Property Expo
×

ဧရာ၀တီျမစ္အတြင္း တရားမ၀င္ ဘက္ထရီေရွာ့ခ္တိုက္ ငါးဖမ္းျခင္း ေၾကာင့္ ကိုယ္၀န္ေဆာင္ ဧရာ၀တီလင္း ပိုင္တစ္ေကာင္ ေသဆံုးခဲ့ေၾကာင္း သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (WCS) မွ သတင္းရရွိသည္။

ယခုႏွစ္ဆန္းက ဧရာ၀တီလင္းပိုင္ ႏွစ္ေကာင္ ေသဆံုးခဲ့ၿပီး ယခုတစ္ႀကိမ္ ေသဆံုးျခင္းသည္ သံုးေကာင္ေျမာက္ျဖစ္ လာသည္။ ယင္းမွာ သံုးႏွစ္အတြင္း ကိုယ္ ၀န္ေဆာင္ ဧရာ၀တီလင္းပိုင္ႏွစ္ေကာင္ ေသဆံုးမႈျဖစ္သည္။

ေသဆံုးသြားေသာ ဧရာ၀တီလင္း ပိုင္၏ ခႏၶာကိုယ္တြင္ ဒဏ္ရာဒဏ္ခ်က္ မ်ား မေတြ႕ရသျဖင့္ ဘက္ထရီေရွာ့ခ္တိုက္ ျခင္းေၾကာင့္ ေသဆံုးရသည္ဟု ေဒသခံ မ်ားႏွင့္ ကြၽမ္းက်င္သူမ်ားက ဆိုသည္။‘‘တစ္ကိုယ္လံုးမွာ ဘာဒဏ္ ရာမွမရွိလို႔ ဘက္ထရီေရွာ့ခ္တိုက္ ငါးဖမ္းျခင္းေၾကာင့္ ျဖစ္တယ္လို႔ တထစ္ခ်ေျပာရတာပါ။ ကေလး ေမြးရင္းနဲ႔ မေမြးႏုိင္လို႔ ဆံုးတာ လည္း မဟုတ္ပါဘူး’’ဟု WCS မွ ပေရာဂ်က္မန္ေနဂ်ာ ဦးေက်ာ္ လွသိန္းက ေျပာသည္။

ကိုယ္၀န္ေဆာင္ ဧရာ၀တီ လင္းပိုင္မေသဆံုးမီတြင္ ကိုယ္ ၀န္ခုနစ္လခန္႔ရွိၿပီး ယင္းကိုယ္ထဲ တြင္ရွိေသာ သားေပါက္ဧရာ၀တီ လင္းပိုင္၏ အရြယ္အစားမွာ တစ္ ေပတစ္လက္မခန္႔ရွိသည္။ ဧရာ ၀တီလင္းပိုင္တို႔၏ ကိုယ္၀န္ေဆာင္ ခ်ိန္သည္ ၁၄ လခန္႔ရွိၿပီး သား ေပါက္လွ်င္ အရြယ္အစား သံုးေပခန္႔တြင္ ေမြးဖြားလ်က္ရွိသည္။

ေမြးဖြားခ်ိန္မတိုင္မီ ေသဆံုး ခဲ့ေသာေၾကာင့္ ကိုယ္၀န္ေဆာင္ ဧရာ၀တီလင္းပိုင္မ၏ သားေပါက္ ငယ္မွာ အသက္ရွင္ျခင္းမရွိဟု ဦး ေက်ာ္လွသိန္းက ေျပာသည္။

ေသဆံုးခဲ့ေသာ ဧရာ၀တီလင္းပိုင္သည္ အင္ေဒါင္းရြာအနီး ျမစ္ျပင္တြင္ က်က္စားသည့္ အေကာင္ျဖစ္ၿပီး ႐ုပ္အေလာင္းကို စစ္ကိုင္းခိုေတာင္ ေက်းရြာအနီး၌ ေတြ႕ရွိရျခင္း ျဖစ္သည္။

‘‘အရမ္းစိတ္မေကာင္းျဖစ္ရ တယ္။ လြန္ခဲ့တဲ့တစ္ပတ္က ေတာင္ သားႀကီးမကို ေတြ႕ခဲ့ေသး တယ္။ သူတို႔အုပ္စုက ေလးေကာင္အုပ္စု။ ကြၽန္ေတာ္တို႔ အင္ေဒါင္း သြားေတာ့ ကြၽန္ေတာ္တို႔နဲ႔အတူ ကူးခတ္ၿပီး ျပေနတာျမင္ခဲ့ေသး တယ္’’ဟု စိမ္းေရာင္စိုမွ တက္ႂကြ လႈပ္ရွားသူ ကိုေမာင္ေမာင္ဦးက ေျပာသည္။

