Property Expo
×

လူတစ္ေယာက္နဲ႔တစ္ေယာက္မွာ လိုအပ္တ့ဲ အိပ္စက္ခ်ိန္က မတူညီၾကပါဘူး။ ကေလးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြမွာ အိပ္စက္ခ်ိန္ ပိုၿပီးလိုအပ္ၾကေပမဲ့ လူငယ္နဲဲ႔လူလတ္ပိုင္းအရြယ္ေတြကေတာ့ အိပ္စက္ခ်ိန္ ၆ နာရီမွ ၈ နာရီၾကား လိုအပ္ပါတယ္။ တကယ္လို႔ အိပ္ေရးဝဝ မအိပ္ဘူးဆုိရင္ေတာ့ ေရ႐ွည္မွာ က်န္းမာေရးကိုဆိုး႐ြားစြာ ထိခိုက္ေစမွာအမွန္ပါ။


၁။ ယာဥ္မေတာ္တဆမႈ

သိပ္ကိုအႏၱရာယ္မ်ားပါတယ္။ အိပ္ေရးဝဝမအိပ္ဘဲ ယာဥ္တစ္ခုခုကို ေမာင္းႏွင္ရင္း အိပ္ငိုက္ၿပီး ထိခိုက္ဒဏ္ရာရတာေတြျဖစ္ႏိုင္လို႔ အိပ္ေရးမဝဘူးဆုိရင္ ကားမေမာင္းပါနဲဲ႔။

၂။ ေရာဂါဘယ

ႏွလံုးနဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္လာႏုိင္ပါတယ္။ ႏွလံုးခုန္မမွန္တာ၊ ႏွလံုးအားနည္းတာ၊ ႐ုတ္တရက္ႏွလံုးခုန္ရပ္သြားတာမ်ိဳးအထိေတာင္ ျဖစ္ႏိုင္ပါတယ္။ ဒါတင္မက ေသြးတိုးနဲ႔ ဆီးခ်ိဳလည္း ဝင္လာႏိုင္သလို ေလသင္တုန္းျဖတ္တာေတြလည္း ျဖစ္ႏိုင္လို႔ မေပါ့ဆသင့္ပါဘူး။

 ၃။ ခ်စ္မႈေရးရာ

ခ်စ္တင္းေႏွာဖုိ႔အတြက္ ေဟာ္မုန္းထြက္ရွိမႈေတြ မူမမွန္ေတာ့ပါဘူး။ ခ်စ္တင္းေႏွာစိတ္လည္း ေလ်ာ့က်တာမ်ိဳးျဖစ္လာႏိုင္လို႔ ကိုယ့္ခ်စ္သူနဲ႔ အဆင္မေျပျဖစ္လာႏုိင္ပါတယ္။

၄။ စိတ္ဓာတ္က်တာ

အလြန္အမင္းအိပ္တာ၊ အိပ္ခ်ိန္နည္းတာ၊ အိပ္စက္မႈ ပံုမွန္မဟုတ္တာေတြက စိတ္က်ေရာဂါျဖစ္ေအာင္ တြန္းပို႔ေနသလိုပါပဲ။ တစ္ညကို ၆ နာရီျပည့္ေအာင္ မအိပ္သူေတြဟာ စိတ္ဓာတ္က်ဆင္းလြယ္ၿပီး ပူပန္ေသာက ပိုမ်ားတတ္ပါတယ္။


၅။ အလွပ်က္ႏိုင္

အလွအပဘက္ကၾကည့္မယ္ဆုိရင္လည္း အိပ္ေရးမဝတဲ့လူက မ်က္ကြင္းညိဳတာ၊ မ်က္အိတ္တြဲတာေတြ ျဖစ္လာမွာ ေသခ်ာပါတယ္။ အိပ္ခ်ိန္နည္းတာေၾကာင့္ အသားအေရတင္းရင္းစိုေျပမႈ ေလ်ာ့က်သြားလို႔ မ်က္ဝန္းလွလွေလးေတြနဲ႔ ေ၀းရပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

လူတစ်ယောက်နဲ့တစ်ယောက်မှာ လိုအပ်တဲ့ အိပ်စက်ချိန်က မတူညီကြပါဘူး။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အိပ်စက်ချိန် ပိုပြီးလိုအပ်ကြပေမဲ့ လူငယ်နဲ့လူလတ်ပိုင်းအရွယ်တွေကတော့ အိပ်စက်ချိန် ၆ နာရီမှ ၈ နာရီကြား လိုအပ်ပါတယ်။ တကယ်လို့ အိပ်ရေးဝဝ မအိပ်ဘူးဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေမှာအမှန်ပါ။


၁။ ယာဉ်မတော်တဆမှု

သိပ်ကိုအန္တရာယ်များပါတယ်။ အိပ်ရေးဝဝမအိပ်ဘဲ ယာဉ်တစ်ခုခုကို မောင်းနှင်ရင်း အိပ်ငိုက်ပြီး ထိခိုက်ဒဏ်ရာရတာတွေဖြစ်နိုင်လို့ အိပ်ရေးမဝဘူးဆိုရင် ကားမမောင်းပါနဲ့။

၂။ ရောဂါဘယ

နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးခုန်မမှန်တာ၊ နှလုံးအားနည်းတာ၊ ရုတ်တရက်နှလုံးခုန်ရပ်သွားတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။ ဒါတင်မက သွေးတိုးနဲ့ ဆီးချိုလည်း ဝင်လာနိုင်သလို လေသင်တုန်းဖြတ်တာတွေလည်း ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။

 ၃။ ချစ်မှုရေးရာ

ချစ်တင်းနှောဖို့အတွက် ဟော်မုန်းထွက်ရှိမှုတွေ မူမမှန်တော့ပါဘူး။ ချစ်တင်းနှောစိတ်လည်း လျော့ကျတာမျိုးဖြစ်လာနိုင်လို့ ကိုယ့်ချစ်သူနဲ့ အဆင်မပြေဖြစ်လာနိုင်ပါတယ်။

၄။ စိတ်ဓာတ်ကျတာ

အလွန်အမင်းအိပ်တာ၊ အိပ်ချိန်နည်းတာ၊ အိပ်စက်မှု ပုံမှန်မဟုတ်တာတွေက စိတ်ကျရောဂါဖြစ်အောင် တွန်းပို့နေသလိုပါပဲ။ တစ်ညကို ၆ နာရီပြည့်အောင် မအိပ်သူတွေဟာ စိတ်ဓာတ်ကျဆင်းလွယ်ပြီး ပူပန်သောက ပိုများတတ်ပါတယ်။


၅။ အလှပျက်နိုင်

အလှအပဘက်ကကြည့်မယ်ဆိုရင်လည်း အိပ်ရေးမဝတဲ့လူက မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာတွေ ဖြစ်လာမှာ သေချာပါတယ်။ အိပ်ချိန်နည်းတာကြောင့် အသားအရေတင်းရင်းစိုပြေမှု လျော့ကျသွားလို့ မျက်ဝန်းလှလှလေးတွေနဲ့ ဝေးရပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top