Property Expo
×

(၁) ကေလးကို ႏို႔တိုက္ပါ
ကေလးကို ႏို႔ခ်ဳိတိုက္ တာဟာ က ေလးေရာ မိခင္ပါ ႏွစ္ဦးႏွစ္ဖက္ အက်ဳိးရွိ တဲ့နည္းလမ္းပါ။ ႏို႔တိုက္ ေကြ်းတာ ေၾကာင့္ ကေလးလည္း အာဟာရျဖစ္႐ံု သာမက မိခင္မွာလည္း တစ္ေန႔ကို ကယ္ လိုရီ၅ဝဝ ေလာင္ကြ်မ္းၿပီး ကိုယ္အေလး ခ်ိန္က်ေစပါတယ္။
(၂) ေလ့က်င့္ခန္းလုပ္ပါ
ကြ်မ္းက်င္သူေတြရဲ႕ အကူအညီရယူ ၿပီး ေလ့က်င့္ခန္း ဘယ္လိုစလုပ္သင့္လဲ ဆိုတာ အႀကံဥာဏ္ ေတာင္းပါ။ လမ္း ေလွ်ာက္တာ၊ ေယာဂသင္တန္းတက္ တာ၊ ေအ႐ိုးဗစ္ကစားတာစတဲ့ မိခင္ေတြ အတြက္သီးသန္႔ဖြင့္လွစ္တဲ့ သင္တန္းေတြ မွာ ေလ့က်င့္ခန္းလုပ္တာမ်ဳိး လုပ္ေပးႏုိင္ ပါတယ္။ တစ္ပတ္ကို သံုးႀကိမ္ေလာက္ ေတာ့ အနည္းဆံုး မိနစ္ ၃ဝ အခ်ိန္ယူၿပီး လုပ္သင့္ပါတယ္။
(၃) နည္းနည္းနွင့္ အၾကိမ္မ်ားမ်ားစားပါ
အဆာလြန္မွ စားတာဟာ ကယ္လို ရီေတြကို စုေဆာင္းမိသလိုျဖစ္တဲ့ အ တြက္ ျဖစ္ႏိုင္ရင္ အဆာမခံသင့္ပါဘူး။ တစ္ခါတည္းနဲ႔ ဗိုက္တင္းေအာင္စားတာ မ်ဳိးလည္း ေရွာင္သင့္ၿပီး နည္းနည္းနဲ႔ အ ႀကိမ္မ်ားမ်ားစားေသာက္တာ တစ္ေန႔ကို အနည္းဆံုးငါးႀကိမ္မွ ေျခာက္ႀကိမ္အထိ ျပဳလုပ္ႏိုင္ပါတယ္။
(၄) အဆာေျပစာ ေကာင္းေကာင္းစားပါ
အဆာေျပစာ အေနနဲ႔ အခ်ဳိ႕မုန္႔ေတြ စားမယ့္အစား ခ်ဳိတဲ႔သစ္သီးေတြကို အ လြယ္တကူယူစားလို႔ရတဲ႔ေနရာမွာ ထား ပါ။ ဒီအတိုင္း စားရတာၿငီးေငြ႕လို႔ အ ေျပာင္းအလဲအေနနဲ႔ စပ်စ္သီးနဲ႔ပန္းသီး ကို ေရခဲေသတၱာ ထဲမွာေအးခဲ ထားၿပီး ေျမ ပဲေထာပတ္နဲ႔ သုပ္စားတာမ်ဳိးလည္းလုပ္ လို႔ရပါတယ္။
(၅) အမွ်င္ဓာတ္ မ်ားမ်ားစားပါ
စားတဲ့ အစာတိုင္းမွာ အမွ်င္ဓာတ္ ျမင့္မားစြာ ပါဝင္ပါေစ။ ေရမွာေပ်ာ္ဝင္တဲ႔ အမွ်င္ဓာတ္ အစားအစာေတြျဖစ္တဲ့ အုတ္ဂ်ဳံမုန္႔၊ လတ္ဆတ္တဲ့ဟင္းသီးဟင္း ရြက္သစ္သီးေတြကို စားေပးပါ။ ဆန္လံုး ညိဳနဲ႔ေကာက္ႏွံစာတစ္ခုလံုးပါဝင္တဲ့ အ စာေတြကိုလည္း ေရြးခ်ယ္စားသံုးႏိုင္ပါ တယ္။
(၆) အဆီနည္းေသာ အသားစားပါ
အဆီမ်ားတဲ့ အသားေတြ စား မယ့္အစား ၾကက္သားနဲ႔ ငါးကိုစားပါ။ ေဆာ္လမြန္ငါးမွာ အိုမီဂါ ၃ ဖက္တီး အက္စစ္ပါဝင္တာေၾကာင့္ ေရာင္ရမ္း ျခင္းကို ေလ်ာ့နည္းေစၿပီး အေလးခ်ိန္ လည္းက်ေစပါတယ္။ ကေလးႏို႔တိုက္ေန တဲ႔မိခင္ေတြအတြက္ တစ္ပတ္ကို တူနာ ငါး ၆ေအာင္စအထိ စားသင့္ၿပီး ျပဒါး ပါဝင္မႈမ်ားတဲ့ငါးေတြကိုေတာ့ ေရွာင္သင့္ တယ္လို႔ ဆိုထားပါတယ္။
