Kantharyar Centre
×

ျပည္တြင္း၌ ေစ်းႏႈန္း ေလွ်ာ့ခ်ၿပီး ေရာင္းခ်ႏုိင္ရန္ စက္ သံုးဆီထုတ္လုပ္သည့္ ႏိုင္ငံမ်ားမွ တိုက္႐ိုက္ဝယ္ယူတင္သြင္းရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံ စက္သံုးဆီ တင္သြင္းေရာင္းခ်သူမ်ားအသင္း အတြင္းေရးမွဴး ဦးဝင္းျမင့္က ေျပာသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ အတြင္း တစ္လလွ်င္ တန္ခ်ိန္သံုးသိန္းေက်ာ္ တင္သြင္းရသည့္ ေအာက္တိန္း၊ ဒီဇယ္ စသည့္ စက္သံုးဆီမ်ားကို စင္ကာပူႏိုင္ငံမွ တစ္ဆင့္ ျပန္လည္ဝယ္ယူၿပီး တင္သြင္းေနရျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ျပည္တြင္းစက္သံုးဆီ ေစ်းႏႈန္းကို စင္ကာပူႏိုင္ငံ စက္သံုးဆီ ေစ်းႏႈန္းအတုိင္း မေရာင္းခ်ႏုိင္ျခင္းျဖစ္ေၾကာင္း အထက္ပါပုဂၢိဳလ္က ေျပာသည္။

‘‘ကိုယ့္ႏုိင္ငံကို ထုတ္လုပ္တဲ့ ႏိုင္ငံက တိုက္႐ိုက္တင္သြင္းႏိုင္ မယ္ဆိုရင္ သက္သက္သာသာနဲ႔ ဝယ္ခြင့္ရမယ္’’ဟု ဦးဝင္းျမင့္က ေျပာသည္။

တ႐ုတ္၊ ေတာင္ကိုရီးယား ႏိုင္ငံအပါအဝင္ စက္သံုးဆီထုတ္ လုပ္သည့္ႏိုင္ငံမ်ားမွ တိုက္႐ိုက္တင္သြင္းရန္ ရန္ကုန္ျမစ္ေရလမ္း ေၾကာင္း၏ ေရစူးတိမ္မႈသည္ လည္း စိန္ေခၚမႈတစ္ခုကဲ့သို႔ ျဖစ္ေနသည္ဟု ၎ကဆိုသည္။

ရန္ကုန္ျမစ္၏ ေရစူးသည္ ၉မီတာခန္႔သာရွိသျဖင့္ ၉ မီတာေရစူးရွိေသာ ဆီတင္သေဘၤာမ်ား သာ ဝင္ေရာက္ႏိုင္သည္။ ႏိုင္ငံတကာတြင္ ေရစူး ၁၂ မီတာရွိ တန္ခ်ိန္ သံုးေသာင္းခြဲတင္ေဆာင္ ႏိုင္ေသာ သေဘၤာမ်ားက အမ်ားစု ရွိေနသျဖင့္ ျမန္မာႏိုင္ငံသို႔ တိုက္႐ိုက္လာေရာက္ရန္ သေဘၤာအခက္အခဲရွိ ေၾကာင္း သိရသည္။

လက္ရွိ ျပည္တြင္း စက္သံုး ဆီေစ်းႏႈန္း ျမင့္တက္မႈႏွင့္ ပတ္ သက္၍ ႏိုဝင္ဘာ ၇ ရက္၌ မင္းရဲေက်ာ္စြာလမ္းရွိ ကုန္သည္ စက္မႈအသင္းခ်ဳပ္႐ံုး (၁၀) လႊာရွိ ျမန္မာႏိုင္ငံ စက္သံုးဆီတင္သြင္း ေရာင္းခ်သူမ်ား အသင္းက သတင္းစာရွင္းလင္းပြဲ က်င္းပျခင္း ျဖစ္သည္။

 စက္သံုးဆီေစ်းႏႈန္း ျမင့္ တက္မႈႏွင့္ပတ္သက္၍ ရွင္းလင္း ရာ လက္ရွိအခ်ိန္၌ ႏိုင္ငံတကာ ေစ်းႏႈန္း၊ တင္သြင္းမႈ ကုန္က် စရိတ္ တိုးျမႇင့္ျခင္းႏွင့္ ႏိႈင္းယွဥ္ တြက္ခ်က္ပါက လက္ရွိ ျပည္တြင္းစက္သံုးဆီေစ်းႏႈန္းမွာ ျဖစ္သင့္ သည့္ ေစ်းႏႈန္းဟု ဦးဝင္းျမင့္က ေျပာသည္။ သို႔ေသာ္ ေအာက္ တိန္း -95 အမ်ဳိးအစား စက္သံုးဆီမွာ ျဖစ္သင့္သည့္ ေစ်းထက္ တစ္လီတာလွ်င္ က်ပ္ ၃၀ ေက်ာ္ ပိုမ်ားေနျခင္းေၾကာင့္ ေစ်းႏႈန္းညႇိ ႏိႈင္းေပးရန္ လက္လီ စက္သုံးဆီ ဆိုင္မ်ားမွ တာဝန္ရွိသူမ်ားကို ဦးဝင္းျမင့္က ေတာင္းဆိုခဲ့သည္။

ထို႔အျပင္ ေအာက္တိန္း -92ဆီအမ်ဳိးအစားကို တင္သြင္းရာ တြင္ အရည္အေသြးျမင့္ အမ်ဳိး အစားကိုသာ တင္သြင္းရန္ လွ်ပ္ စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနသ႔ို လည္း တင္ျပေတာင္းဆိုမည္ဟု သိရသည္။

