Property Expo
×

သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေန႔ခင္းအခ်ိန္ ေနအိမ္အတြင္းသို႔ လူႏွစ္ဦး ၀င္ေရာက္ၿပီး အိမ္ရွင္အမ်ဳိးသမီးကို ခြၽန္ထက္ေသာအရာ တစ္ခုျဖင့္ေထာက္ကာ သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ၿပီး ေရႊထည္ပစၥည္းမ်ား လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ႏို၀င္ဘာ ၁ ရက္တြင္ အိမ္ရွင္ အမ်ဳိးသမီး၏ ေျပာျပခ်က္အရ သိရသည္။
ေအာက္တိုဘာ ၃၁ ရက္ မြန္းလြဲ ၁ နာရီ ၄၅ မိနစ္ခန္႔က သဃၤန္းကြၽန္းၿမိဳ႕နယ္ ေလးေထာင့္ကန္ရပ္ကြက္ ျပည္ေတာ္ေအးလမ္းေန ေဒၚ…. (၅၆ ႏွစ္) သည္ ေနအိမ္၌ တစ္ဦးတည္းရိွေနစဥ္ အမ်ဳိးသားႏွစ္ဦး ၀င္ေရာက္လာၿပီး ၎အား ခြၽန္ထက္ေသာ အရာတစ္ခုျဖင့္ ေထာက္ကာ ေနအိမ္၏ ေနာက္ေဖးဘက္သို႔ ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေနအိမ္ေနာက္ေဖးသို႔ ေရာက္ရိွသြားခ်ိန္တြင္ ယင္းအမ်ဳိးသား ႏွစ္ဦးအနက္ တစ္ဦးက ေဒၚ…. (၅၆ ႏွစ္) အား သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ကာ ဓားျဖင့္ေထာက္ၿပီး က်န္တစ္ဦးမွ ေဒၚ…. ၀တ္ဆင္ထားသည့္ နားကပ္တစ္ရံႏွင့္ လက္ေကာက္ ႏွစ္ကြင္းအား ခြၽတ္ယူခဲ့ေၾကာင္း သိရသည္။

လုယက္သူႏွစ္ဦးမွာ ဗီ႐ုိအတြင္း ထည့္ထားသည့္ ဆြဲႀကိဳးတစ္ကံုးအား ထပ္မံယူေဆာင္ကာ ေဒၚ…. အား “မေအာ္နဲ႔ ေအာ္ရင္ သတ္ပစ္မယ္” ဟု ေျပာဆိုၿပီး ေနအိမ္ထဲမွ ထြက္သြားေၾကာင္း သိရသည္။

“ရပ္ကြက္ထဲမွာ နာေရးရိွေတာ့ အန္တ့ီခင္ပြန္းက အဲဒီကို သြားေနတာပါ။ အန္တီက တစ္ေယာက္တည္း ေနအိမ္ေနာက္မွာ ရိွေနတာပါ။ အဲဒီအခ်ိန္မွာ အိမ္ေရွ႕ကေန မႀကီးရိွလားဆိုတဲ့ အသံၾကားလို႔ ထြက္ၾကည့္ေတာ့ အမ်ဳိးသားႏွစ္ဦး ေတြ႕တယ္။ သူတို႔က အိမ္ထဲကို ေရာက္ေနၿပီ။ အဲဒီမွာ အန္တီက မရိွဘူးလို႔ ေျပာလိုက္ေတာ့ သူတို႔က အန္တီကို ခြၽန္ထက္တဲ့ အရာတစ္ခုနဲ႔ေထာက္ၿပီး အိမ္ေနာက္ဘက္ကို ေခၚသြားပါတယ္။ ေနာက္ေတာ့ အန္တီ၀တ္ထားတဲ့ လက္ေကာက္နဲ႔ နားကပ္ ကို ယူသြားတာပါ။ ေနာက္ အိမ္ေရွ႕ ဗီ႐ိုထဲမွာထားတဲ့ ဆြဲႀကိဳးကို ယူသြားတာပါ။ သူတို႔ထြက္သြားတဲ့ အခ်ိန္မွာ အန္တီလည္း ေနမေကာင္းျဖစ္ေနေတာ့ ခ်က္ခ်င္း ထမသြားႏိုင္ဘူး။ အန္တီလည္း တစ္ေယာက္တည္း ရိွေနေတာ့ ခ်က္ခ်င္း မထြက္ရဲဘူးေလ။ သူတို႔ပံုေတြကိုေတာ့ သိပ္ပီပီသသ မျမင္ရပါဘူး။ အဲဒီအခ်ိန္မွာ မီးကလည္း ပ်က္ေနတယ္။ သူတို႔ကို အရင္က တစ္ခါမွ မျမင္ဖူးပါဘူး” ဟု လုယက္ခံခဲ့ရသည့္ အိမ္ရွင္အမ်ိဳးသမီးက ေျပာၾကားသည္။