ေဒသခံမ်ားက အဆိုပါဧရာ ၀တီလင္းပိုင္သည္ အင္ေဒါင္း ေက်းရြာအနီးက်က္စားသည့္ အ ေကာင္ျဖစ္ၿပီး သက္တမ္းအားျဖင့္ ရာေက်ာ္ရွိေၾကာင္း၊ ေဒသခံမ်ား ငါးဖမ္းဆီးရာတြင္ အကူအညီအ ၿမဲေပးလ်က္ရွိသည့္အျပင္ ဧရာ၀ တီလင္းပိုင္ၾကည့္သူမ်ားကို ေခၚ ျပရာတြင္ ေလွေခါက္ေခၚျခင္းႏွင့္ အသံျပဳေခၚ၍ရေသာေၾကာင့္ ေဒသခံမ်ားက အဆိုပါကိုယ္၀န္ ေဆာင္ ဧရာ၀တီလင္းပိုင္ကိုသား ႀကီးမဟု ေခၚေ၀ၚၾကသည္။

ဧရာ၀တီလင္းပိုင္မ၏ ခႏၶာကိုယ္ကို သဲျဖင့္ အ႐ိုးခ်၍ ျပတိုက္ျပရန္ ငါးလုပ္ငန္းဦးစီးဌာနက ေဆာင္ရြက္ေနၿပီး ယင္း၏ ကေလးကို ေဆးရည္စိမ္ထားသည္ဟု သတင္းရရွိသည္။

ဧရာ၀တီလင္းပိုင္သည္ ဧရာ ၀တီျမစ္အျပင္ မဲေခါင္ျမစ္တြင္ လည္း က်က္စားသည့္ အေကာင္ မ်ားျဖစ္ၿပီး မဲေခါင္ျမစ္လာအိုႏုိင္ငံ အနီးတြင္ ျမစ္အတြင္း ေျခာက္ ေကာင္သာ က်န္ရွိေတာ့သျဖင့္ ရွားပါးသတၱ၀ါအျဖစ္ လာအိုႏုိင္ငံ က သတ္မွတ္ထားသည္။

ျမန္မာႏိုင္ငံရွိ ဧရာ၀တီျမစ္ တြင္ ဧရာ၀တီလင္းပိုင္ေကာင္ေရ ၆၅ ေကာင္ရွိကာ အေကာင္ေရတိုးလာသည္ဟု WCS က ေဖေဖာ္၀ါရီက ေနာက္ဆံုးေတြ႕ရွိခ်က္ကို ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ဧရာဝတီမြစ်အတွင်း တရားမ ဝင် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်း ကြောင့် ကိုယ်ဝန်ဆောင် ဧရာဝတီလင်း ပိုင်တစ်ကောင် သေဆုံးခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သတင်းရရှိသည်။

ယခုနှစ်ဆန်းက ဧရာဝတီလင်းပိုင် နှစ်ကောင် သေဆုံးခဲ့ပြီး ယခုတစ်ကြိမ် သေဆုံးခြင်းသည် သုံးကောင်မြောက်ဖြစ် လာသည်။ ယင်းမှာ သုံးနှစ်အတွင်း ကိုယ် ဝန်ဆောင် ဧရာဝတီလင်းပိုင်နှစ်ကောင် သေဆုံးမှုဖြစ်သည်။

သေဆုံးသွားသော ဧရာဝတီလင်း ပိုင်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက် များ မတွေ့ရသဖြင့် ဘက်ထရီရှော့ခ်တိုက် ခြင်းကြောင့် သေဆုံးရသည်ဟု ဒေသခံ များနှင့် ကျွမ်းကျင်သူများက ဆိုသည်။‘‘တစ်ကိုယ်လုံးမှာ ဘာဒဏ် ရာမှမရှိလို့ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းကြောင့် ဖြစ်တယ်လို့ တထစ်ချပြောရတာပါ။ ကလေး မွေးရင်းနဲ့ မမွေးနိုင်လို့ ဆုံးတာ လည်း မဟုတ်ပါဘူး’’ဟု WCS မှ ပရောဂျက်မန်နေဂျာ ဦးကျော် လှသိန်းက ပြောသည်။