(၇) ေရမ်ားမ်ားေသာက္ပါ
ေရဓာတ္ဟာ ကိုယ္အေလးခ်ိန္က် ဖို႔နဲ႔ အစားစားခ်င္စိတ္ကို တားဆီးေပးတဲ့ ေနရာမွာ အလြန္အေရးပါပါတယ္။ အ သားအရည္ကိုလည္း ၾကည္လင္ေစၿပီး စို စိုျပည္ျပည္ျဖစ္ေစတာေၾကာင့္ တစ္ေန႔ကို ေရ ရွစ္ခြက္အထိေတာ့ အနည္းဆံုး ေသာက္သင့္ပါတယ္။
(၈) အခ်ိန္ယူပါ
႐ုပ္ရွင္ သ႐ုပ္ေဆာင္ မင္းသမီးေတြဟာ ကေလးေမြးၿပီး တစ္ပတ္အတြင္း ကိုယ္အေလးခ်ိန္က် သြားတယ္လို႔ ထင္ရ ေပမယ့္ တကယ္တမ္းေတာ့ မလြယ္ပါ ဘူး။ ဝမ္းဗိုက္ႂကြက္သား ေတြဟာ ကေလး ကို ကိုးလေလာက္လြယ္ ထားရတဲ့ အတြက္ မလြယ္ခင္က အခ်ိန္လိုျပန္ျဖစ္ၿပီး ခ်က္ ခ်င္း ကိုယ္အေလးခ်ိန္ က်ဖို႔ဆိုတာ အ နည္းငယ္ေတာ့ အခ်ိန္ယူ သင့္တယ္လို႔ ေျပာခ်င္ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အိျဖဴ (ေဆးဝါးတကၠသိုလ္)

#Unicode Version
(၁) ကလေးကို နို့တိုက်ပါ
ကလေးကို နို့ချိုတိုက် တာဟာ က လေးရော မိခင်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိ တဲ့နည်းလမ်းပါ။ နို့တိုက် ကျွေးတာ ကြောင့် ကလေးလည်း အာဟာရဖြစ်ရုံ သာမက မိခင်မှာလည်း တစ်နေ့ကို ကယ် လိုရီ၅ဝဝ လောင်ကျွမ်းပြီး ကိုယ်အလေး ချိန်ကျစေပါတယ်။
(၂) လေ့ကျင့်ခန်းလုပ်ပါ
ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူ ပြီး လေ့ကျင့်ခန်း ဘယ်လိုစလုပ်သင့်လဲ ဆိုတာ အကြံဉာဏ် တောင်းပါ။ လမ်း လျှောက်တာ၊ ယောဂသင်တန်းတက် တာ၊ အေရိုးဗစ်ကစားတာစတဲ့ မိခင်တွေ အတွက်သီးသန့်ဖွင့်လှစ်တဲ့ သင်တန်းတွေ မှာ လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးနိုင် ပါတယ်။ တစ်ပတ်ကို သုံးကြိမ်လောက် တော့ အနည်းဆုံး မိနစ် ၃ဝ အချိန်ယူပြီး လုပ်သင့်ပါတယ်။
(၃) နည်းနည်းနှင့် အကြိမ်များများစားပါ
အဆာလွန်မှ စားတာဟာ ကယ်လို ရီတွေကို စုဆောင်းမိသလိုဖြစ်တဲ့ အ တွက် ဖြစ်နိုင်ရင် အဆာမခံသင့်ပါဘူး။ တစ်ခါတည်းနဲ့ ဗိုက်တင်းအောင်စားတာ မျိုးလည်း ရှောင်သင့်ပြီး နည်းနည်းနဲ့ အ ကြိမ်များများစားသောက်တာ တစ်နေ့ကို အနည်းဆုံးငါးကြိမ်မှ ခြောက်ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။