အခင္းျဖစ္သည့္အိမ္မွာ လမ္းဆံုလမ္းခြ အနီး၌ရိွၿပီး ေနအိမ္၏ နံေဘးတြင္ လက္ဖက္ရည္ဆိုင္ တစ္ဆုိင္ရိွကာ အဆိုပါလမ္းမွာလည္း လူသြားလူလာ မပ်က္ေသာ လမ္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

“ျဖစ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က နာေရးလိုက္ပို႔ေနေတာ့ ရပ္ကြက္ထဲမွာေတာ့ မရိွပါဘူး။ အဲဒီလို ျပဳလုပ္သြားတဲ့ သူေတြက ႀကိဳတင္ၿပီး ၾကံစည္ထားတယ္လို႔ ထင္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီအခ်ိန္က နာေရးလိုက္ပို႔ေနၾကေတာ့ ရပ္ကြက္ထဲမွာလည္း လူကသိပ္မရိွဘူးေလ။ အရင္ေန႔ေတြကတည္းက ေစာင့္ၾကည့္ေနတယ္လို႔ ထင္မိပါတယ္။ ေန႔ခင္းေၾကာင္ေတာင္ အခ်ိန္ေတာင္ ဒီလိုေတြျဖစ္ေနေတာ့ ရပ္ကြက္ေနျပည္သူေတြကို အခ်ိန္တိုင္း အသိ၊ သတိနဲ႔ ေနၾကဖုိ႔ ႏိႈးေဆာ္ထားပါတယ္” ဟု ယင္းရပ္ကြက္၏ ဆယ္အိမ္မွဴး ဦးတင္ျမင့္က ေျပာၾကားသည္။

အဆိုပါျဖစ္စဥ္ကို သဃၤန္းကြၽန္းၿမိဳ႕မ ရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၈၆/၄၅၂ ျဖင့္ အမႈဖြင့္ထားၿပီး က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven news

Unicode Version

သင်္ဃန်းကျွန်းမြို့နယ်တွင် နေ့ခင်းအချိန် နေအိမ်အတွင်းသို့ လူနှစ်ဦး ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးကို ချွန်ထက်သောအရာ တစ်ခုဖြင့်ထောက်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁ ရက်တွင် အိမ်ရှင် အမျိုးသမီး၏ ပြောပြချက်အရ သိရသည်။

အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ပြည်တော်အေးလမ်းနေ ဒေါ်…. (၅၆ နှစ်) သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အမျိုးသားနှစ်ဦး ဝင်ရောက်လာပြီး ၎င်းအား ချွန်ထက်သော အရာတစ်ခုဖြင့် ထောက်ကာ နေအိမ်၏ နောက်ဖေးဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။


ထို့နောက် နေအိမ်နောက်ဖေးသို့ ရောက်ရှိသွားချိန်တွင် ယင်းအမျိုးသား နှစ်ဦးအနက် တစ်ဦးက ဒေါ်…. (၅၆ နှစ်) အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ဓားဖြင့်ထောက်ပြီး ကျန်တစ်ဦးမှ ဒေါ်…. ဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့် လက်ကောက် နှစ်ကွင်းအား ချွတ်ယူခဲ့ကြောင်း သိရသည်။