ကိုယ်ဝန်ဆောင် ဧရာဝတီ လင်းပိုင်မသေဆုံးမီတွင် ကိုယ် ဝန်ခုနစ်လခန့်ရှိပြီး ယင်းကိုယ်ထဲ တွင်ရှိသော သားပေါက်ဧရာဝတီ လင်းပိုင်၏ အရွယ်အစားမှာ တစ် ပေတစ်လက်မခန့်ရှိသည်။ ဧရာ ဝတီလင်းပိုင်တို့၏ ကိုယ်ဝန်ဆောင် ချိန်သည် ၁၄ လခန့်ရှိပြီး သား ပေါက်လျှင် အရွယ်အစား သုံးပေခန့်တွင် မွေးဖွားလျက်ရှိသည်။

မွေးဖွားချိန်မတိုင်မီ သေဆုံး ခဲ့သောကြောင့် ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင်မ၏ သားပေါက် ငယ်မှာ အသက်ရှင်ခြင်းမရှိဟု ဦး ကျော်လှသိန်းက ပြောသည်။

သေဆုံးခဲ့သော ဧရာဝတီလင်းပိုင်သည် အင်ဒေါင်းရွာအနီး မြစ်ပြင်တွင် ကျက်စားသည့် အကောင်ဖြစ်ပြီး ရုပ်အလောင်းကို စစ်ကိုင်းခိုတောင် ကျေးရွာအနီး၌ တွေ့ရှိရခြင်း ဖြစ်သည်။

‘‘အရမ်းစိတ်မကောင်းဖြစ်ရ တယ်။ လွန်ခဲ့တဲ့တစ်ပတ်က တောင် သားကြီးမကို တွေ့ခဲ့သေး တယ်။ သူတို့အုပ်စုက လေးကောင်အုပ်စု။ ကျွန်တော်တို့ အင်ဒေါင်း သွားတော့ ကျွန်တော်တို့နဲ့အတူ ကူးခတ်ပြီး ပြနေတာမြင်ခဲ့သေး တယ်’’ဟု စိမ်းရောင်စိုမှ တက်ကြွ လှုပ်ရှားသူ ကိုမောင်မောင်ဦးက ပြောသည်။

ဒေသခံများက အဆိုပါဧရာ ဝတီလင်းပိုင်သည် အင်ဒေါင်း ကျေးရွာအနီးကျက်စားသည့် အ ကောင်ဖြစ်ပြီး သက်တမ်းအားဖြင့် ရာကျော်ရှိကြောင်း၊ ဒေသခံများ ငါးဖမ်းဆီးရာတွင် အကူအညီအ မြဲပေးလျက်ရှိသည့်အပြင် ဧရာ၀ တီလင်းပိုင်ကြည့်သူများကို ခေါ် ပြရာတွင် လှေခေါက်ခေါ်ခြင်းနှင့် အသံပြုခေါ်၍ရသောကြောင့် ဒေသခံများက အဆိုပါကိုယ်ဝန် ဆောင် ဧရာဝတီလင်းပိုင်ကိုသား ကြီးမဟု ခေါ်ဝေါ်ကြသည်။

ဧရာဝတီလင်းပိုင်မ၏ ခန္ဓာကိုယ်ကို သဲဖြင့် အရိုးချ၍ ပြတိုက်ပြရန် ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေပြီး ယင်း၏ ကလေးကို ဆေးရည်စိမ်ထားသည်ဟု သတင်းရရှိသည်။

ဧရာဝတီလင်းပိုင်သည် ဧရာ ဝတီမြစ်အပြင် မဲခေါင်မြစ်တွင် လည်း ကျက်စားသည့် အကောင် များဖြစ်ပြီး မဲခေါင်မြစ်လာအိုနိုင်ငံ အနီးတွင် မြစ်အတွင်း ခြောက် ကောင်သာ ကျန်ရှိတော့သဖြင့် ရှားပါးသတ္တဝါအဖြစ် လာအိုနိုင်ငံ က သတ်မှတ်ထားသည်။

မြန်မာနိုင်ငံရှိ ဧရာဝတီမြစ် တွင် ဧရာဝတီလင်းပိုင်ကောင်ရေ ၆၅ ကောင်ရှိကာ အကောင်ရေတိုးလာသည်ဟု WCS က ဖေဖော်ဝါရီက နောက်ဆုံးတွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top