငါ ေနာက္ႏွစ္မွာ ဘာျဖစ္ေအာင္ ဘာလုပ္ရမယ္ဆုိတာ ေတြးရင္ အာရံုေတြေနာက္ေနမယ့္အစား ကိုယ္လုပ္ေနတဲ့အလုပ္ကိုသာ အေကာင္းဆံုး လုပ္ကိုင္ေနဖုိ႕ပါပဲ။ ဒီလိုလုပ္ကိုင္သြားရင္းနဲ႔ ေပၚလာတဲ့ အခြင့္အေရးကိုေတာ့ အမိအရ ဆုပ္ကိုင္ႏိုင္ဖုိ႔ လိုတာေပါ့။ ဘ၀မွာ အၿမဲတမ္းအေကာင္းဆံုးဆိုတာႀကီးကိုပဲ ေခါင္းထဲထည့္မထားပါနဲ႔။ လြဲေခ်ာ္မႈတစ္ခုျဖစ္တဲ့အခါ ခံႏိုင္ရည္မရွိ ျဖစ္တတ္လို႔ပါ။

၃။ကိုယ္တုိင္ေတြးေတာ့ထားတဲ့ အစီအစဥ္ေတြဟာ အခ်ိန္နဲ႔အမွ် ေျပာင္းသြားႏိုင္ပါတယ္။

ကိုယ္ဟာ အရင္တုန္းက အစီအစဥ္ေတြခ်မွတ္ၿပီး ေနထုိင္လာခဲ့တဲ့သူဆုိရင္လည္း လြန္ခဲ့တဲ့ တစ္ႏွစ္အတြင္း၊ ဒါမွမဟုတ္ ေျခာက္ႏွစ္အတြင္း ကိုယ္ခ်မွတ္ခဲ့တဲ့ ပံုစံ၊ အစီအစဥ္ေတြအတုိင္း ခုလုပ္ေဆာင္ႏုိင္သလား ဆုိတာ တစ္ခ်က္ျပန္ၾကည့္ပါ။ အဲ့ဒီလို ကြက္တိပံုေဖာ္လာႏိုင္တဲ့သူဆုိရင္ေတာင္ ဒီလိုလူမ်ိဳးဟာ တစ္ရာမွာတစ္ေယာက္ပါ။ ဒါဟာ သင့္ရဲ႕လုပ္ကိုင္ႏိုင္စြမ္းရည္ မရွိတာေၾကာင့္လို႕မဆိုလိုပါဘူး။ အေျခအေနနဲ႔ အခ်ိန္အခါ ေျပာင္းလဲေနတာမုိ႔ သင့္ရဲ႕အစီအစဥ္ေတြလည္း လိုက္ေျပာင္းေနရမွာပဲေလ။ တစ္ခါတစ္ေလက်ရင္ ကိုယ္ဘယ္လိုလုပ္မယ္ဆုိတဲ့ စီမံကိန္းထက္ေတာင္ ကိုယ့္ရဲ႕လုုပ္ကိုင္ႏိုင္စြမ္းနဲ႔ အစီအစဥ္ေတြက ပိုသာသြားတတ္ပါေသးတယ္။

၄။ေအာင္ျမင္ေက်ာ္ၾကားတဲ့ နာမည္ႀကီး ေတာ္ေတာ္မ်ားမ်ားဟာ ႀကိဳးစားခ်င္စိတ္နဲ႔သာ အခြင့္အလမ္းေတြကို ဖမ္းယူခဲ့ၾကတာပါ။

ကမၻာေက်ာ္ေတြ ဘယ္လိုေအာင္ျမင္လာၾကသလဲဆိုတဲ့ စာအုပ္ေပါင္းမ်ားစြာကို ဖတ္ထားဖူးၾကမွာပါ။ အဲ့ဒီလူေတြထဲမွာ ဘယ္ႏွစ္ေယာက္ကမ်ား သူတုိ႔ခ်မွတ္ထားတဲ့ စီမံကိန္းေတြအတုိင္း ႀကိဳးစားၿပီး ဒီလိုေနရာမ်ိဳးေရာက္လာၾကတယ္လို႔ ေျပာဖူးပါသလဲ။ ရွိလည္း လက္တစ္ဆုပ္စာေပါ့။ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူတုိ႔လုပ္ေနတာေတြကို အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားၾကတယ္။ ေနာက္တစ္ခ်က္က အခြင့္အေရးကိုဘယ္ေတာ့မွ လက္လြတ္မခံတတ္ၾကပါဘူး။

၅။အိပ္မက္ေတြခ်ည္း မက္ေနတတ္တဲ့သူ မျဖစ္ပါေစနဲ႔။ ကိုယ္ျဖစ္တာခ်င္ကို အေကာင္အထည္ေဖာ္ႏိုင္တဲ့သူ ျဖစ္ပါေစ။