လုယက်သူနှစ်ဦးမှာ ဗီရိုအတွင်း ထည့်ထားသည့် ဆွဲကြိုးတစ်ကုံးအား ထပ်မံယူဆောင်ကာ ဒေါ်…. အား “မအော်နဲ့ အော်ရင် သတ်ပစ်မယ်” ဟု ပြောဆိုပြီး နေအိမ်ထဲမှ ထွက်သွားကြောင်း သိရသည်။


“ရပ်ကွက်ထဲမှာ နာရေးရှိတော့ အန်တ့ီခင်ပွန်းက အဲဒီကို သွားနေတာပါ။ အန်တီက တစ်ယောက်တည်း နေအိမ်နောက်မှာ ရှိနေတာပါ။ အဲဒီအချိန်မှာ အိမ်ရှေ့ကနေ မကြီးရှိလားဆိုတဲ့ အသံကြားလို့ ထွက်ကြည့်တော့ အမျိုးသားနှစ်ဦး တွေ့တယ်။ သူတို့က အိမ်ထဲကို ရောက်နေပြီ။ အဲဒီမှာ အန်တီက မရှိဘူးလို့ ပြောလိုက်တော့ သူတို့က အန်တီကို ချွန်ထက်တဲ့ အရာတစ်ခုနဲ့ထောက်ပြီး အိမ်နောက်ဘက်ကို ခေါ်သွားပါတယ်။ နောက်တော့ အန်တီဝတ်ထားတဲ့ လက်ကောက်နဲ့ နားကပ် ကို ယူသွားတာပါ။ နောက် အိမ်ရှေ့ ဗီရိုထဲမှာထားတဲ့ ဆွဲကြိုးကို ယူသွားတာပါ။ သူတို့ထွက်သွားတဲ့ အချိန်မှာ အန်တီလည်း နေမကောင်းဖြစ်နေတော့ ချက်ချင်း ထမသွားနိုင်ဘူး။ အန်တီလည်း တစ်ယောက်တည်း ရှိနေတော့ ချက်ချင်း မထွက်ရဲဘူးလေ။ သူတို့ပုံတွေကိုတော့ သိပ်ပီပီသသ မမြင်ရပါဘူး။ အဲဒီအချိန်မှာ မီးကလည်း ပျက်နေတယ်။ သူတို့ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး” ဟု လုယက်ခံခဲ့ရသည့် အိမ်ရှင်အမျိုးသမီးက ပြောကြားသည်။


အခင်းဖြစ်သည့်အိမ်မှာ လမ်းဆုံလမ်းခွ အနီး၌ရှိပြီး နေအိမ်၏ နံဘေးတွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိကာ အဆိုပါလမ်းမှာလည်း လူသွားလူလာ မပျက်သော လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။


“ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က နာရေးလိုက်ပို့နေတော့ ရပ်ကွက်ထဲမှာတော့ မရှိပါဘူး။ အဲဒီလို ပြုလုပ်သွားတဲ့ သူတွေက ကြိုတင်ပြီး ကြံစည်ထားတယ်လို့ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်က နာရေးလိုက်ပို့နေကြတော့ ရပ်ကွက်ထဲမှာလည်း လူကသိပ်မရှိဘူးလေ။ အရင်နေ့တွေကတည်းက စောင့်ကြည့်နေတယ်လို့ ထင်မိပါတယ်။ နေ့ခင်းကြောင်တောင် အချိန်တောင် ဒီလိုတွေဖြစ်နေတော့ ရပ်ကွက်နေပြည်သူတွေကို အချိန်တိုင်း အသိ၊ သတိနဲ့ နေကြဖို့ နှိုးဆော်ထားပါတယ်” ဟု ယင်းရပ်ကွက်၏ ဆယ်အိမ်မှူး ဦးတင်မြင့်က ပြောကြားသည်။


အဆိုပါဖြစ်စဉ်ကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/၄၅၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



ဖိုးသူတော် (www.phothutaw.com)

Credit:Eleven news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top