Property Expo
×











Credit: Duwun

Unicode Version

ဒီနည်းလမ်းကို ပြုလုပ်ဖို့အတွက် အဓိကလိုအပ်တာက ခွေးမြီးကို ညှပ်ဖို့အတွက် ကလစ်တစ်ခုပါ။ အဲဒီကလစ်ကလေးနဲ့ ခွေးရဲ့အညစ်အကြေးကို ခံပေးမယ့် ပလတ်စတစ်အိတ်လေးကို တွဲချည်ရမှာ ဖြစ်ပါတယ်။

ခွေးမြီးမနာကျင်စေနိုင်တဲ့ ကလစ်အမျိုးအစားကို အသုံးပြုဖို့လိုအပ်သလို အညစ်အကြေးတွေ ဖိတ်စင်မကျနိုင်တဲ့ အိတ်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။


နူးညံ့တဲ့ ဆီလီကွန်ကလစ်ကို အသုံးပြုထားပြီး ခွေးတွေ သက်သောင့်သက်သာနဲ့ သွားလာနိုင်ကာ အညစ်အကြေးလည်း အောက်မကျစေမယ့် ခွေးအညစ်အကြေးခံလေးတွေကို Piqapoo က မိတ်ဆက်ထားပါတယ်။

"ခွေးက သူ့အညစ်အကြေးစွန့်လိုက်ချိန်မှာ အညစ်အကြေးအားလုံးက အိတ်ထဲကို တိုက်ရိုက်ကျသွားလိမ့်မယ်။ ဘာညစ်ပတ်မှု၊ ယိုစိမ့်မှုမှ မဖြစ်ဘူး" လို့ Piqapoo က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရှင်းပြခဲ့ပါတယ်။


"ခလုတ်တစ်ခုကို နှိပ်လိုက်တာနဲ့ အိတ်က အမှိုက်ပုံးထဲကို သူ့အလိုလို ကျသွားပါလိမ့်မယ်" လို့ ဆိုပါတယ်။

ယင်းပစ္စည်းကို Piqapoo ကုမ္ပဏီက Kickstarter ဝက်ဘ်ဆိုဒ်ကနေ ၂၄ ဒေါ်လာနဲ့ ရောင်းချနေပြီ ဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top