Property Expo
×






Credit: 7 day daily

#Unicode Version

 နောင်အနာဂတ်တွင် ၎င်းနှင့် တထေရာတည်းတူညီ သော ကစားသမားမျိုးရှိလာနိုင် သည်ဟူသော အယူအဆကို ရီးရဲလ်နှင့် ပေါ်တူဂီကြယ်ပွင့် စီ ရော်နယ်ဒိုက ပယ်ချလိုက်သည်။

မကြာသေးမီက ရီးရဲလ်အ သင်းနှင့် ၂၀၂၁ အထိ စာချုပ်သစ် ချုပ်ဆိုခြင်းအပေါ် ဂုဏ်ယူနေ သော ရော်နယ်ဒိုသည် ထူးခြား ပြောင်မြောက်ခဲ့သည့် ၂၀၁၅-၁၆ ရာသီအတွက် တစ်ဦးချင်းဆုများ လက်ခံရင်း အလုပ်ရှုပ်နေခဲ့ သည်။

ရော်နယ်ဒို (၃၁)နှစ်သည် ရီးရဲလ်ကို (၁၁)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရရန် ကူညီပေးခဲ့ပြီးနောက် ပေါ်တူဂီကိုလည်း ဥရောပချန်ပီယံဖြစ်အောင် ဦး ဆောင်နိုင်ခဲ့သည်။

အနာဂတ်တွင် နောက်ထပ် ရော်နယ်ဒိုတစ်ဦးရှိနိုင်သလားဟု မေးမြန်းခံရချိန်၌ ရော်နယ်ဒိုက ကစားသမားတိုင်းစီတွင် ထူးခြား သော အရည်အချင်းများ ပိုင်ဆိုင် ပြီး ကစားသမားတစ်ဦးသည် ကျန် တစ်ဦးနှင့် ထပ်တူမကျနိုင်ဟုအခိုင်အမာပြောကြားသည်။

‘‘နောက်ထပ်ခရစ်တီယာနို ရော်နယ်ဒိုဆိုပြီး ဘယ်သူမှ ဖြစ် မလာနိုင်ပါဘူး။ ထပ်တူညီတဲ့ နှစ်ယောက်မရှိနိုင်ပါဘူး’’ဟု လာ လီဂါအကောင်းဆုံးကစားသမား အဖြစ် အယ်လ်ဖရက်ဒိုဒီစတီဖာနို ဆုကို လက်ခံရယူပြီးနောက် ၎င်း က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top