လူေတာ္ေတာ္မ်ားမ်ားကေတာ့ အိပ္မက္မက္ၾကတာပါပဲ။ ေပ်ာ္ေနတဲ့သူအျဖစ္၊ ကိုယ္ခ်စ္တဲ့သူနဲ႔ လက္ထပ္လိုက္တဲ့သူအျဖစ္၊ အလုပ္မွာ ရာထူးတုိးသြားတဲ့သူအျဖစ္၊ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူတစ္ေယာက္အျဖစ္ စသျဖင့္ေပါ့ေလ။ အိပ္မက္ေတြမက္ေနၿပီး မႀကိဳးစားပဲ ဒီအတုိင္းေနရင္ေတာ့ ဘာမွထူးျခားလာမွာ မဟုတ္ပါဘူး။ ဒီေတာ့ ေနာင္လာမယ့္ ငါးႏွစ္အတြင္း ငါဘာျဖစ္ေနၿပီဆုိတာမ်ိဳး အိပ္မက္မက္ေနမယ့္အစား ေန႔စဥ္ေန႔တိုင္း ကိုယ္လုပ္ေနတဲ့အလုပ္မွာ အေကာင္းဆံုး ျဖစ္ေအာင္ လုပ္ေဆာင္ပါ။ ႀကိဳးစားပါ။ အခြင့္အေရးကို အၿမဲတမ္း ဖမ္းဆုပ္ႏိုင္ေအာင္ အသင့္အေနအထား ရွိပါ။ ဒါဆုိရင္ေတာ့ ေနာင္ငါးႏွစ္မွာ ဘာဆုိတဲ့ စီမံကိန္း ရွိရွိ၊ မရွိရွိ သင့္အနာဂတ္ဟာ လွပလာမွာပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

လူတွေဟာ နောင်ငါးနှစ်နဲ့ဆယ်နှစ်အတွင်း ကိုယ့်အလုပ်မှာ ကိုယ်ဘာဖြစ်နေပြီ၊ ဘယ်နေရာရောက်နေလောက်ပြီ စသဖြင့် ကြိုတင်ပြီး အစီအစဉ်ချထားတာမျိုးတွေ၊ စဉ်းစားထားတာမျိုးတွေ ရှိတတ်ပါတယ်။ တစ်ချို့တွေများဆိုရင် နောင် နှစ်ပေါင်း ၂၅နှစ်ကျရင် ဘာတွေဖြစ်နေလောက်ပြီဆိုပြီး ကြိုးတွေးထားတာမျိုးတွေတောင် ရှိတတ်သေးတာပါ။ အဲ့ဒီလို ကြိုတင်စီမံကိန်းဆွဲတာမျိုးဟာ အရေးကြီးသလားလို့မေးရင် အရေးမကြီးဘူးလို့ပဲ ဆိုရမှာပဲ။ ဘာလို့လဲဆိုတာ သိချင်ရင်တော့ အောက်ကအချက်ကလေးတွေကို တစ်ချက်ဖတ်ကြည့်လိုက်ပါ။

၁။အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ဖို့ မဖြစ်နိုင်ပါဘူး။

မနက်ဖြန်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ကြိုတင်ပြောလို့ မရနိုင်တာမို့ ဒီနေ့ကိုသာ အကောင်းဆုံး ဖြတ်သန်းပါ။ ဘဝမှာ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ အလုပ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ သေချာတာကတော့ တိုးတက်လာတဲ့ ခေတ်ကြီးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ထပ်မံပေါ်ပေါက်နိုင်တာမို့ ကိုယ်ဒီနေ့ ဒီအလုပ်လုပ်နေရတယ်ဆိုရင်တောင် နောက်နေ့မှာ တစ်ခြားအလုပ်တစ်ခုရဲ့ ကမ်းလှမ်းခြင်းမျိုး ခံရနိုင်တယ်ဆိုတာ တွေးထားပါ။ ဒီလိုပဲ ကိုယ့်အလုပ်မှာ အမှားအယွင်းတစ်ခုခုရှိသွားတာကြောင့် အလုပ်လည်း အချိန်မရွေး ပြုတ်သွားနိုင်တယ်နော်။

၂။ဘာတွေလုပ်ရမှာလဲဆိုပြီး အာရုံတွေ နောက်နေနိုင်ပါတယ်။

ငါ နောက်နှစ်မှာ ဘာဖြစ်အောင် ဘာလုပ်ရမယ်ဆိုတာ တွေးရင် အာရုံတွေနောက်နေမယ့်အစား ကိုယ်လုပ်နေတဲ့အလုပ်ကိုသာ အကောင်းဆုံး လုပ်ကိုင်နေဖို့ပါပဲ။ ဒီလိုလုပ်ကိုင်သွားရင်းနဲ့ ပေါ်လာတဲ့ အခွင့်အရေးကိုတော့ အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုတာပေါ့။ ဘဝမှာ အမြဲတမ်းအကောင်းဆုံးဆိုတာကြီးကိုပဲ ခေါင်းထဲထည့်မထားပါနဲ့။ လွဲချော်မှုတစ်ခုဖြစ်တဲ့အခါ ခံနိုင်ရည်မရှိ ဖြစ်တတ်လို့ပါ။

