Property Expo
×

ဆံေကသာ အလွတရားဆုိတာ မိန္းကေလးေတြအတြက္ အထူးလုိ လား လုိခ်င္ၾကတဲ့ အရာတစ္ခုပါ။ နက္ေမွာင္သန္စြမ္းၿပီး ေျဖာင့္စင္း တဲ့ ဆံေကသာေလးေတြကုိ ရခ်င္ၾကလုိ႔ နည္းလမ္းမ်ိဳးစံုနဲ႔ ႀကိဳးစား  ထိန္းသိမ္းတတ္ၾကပါတယ္။

ဒီၾကားထဲကမွ အစားအေသာက္နဲ႔ အေနအထုိင္ပံုစံေတြ၊ သံုးစြဲတဲ့ အလွကုန္ပစၥည္းဆုိးေဆး ေတြ ေၾကာင့္ ဆံပင္နဲ႔ ဆံေကသာဦးေရျပားေတြကို ပ်က္စီးေစတာျဖစ္ ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ဆံေကသာေလးေတြကုိ ျပန္လည္သန္စြမ္း က်န္းမာလာေအာင္ သဘာဝအတုိင္းျပဳလုပ္လုိ႔ရမယ့္ အိမ္တြင္း ေဆးနည္းလမ္းေလးေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။
 အလြယ္ တကူလည္း ကုိယ္တုိင္ျပဳလုပ္လုိ႔ရသလုိ၊ ဆံေကသာအတြက္လည္း ထိေရာက္တဲ့ အက်ိဳးေက်းဇူးေတြရွိတာေၾကာင့္လည္း ႀကိဳက္ႏွစ္ သက္ၾကလိမ့္မယ္ထင္ပါတယ္….

၁။ အုန္းဆီနဲ႔ ဟင္းခတ္အေမႊးႀကိဳင္အရြက္ ေရာစပ္ၿပီးအသံုးျပဳျခင္း ဆံေကသာအတြက္ ရိုးရာေဆးနည္းလမ္းျဖစ္ပါတယ္။ နက္ေမွာင္တဲ့ ဆံေကသာ၊ ထူထဲၿပီး အရွည္ျမန္တဲ့ ဆံသားကုိ ရရွိဖုိ႔အတြက္ ဒီအုန္း ဆီ၊ ဟင္းခတ္ရြက္အေရာမွာ ပါဝင္တဲ့ သဘာဝဓာတ္သတၱဳေတြက ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ အုန္းဆီေလးပံုသံုးပံုနဲ႔ ဟင္းခတ္ရြက္ တုိ႔ေရာၿပီး ဆူပြက္ေအာင္တည္ၿပီး ရလာတဲ့ အရည္ကုိ ဆံသားမွာ လိမ္းက်ံၿပီးေတာ့ အခ်ိန္ခဏထားရွိပါ။ ေနာက္ ေခါင္းေလွ်ာ္ရည္နဲ႔ ျပန္လည္ေလွ်ာ္ခ်လုိက္ပါ။

၂။ ၾကက္ဆူဆီက ဆံေကသာထူထဲျခင္း၊ ၾကံ႕ခုိင္သန္စြမ္းျခင္းအ တြက္ အေကာင္းဆံုး အေထာက္အပံ့ျဖစ္ေစပါတယ္။ ၾကက္ဆူဆီကုိ ဦးေရျပားနဲ႔ ဆံေကသာမွာ လိမ္းက်ံၿပီး ႏွိပ္နယ္ကာ တစ္နာရီ၊ နာရီ ဝက္ခန္႔ ေပါင္းထားေပးပါ။ ၿပီးမွ ေရနဲ႔ေဆးခ်ပါ။

၃။ သံလြင္ဆီနဲ႔ ၾကက္ဥ အေရာကလည္း ဆံေကသာအတြက္ အေကာင္းဆံုး ေျဖရွင္းမႈေတြျပဳလုပ္ေပးႏုိင္ပါတယ္။ သံလြင္ဆီနဲ႔ ၾကက္ဥတုိ႔ကုိ ေရာစပ္ၿပီးေတာ့ ဆံေကသာေပါင္းတင္တဲ့ အေရာအေႏွာအျဖစ္ စပ္ပါ။ ၿပီး ဆံေကသာနဲ႔ ဦးေရျပားမွာ လိမ္းက်ံႏွိပ္နယ္ၿပီးေတာ့ ေပါင္းထားပါ။ ၿပီးမွ ေရေဆးခ်ပါ။ ဒီနည္းလမ္းကုိ ျပဳလုပ္ျခင္းအားျဖင့္ ဆံပင္က်န္းမာသန္စြမ္းျခင္းကုိ ရရွိလာမွာပါ။

