Property Expo
×

ဟယ္ရီေပၚတာ ဖန္တီးရွင္ ေဂ်ေက ႐ိုးလင္းက သူ႕ရဲ႕ ဝတၳဳ “အံ့ဖြယ္ အေကာင္ႀကီးေတြနဲ႔ သူတို႔ကို ဘယ္မွာ ရွာရမယ္” Fantastic Beasts and Where to Find Them ကို ႐ိုက္ကူး ထားတဲ့ ႐ုပ္ရွင္ထဲ ဂၽြန္နီ ဒက္ပ္ ပါဝင္ သ႐ုပ္ေဆာင္တာကို အင္မတန္ ဝမ္းသာ မိတယ္လို႔ ဆိုပါတယ္။
ေမွာ္ဆရာ Grindelwald ေနရာမွာ ဒက္ပ္ တစ္ေယာက္ အံ့မခန္း သ႐ုပ္ေဆာင္ ထားတယ္လို႔လည္း ၿဗိတိသၽွ စာေရး ဆရာမ ေဂ်ေက ႐ိုးလင္းက ေျပာပါတယ္။

အခု Fantastic Beasts ပထမဆုံး ႐ုပ္ရွင္ထဲမွာ Grindelwald ဇာတ္ေကာင္ ေနရာ ခနတျဖဳတ္ပဲ ပါေပမယ့္၊ ဆက္ၿပီး ထြက္လာဦးမယ့္ ေနာက္ကားေတြ မွာေတာ့ ပိုၿပီး အခန္း မ်ားမ်ား ပါလာဖို႔ ရွိပါတယ္။

ဒီကားရဲ႕ ဒါ႐ိုက္တာ ေဒးဗစ္ ယိတ္စ္ကလည္း ဒက္ပ္ဟာ အင္မတန္ ပါရမီ ထူးတဲ့သူ ျဖစ္သလို၊ ဟယ္ရီေပၚတာ အ႐ူးအမူး ပရိသတ္လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

Fantastic Beasts ေမွာ္ဆရာ ဇာတ္လမ္းတြဲ ေတြကို ဟယ္ရီ ေပၚတာ ပထမဆုံး ဝတၳဳ ဇာတ္လမ္းတည္ရာ ကာလထက္ အႏွစ္ ၇ဝ ေစာတဲ့ အခ်ိန္ကို ေနာက္ခံထားၿပီး ေဂ်ေက ႐ိုးလင္း ေရးသား ထားပါတယ္။

ဂၽြန္နီဒက္ပ္ သ႐ုပ္ေဆာင္ရတဲ့ Grindelwald ေမွာ္ဆရာႀကီးဟာ ဟယ္ရီေပၚတာ တက္တဲ့ Hogwarts ေက်ာင္းရဲ႕ ေက်ာင္းအုပ္ႀကီး Albus Dumbledore ရဲ႕ ငယ္သူငယ္ခ်င္း အျဖစ္ ေဂ်ေက ႐ိုးလင္းက ပုံေဖာ္ ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘီဘီစီျမန္မာပိုင္း

#Unicode Version
ဟယ်ရီပေါ်တာ ဖန်တီးရှင် ဂျေကေ ရိုးလင်းက သူ့ရဲ့ ဝတ္ထု “အံ့ဖွယ် အကောင်ကြီးတွေနဲ့ သူတို့ကို ဘယ်မှာ ရှာရမယ်” Fantastic Beasts and Where to Find Them ကို ရိုက်ကူး ထားတဲ့ ရုပ်ရှင်ထဲ ဂျွန်နီ ဒက်ပ် ပါဝင် သရုပ်ဆောင်တာကို အင်မတန် ဝမ်းသာ မိတယ်လို့ ဆိုပါတယ်။
မှော်ဆရာ Grindelwald နေရာမှာ ဒက်ပ် တစ်ယောက် အံ့မခန်း သရုပ်ဆောင် ထားတယ်လို့လည်း ဗြိတိသျှ စာရေး ဆရာမ ဂျေကေ ရိုးလင်းက ပြောပါတယ်။

အခု Fantastic Beasts ပထမဆုံး ရုပ်ရှင်ထဲမှာ Grindelwald ဇာတ်ကောင် နေရာ ခနတဖြုတ်ပဲ ပါပေမယ့်၊ ဆက်ပြီး ထွက်လာဦးမယ့် နောက်ကားတွေ မှာတော့ ပိုပြီး အခန်း များများ ပါလာဖို့ ရှိပါတယ်။

ဒီကားရဲ့ ဒါရိုက်တာ ဒေးဗစ် ယိတ်စ်ကလည်း ဒက်ပ်ဟာ အင်မတန် ပါရမီ ထူးတဲ့သူ ဖြစ်သလို၊ ဟယ်ရီပေါ်တာ အရူးအမူး ပရိသတ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Fantastic Beasts မှော်ဆရာ ဇာတ်လမ်းတွဲ တွေကို ဟယ်ရီ ပေါ်တာ ပထမဆုံး ဝတ္ထု ဇာတ်လမ်းတည်ရာ ကာလထက် အနှစ် ၇ဝ စောတဲ့ အချိန်ကို နောက်ခံထားပြီး ဂျေကေ ရိုးလင်း ရေးသား ထားပါတယ်။

ဂျွန်နီဒက်ပ် သရုပ်ဆောင်ရတဲ့ Grindelwald မှော်ဆရာကြီးဟာ ဟယ်ရီပေါ်တာ တက်တဲ့ Hogwarts ကျောင်းရဲ့ ကျောင်းအုပ်ကြီး Albus Dumbledore ရဲ့ ငယ်သူငယ်ချင်း အဖြစ် ဂျေကေ ရိုးလင်းက ပုံဖော် ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဘီဘီစီမြန်မာပိုင်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top