(၄) အဆာပြေစာ ကောင်းကောင်းစားပါ
အဆာပြေစာ အနေနဲ့ အချို့မုန့်တွေ စားမယ့်အစား ချိုတဲ့သစ်သီးတွေကို အ လွယ်တကူယူစားလို့ရတဲ့နေရာမှာ ထား ပါ။ ဒီအတိုင်း စားရတာငြီးငွေ့လို့ အ ပြောင်းအလဲအနေနဲ့ စပျစ်သီးနဲ့ပန်းသီး ကို ရေခဲသေတ္တာ ထဲမှာအေးခဲ ထားပြီး မြေ ပဲထောပတ်နဲ့ သုပ်စားတာမျိုးလည်းလုပ် လို့ရပါတယ်။
(၅) အမျှင်ဓာတ် များများစားပါ
စားတဲ့ အစာတိုင်းမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ပါစေ။ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ် အစားအစာတွေဖြစ်တဲ့ အုတ်ဂျုံမုန့်၊ လတ်ဆတ်တဲ့ဟင်းသီးဟင်း ရွက်သစ်သီးတွေကို စားပေးပါ။ ဆန်လုံး ညိုနဲ့ကောက်နှံစာတစ်ခုလုံးပါဝင်တဲ့ အ စာတွေကိုလည်း ရွေးချယ်စားသုံးနိုင်ပါ တယ်။
(၆) အဆီနည်းသော အသားစားပါ
အဆီများတဲ့ အသားတွေ စား မယ့်အစား ကြက်သားနဲ့ ငါးကိုစားပါ။ ဆော်လမွန်ငါးမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်တာကြောင့် ရောင်ရမ်း ခြင်းကို လျော့နည်းစေပြီး အလေးချိန် လည်းကျစေပါတယ်။ ကလေးနို့တိုက်နေ တဲ့မိခင်တွေအတွက် တစ်ပတ်ကို တူနာ ငါး ၆အောင်စအထိ စားသင့်ပြီး ပြဒါး ပါဝင်မှုများတဲ့ငါးတွေကိုတော့ ရှောင်သင့် တယ်လို့ ဆိုထားပါတယ်။
(၇) ရေများများသောက်ပါ
ရေဓာတ်ဟာ ကိုယ်အလေးချိန်ကျ ဖို့နဲ့ အစားစားချင်စိတ်ကို တားဆီးပေးတဲ့ နေရာမှာ အလွန်အရေးပါပါတယ်။ အ သားအရည်ကိုလည်း ကြည်လင်စေပြီး စို စိုပြည်ပြည်ဖြစ်စေတာကြောင့် တစ်နေ့ကို ရေ ရှစ်ခွက်အထိတော့ အနည်းဆုံး သောက်သင့်ပါတယ်။
(၈) အချိန်ယူပါ
ရုပ်ရှင် သရုပ်ဆောင် မင်းသမီးတွေဟာ ကလေးမွေးပြီး တစ်ပတ်အတွင်း ကိုယ်အလေးချိန်ကျ သွားတယ်လို့ ထင်ရ ပေမယ့် တကယ်တမ်းတော့ မလွယ်ပါ ဘူး။ ဝမ်းဗိုက်ကြွက်သား တွေဟာ ကလေး ကို ကိုးလလောက်လွယ် ထားရတဲ့ အတွက် မလွယ်ခင်က အချိန်လိုပြန်ဖြစ်ပြီး ချက် ချင်း ကိုယ်အလေးချိန် ကျဖို့ဆိုတာ အ နည်းငယ်တော့ အချိန်ယူ သင့်တယ်လို့ ပြောချင် ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:အိဖြူ (ဆေးဝါးတက္ကသိုလ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top