၄။ ငွက္ေပ်ာသီးနဲ႔ ဆံေကသာေပါင္းတင္ျခင္းကလည္း အက်ိဳးထိေရာက္မႈရွိေစပါတယ္။ ငွက္ေပ်ာသီးမွာပါဝင္တဲ့ ပုိတက္ဆီယမ္နဲ႔ ဗုိက္တာမင္ေတြက ဆံေကသာက်န္းမာျခင္းအတြက္ အထူးအားေပးပါတယ္။ အလြယ္ကူဆံုးနည္းလမ္းျဖစ္တဲ့ ငွက္ေပ်ာသီးအႏွစ္ေတြကုိ သံလြင္ဆီတစ္ဇြန္းစာနဲ႔ အေရာျပဳလုပ္ၿပီးေတာ့ ဆံသားနဲ႔ ဦးေရျပားမွာ လိမ္းက်ံေပးပါ။ ၿပီးေရေဆးခ်လုိက္ပါ။

၅။ ေထာပတ္နဲ႔ အုန္းဆီႏွစ္မ်ိဳးကုိ ေရာစပ္ၿပီးေတာ့ ဆံသားက်န္းမာ ေရးအတြက္ ထိန္းသိမ္းမႈေတြ ျပဳလုပ္ေပးနုိ္င္ပါတယ္။ ေထာပတ္သီးအႏွစ္နဲ႔ အုန္းဆီကုိ ေရာၿပီးေတာ့ ဆံေကသာမွာ နာရီဝက္ခန္႔လိမ္းက်ံၿပီးေတာ့ ထားရွိႏုိင္ပါတယ္။ ၿပီးမွ ေရေဆးခ်လုိက္ႏုိင္ပါတယ္။ ဒီလုိနည္းလမ္းေတြကုိ တစ္ပတ္တစ္ႀကိမ္ႏႈန္း ျပဳလုပ္ေပးျခင္းျဖင့္ ေျပာင္းလဲလာတဲ့ ဆံေကသာ ေျပာင္းလဲမႈ အက်ိဳးေတြကုိ ရရွိလာမွာပါ။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ဆံကေသာ အလှတရားဆိုတာ မိန်းကလေးတွေအတွက် အထူးလို လား လိုချင်ကြတဲ့ အရာတစ်ခုပါ။ နက်မှောင်သန်စွမ်းပြီး ဖြောင့်စင်း တဲ့ ဆံကေသာလေးတွေကို ရချင်ကြလို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစား  ထိန်းသိမ်းတတ်ကြပါတယ်။

ဒီကြားထဲကမှ အစားအသောက်နဲ့ အနေအထိုင်ပုံစံတွေ၊ သုံးစွဲတဲ့ အလှကုန်ပစ္စည်းဆိုးဆေး တွေ ကြောင့် ဆံပင်နဲ့ ဆံကေသာဦးရေပြားတွေကို ပျက်စီးစေတာဖြစ် ပါတယ်။ ဒါ့ကြောင့်မို့လို့ ဆံကေသာလေးတွေကို ပြန်လည်သန်စွမ်း ကျန်းမာလာအောင် သဘာဝအတိုင်းပြုလုပ်လို့ရမယ့် အိမ်တွင်း ဆေးနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 အလွယ် တကူလည်း ကိုယ်တိုင်ပြုလုပ်လို့ရသလို၊ ဆံကေသာအတွက်လည်း ထိရောက်တဲ့ အကျိုးကျေးဇူးတွေရှိတာကြောင့်လည်း ကြိုက်နှစ် သက်ကြလိမ့်မယ်ထင်ပါတယ်….