၃။ကိုယ်တိုင်တွေးတော့ထားတဲ့ အစီအစဉ်တွေဟာ အချိန်နဲ့အမျှ ပြောင်းသွားနိုင်ပါတယ်။

ကိုယ်ဟာ အရင်တုန်းက အစီအစဉ်တွေချမှတ်ပြီး နေထိုင်လာခဲ့တဲ့သူဆိုရင်လည်း လွန်ခဲ့တဲ့ တစ်နှစ်အတွင်း၊ ဒါမှမဟုတ် ခြောက်နှစ်အတွင်း ကိုယ်ချမှတ်ခဲ့တဲ့ ပုံစံ၊ အစီအစဉ်တွေအတိုင်း ခုလုပ်ဆောင်နိုင်သလား ဆိုတာ တစ်ချက်ပြန်ကြည့်ပါ။ အဲ့ဒီလို ကွက်တိပုံဖော်လာနိုင်တဲ့သူဆိုရင်တောင် ဒီလိုလူမျိုးဟာ တစ်ရာမှာတစ်ယောက်ပါ။ ဒါဟာ သင့်ရဲ့လုပ်ကိုင်နိုင်စွမ်းရည် မရှိတာကြောင့်လို့မဆိုလိုပါဘူး။ အခြေအနေနဲ့ အချိန်အခါ ပြောင်းလဲနေတာမို့ သင့်ရဲ့အစီအစဉ်တွေလည်း လိုက်ပြောင်းနေရမှာပဲလေ။ တစ်ခါတစ်လေကျရင် ကိုယ်ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံကိန်းထက်တောင် ကိုယ့်ရဲ့လုုပ်ကိုင်နိုင်စွမ်းနဲ့ အစီအစဉ်တွေက ပိုသာသွားတတ်ပါသေးတယ်။

၄။အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး တော်တော်များများဟာ ကြိုးစားချင်စိတ်နဲ့သာ အခွင့်အလမ်းတွေကို ဖမ်းယူခဲ့ကြတာပါ။

ကမ္ဘာကျော်တွေ ဘယ်လိုအောင်မြင်လာကြသလဲဆိုတဲ့ စာအုပ်ပေါင်းများစွာကို ဖတ်ထားဖူးကြမှာပါ။ အဲ့ဒီလူတွေထဲမှာ ဘယ်နှစ်ယောက်ကများ သူတို့ချမှတ်ထားတဲ့ စီမံကိန်းတွေအတိုင်း ကြိုးစားပြီး ဒီလိုနေရာမျိုးရောက်လာကြတယ်လို့ ပြောဖူးပါသလဲ။ ရှိလည်း လက်တစ်ဆုပ်စာပေါ့။ တော်တော်များများကတော့ သူတို့လုပ်နေတာတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်။ နောက်တစ်ချက်က အခွင့်အရေးကိုဘယ်တော့မှ လက်လွတ်မခံတတ်ကြပါဘူး။

၅။အိပ်မက်တွေချည်း မက်နေတတ်တဲ့သူ မဖြစ်ပါစေနဲ့။ ကိုယ်ဖြစ်တာချင်ကို အကောင်အထည်ဖော်နိုင်တဲ့သူ ဖြစ်ပါစေ။

လူတော်တော်များများကတော့ အိပ်မက်မက်ကြတာပါပဲ။ ပျော်နေတဲ့သူအဖြစ်၊ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်လိုက်တဲ့သူအဖြစ်၊ အလုပ်မှာ ရာထူးတိုးသွားတဲ့သူအဖြစ်၊ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်အဖြစ် စသဖြင့်ပေါ့လေ။ အိပ်မက်တွေမက်နေပြီး မကြိုးစားပဲ ဒီအတိုင်းနေရင်တော့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ ဒီတော့ နောင်လာမယ့် ငါးနှစ်အတွင်း ငါဘာဖြစ်နေပြီဆိုတာမျိုး အိပ်မက်မက်နေမယ့်အစား နေ့စဉ်နေ့တိုင်း ကိုယ်လုပ်နေတဲ့အလုပ်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပါ။ ကြိုးစားပါ။ အခွင့်အရေးကို အမြဲတမ်း ဖမ်းဆုပ်နိုင်အောင် အသင့်အနေအထား ရှိပါ။ ဒါဆိုရင်တော့ နောင်ငါးနှစ်မှာ ဘာဆိုတဲ့ စီမံကိန်း ရှိရှိ၊ မရှိရှိ သင့်အနာဂတ်ဟာ လှပလာမှာပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top