ယင္းဆီအမ်ဳိးအစားသည္ လက္ရွိ တင္သြင္းေနသည့္ ဆီ အမ်ဳိးအစားထက္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ ႏွစ္ေဒၚလာမွ ေလးေဒၚလာခန္႔ ေစ်းပိုမ်ားသည္။ စက္သံုးဆီ တစ္စည္လွ်င္ ၃၅ ဂါလံပါဝင္ၿပီး ေစ်းႏႈန္းအေနျဖင့္ မ်ားစြာ ကြာျခားမႈ မရွိႏိုင္ေသာ္ လည္း သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ပ်က္စီးႏုိင္သည့္ ဆာလ္ဖာ ကဲ့သို႔ ဓာတုပစၥည္းပါဝင္မႈ နည္းပါးသည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ပြည်တွင်း၌ ဈေးနှုန်း လျှော့ချပြီး ရောင်းချနိုင်ရန် စက် သုံးဆီထုတ်လုပ်သည့် နိုင်ငံများမှ တိုက်ရိုက်ဝယ်ယူတင်သွင်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း တစ်လလျှင် တန်ချိန်သုံးသိန်းကျော် တင်သွင်းရသည့် အောက်တိန်း၊ ဒီဇယ် စသည့် စက်သုံးဆီများကို စင်ကာပူနိုင်ငံမှ တစ်ဆင့် ပြန်လည်ဝယ်ယူပြီး တင်သွင်းနေရခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းကို စင်ကာပူနိုင်ငံ စက်သုံးဆီ ဈေးနှုန်းအတိုင်း မရောင်းချနိုင်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

‘‘ကိုယ့်နိုင်ငံကို ထုတ်လုပ်တဲ့ နိုင်ငံက တိုက်ရိုက်တင်သွင်းနိုင် မယ်ဆိုရင် သက်သက်သာသာနဲ့ ဝယ်ခွင့်ရမယ်’’ဟု ဦးဝင်းမြင့်က ပြောသည်။

တရုတ်၊ တောင်ကိုရီးယား နိုင်ငံအပါအဝင် စက်သုံးဆီထုတ် လုပ်သည့်နိုင်ငံများမှ တိုက်ရိုက်တင်သွင်းရန် ရန်ကုန်မြစ်ရေလမ်း ကြောင်း၏ ရေစူးတိမ်မှုသည် လည်း စိန်ခေါ်မှုတစ်ခုကဲ့သို့ ဖြစ်နေသည်ဟု ၎င်းကဆိုသည်။

ရန်ကုန်မြစ်၏ ရေစူးသည် ၉မီတာခန့်သာရှိသဖြင့် ၉ မီတာရေစူးရှိသော ဆီတင်သင်္ဘောများ သာ ဝင်ရောက်နိုင်သည်။ နိုင်ငံတကာတွင် ရေစူး ၁၂ မီတာရှိ တန်ချိန် သုံးသောင်းခွဲတင်ဆောင် နိုင်သော သင်္ဘောများက အများစု ရှိနေသဖြင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်လာရောက်ရန် သင်္ဘောအခက်အခဲရှိ ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်း စက်သုံး ဆီဈေးနှုန်း မြင့်တက်မှုနှင့် ပတ် သက်၍ နိုဝင်ဘာ ၇ ရက်၌ မင်းရဲကျော်စွာလမ်းရှိ ကုန်သည် စက်မှုအသင်းချုပ်ရုံး (၁၀) လွှာရှိ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချသူများ အသင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း ဖြစ်သည်။

 စက်သုံးဆီဈေးနှုန်း မြင့် တက်မှုနှင့်ပတ်သက်၍ ရှင်းလင်း ရာ လက်ရှိအချိန်၌ နိုင်ငံတကာ ဈေးနှုန်း၊ တင်သွင်းမှု ကုန်ကျ စရိတ် တိုးမြှင့်ခြင်းနှင့် နှိုင်းယှဉ် တွက်ချက်ပါက လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဖြစ်သင့် သည့် ဈေးနှုန်းဟု ဦးဝင်းမြင့်က ပြောသည်။ သို့သော် အောက် တိန်း -95 အမျိုးအစား စက်သုံးဆီမှာ ဖြစ်သင့်သည့် ဈေးထက် တစ်လီတာလျှင် ကျပ် ၃၀ ကျော် ပိုများနေခြင်းကြောင့် ဈေးနှုန်းညှိ နှိုင်းပေးရန် လက်လီ စက်သုံးဆီ ဆိုင်များမှ တာဝန်ရှိသူများကို ဦးဝင်းမြင့်က တောင်းဆိုခဲ့သည်။

ထို့အပြင် အောက်တိန်း -92ဆီအမျိုးအစားကို တင်သွင်းရာ တွင် အရည်အသွေးမြင့် အမျိုး အစားကိုသာ တင်သွင်းရန် လျှပ် စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသ့ို လည်း တင်ပြတောင်းဆိုမည်ဟု သိရသည်။

ယင်းဆီအမျိုးအစားသည် လက်ရှိ တင်သွင်းနေသည့် ဆီ အမျိုးအစားထက် တစ်စည်လျှင် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာမှ လေးဒေါ်လာခန့် ဈေးပိုများသည်။ စက်သုံးဆီ တစ်စည်လျှင် ၃၅ ဂါလံပါဝင်ပြီး ဈေးနှုန်းအနေဖြင့် များစွာ ကွာခြားမှု မရှိနိုင်သော် လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင်သည့် ဆာလ်ဖာ ကဲ့သို့ ဓာတုပစ္စည်းပါဝင်မှု နည်းပါးသည်ဟု သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top