၁။ အုန်းဆီနဲ့ ဟင်းခတ်အမွှေးကြိုင်အရွက် ရောစပ်ပြီးအသုံးပြုခြင်း ဆံကေသာအတွက် ရိုးရာဆေးနည်းလမ်းဖြစ်ပါတယ်။ နက်မှောင်တဲ့ ဆံကေသာ၊ ထူထဲပြီး အရှည်မြန်တဲ့ ဆံသားကို ရရှိဖို့အတွက် ဒီအုန်း ဆီ၊ ဟင်းခတ်ရွက်အရောမှာ ပါဝင်တဲ့ သဘာဝဓာတ်သတ္တုတွေက ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အုန်းဆီလေးပုံသုံးပုံနဲ့ ဟင်းခတ်ရွက် တို့ရောပြီး ဆူပွက်အောင်တည်ပြီး ရလာတဲ့ အရည်ကို ဆံသားမှာ လိမ်းကျံပြီးတော့ အချိန်ခဏထားရှိပါ။ နောက် ခေါင်းလျှော်ရည်နဲ့ ပြန်လည်လျှော်ချလိုက်ပါ။

၂။ ကြက်ဆူဆီက ဆံကေသာထူထဲခြင်း၊ ကြံ့ခိုင်သန်စွမ်းခြင်းအ တွက် အကောင်းဆုံး အထောက်အပံ့ဖြစ်စေပါတယ်။ ကြက်ဆူဆီကို ဦးရေပြားနဲ့ ဆံကေသာမှာ လိမ်းကျံပြီး နှိပ်နယ်ကာ တစ်နာရီ၊ နာရီ ဝက်ခန့် ပေါင်းထားပေးပါ။ ပြီးမှ ရေနဲ့ဆေးချပါ။

၃။ သံလွင်ဆီနဲ့ ကြက်ဥ အရောကလည်း ဆံကေသာအတွက် အကောင်းဆုံး ဖြေရှင်းမှုတွေပြုလုပ်ပေးနိုင်ပါတယ်။ သံလွင်ဆီနဲ့ ကြက်ဥတို့ကို ရောစပ်ပြီးတော့ ဆံကေသာပေါင်းတင်တဲ့ အရောအနှောအဖြစ် စပ်ပါ။ ပြီး ဆံကေသာနဲ့ ဦးရေပြားမှာ လိမ်းကျံနှိပ်နယ်ပြီးတော့ ပေါင်းထားပါ။ ပြီးမှ ရေဆေးချပါ။ ဒီနည်းလမ်းကို ပြုလုပ်ခြင်းအားဖြင့် ဆံပင်ကျန်းမာသန်စွမ်းခြင်းကို ရရှိလာမှာပါ။

၄။ ငှက်ပျောသီးနဲ့ ဆံကေသာပေါင်းတင်ခြင်းကလည်း အကျိုးထိရောက်မှုရှိစေပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ဗိုက်တာမင်တွေက ဆံကေသာကျန်းမာခြင်းအတွက် အထူးအားပေးပါတယ်။ အလွယ်ကူဆုံးနည်းလမ်းဖြစ်တဲ့ ငှက်ပျောသီးအနှစ်တွေကို သံလွင်ဆီတစ်ဇွန်းစာနဲ့ အရောပြုလုပ်ပြီးတော့ ဆံသားနဲ့ ဦးရေပြားမှာ လိမ်းကျံပေးပါ။ ပြီးရေဆေးချလိုက်ပါ။

၅။ ထောပတ်နဲ့ အုန်းဆီနှစ်မျိုးကို ရောစပ်ပြီးတော့ ဆံသားကျန်းမာ ရေးအတွက် ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ထောပတ်သီးအနှစ်နဲ့ အုန်းဆီကို ရောပြီးတော့ ဆံကေသာမှာ နာရီဝက်ခန့်လိမ်းကျံပြီးတော့ ထားရှိနိုင်ပါတယ်။ ပြီးမှ ရေဆေးချလိုက်နိုင်ပါတယ်။ ဒီလိုနည်းလမ်းတွေကို တစ်ပတ်တစ်ကြိမ်နှုန်း ပြုလုပ်ပေးခြင်းဖြင့် ပြောင်းလဲလာတဲ့ ဆံကေသာ ပြောင်းလဲမှု အကျိုးတွေကို ရရှိလာမှာပါ။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top