Kantharyar Centre
×

ငယ္ငယ္တုန္းက တက္ခဲ့တဲ့ အလယ္တန္းေက်ာင္းေဘးမွာ အစိုးရသစ္စက္၀င္းႀကီးရိွတယ္။ သစ္စက္၀င္းရဲ႕ အေနာက္ထဲမွာ ၀န္ထမ္းတန္းလ်ားႀကီး ရိွတယ္။ အဲဒီ၀န္ထမ္းတန္းလ်ားမွာ ေက်ာင္းက သူငယ္ခ်င္းေတြ ရိွၾကေတာ့ မၾကာခဏ ေရာက္ျဖစ္တယ္။ သစ္စက္၀င္း ၀င္ေပါက္က လူတကာ ေပးမ၀င္ဘူး။ အဲဒီေတာ့ တန္းလ်ားထဲကို သြားခ်င္ရင္ ရထားလမ္းေဘး လူသြားလမ္းကေန သြားရတယ္။ ရထားလမ္းဆိုတဲ့အတုိင္း က်ဴးေက်ာ္တဲေတြ အမ်ားႀကီး ရိွသလို ၀က္ေတြလည္း ၿခံခတ္ၿပီး ေမြးထားၾကတယ္။

တစ္ရက္မွာ ကၽြန္ေတာ္လည္း သူငယ္ခ်င္းဆီ အသြား လမ္းတ၀က္မွာ ၀က္သိုးႀကီးတစ္ေကာင္ကို ဂါလီေပၚမွာ တင္လာတာ ေတြ႕ရတယ္။ ဂါလီဆိုတာ ဆိုက္ကားလိုပဲ။ ဒါေပမယ့္ လူစီးဖို႕ မဟုတ္ဘူး။ ပစၥည္းတင္ဖို႕ပါ။ ၀က္ပိုင္ရွင္ကလည္း ဂါလီေဘးကေန လုိက္လာတယ္။ ရထားလမ္းေဘးက လူသြားလမ္းေလးကို ဂါလီႀကီး တြန္း၀င္လာေတာ့ လူေတြေတာင္ သြားရလာရ ခက္ကုန္တယ္။ ဂါလီေပၚက ၀က္သိုးကလည္း ၿငိမ္ၿငိမ္မေနေတာ့ ဂါလီလည္း ယိမ္းထိုးေနတာပါပဲ။ ၀က္ၿခံတစ္ခု အေရွ႕ေရာက္ေတာ့ ဂါလီ ရပ္သြားတယ္။ အဲဒီၿခံထဲမွာက ၀က္မတစ္ေကာင္ ရိွေနတယ္။ လူေတြက ၀က္သိုးႀကီးကို မႏိုင္မနင္း၀ိုင္းၿပီး မၾကတယ္။ ၿပီးေတာ့ ၀က္မၿခံထဲ ထည္႕လိုက္တယ္။ အဲဒီလို ၀က္မဂၤလာေဆာင္ လုပ္ၿပီးေတာ့ ၀က္ကေလးေတြ ေမြးလာရင္ ၀က္သိုးပိုင္ရွင္လည္း အခ်ိဳးက် ေ၀စုရတယ္ ဆိုပဲ။

ဟိုတေလာက အေမရိကားမွာေနတဲ့ အစ္ကိုတစ္ေယာက္ ရန္ကုန္ျပန္ၿပီး ဇနီးေလာင္း ရွာတယ္။ ထံုးစံအတုိင္း နီးရာနီးရာ စပ္ၾကဟပ္ၾကေပါ့။ ညီျဖစ္တဲ့ ကၽြန္ေတာ့္ဆီကိုလည္း အကူအညီ လွမ္းေတာင္းလို႕ ၀ုိင္တီယူက သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ညီမနဲ႕ေတာင္ ခ်ိတ္ေပးလိုက္ေသးတယ္။ ဓါတ္ပံုေတြ ကိုယ္ေရးအခ်က္အလက္ေတြ ေတာင္း၊ ဟိုဘက္ေရာ ဒီဘက္ေရာ အီးေမးလ္ေတြ ပို႕ေပး၊ ၾကားထဲက ငထြားခါးနာရၿပီး အလုပ္ေတြေတာင္ မ်ားကုန္တယ္။ အားလံုး အိုေခၿပီ ဆုိေတာ့ ကိုယ္ေတာ္က ရန္ကုန္ဆင္းၿပီး လာၾကည္႕တယ္။ သူလည္း သေဘာက်တယ္တဲ့။ ဒါေပမယ့္ ဆင္ေျပာင္ႀကီး အၿမီးက်မွ တစ္ပါေလေရာ။ အေမရိကားမွာေနတဲ့ သူ႕အဖိုးက ကန္႕ကြယ္တယ္တဲ့။ မိန္းခေလးက ေခြးႏွစ္ဖြားျဖစ္လို႕ မႀကိဳက္ဘူးတဲ့။ အဖိုးႀကီးရဲ႕ ေခၽြးမတစ္ေယာက္လည္း ေခြးႏွစ္ဖြားပဲ။ အဲဒီေခၽြးမက ရန္လိုၿပီး ေဟာင္ဖြာဖြာ လုပ္တတ္လို႕ ေခြးႏွစ္ဖြား မယူရဘူးဆိုၿပီး ဖုန္းဆက္ တားပါေလေရာ။ အဲဒါနဲ႕ အဲဒီဇာတ္လမ္းေလး ပလံုသြားတယ္။

အဲဒီဇာတ္လမ္း ပလံုသြားေတာ့ ေနာက္ထပ္ ဇာတ္လမ္းတစ္ခုကို အမ်ိဳးေတြက စီစဥ္ေပးၾကတယ္။ ရန္ကုန္က ဟိုတယ္ပိုင္ရွင္တစ္ေယာက္ရဲ႕ သမီးနဲ႕ ခ်ိတ္ေပးတယ္။ ဟိုတယ္ကို သြား၊ ညစာေတြ စား၊ စကားေတြ ေျပာ၊ အိုေခ စိုေျပလို႕။ မိန္းခေလးကလည္း ေခ်ာပါတယ္။ ပညာတတ္လည္း ျဖစ္တယ္။ ထံုးစံအတုိင္း ဘုံေက်ာင္းမွာ စာသြားခ်ေတာ့ အဲဒီတစ္ေယာက္ကို ယူရင္ မိသားစုထဲက အသက္ႀကီးႀကီး ေျခႏွစ္ေခ်ာင္း ထြက္ပါမယ္ဆိုလုိ႕ တပ္ေခါက္သြားရတယ္။ အသက္ ၈၀ ေက်ာ္ သူ႕အဖိုး ေသမွာစိုးလို႕ မယူရဲေတာ့ဘူးတဲ့။ ဒီမိန္းခေလးကို မယူပဲ တျခားတစ္ေယာက္နဲ႕ ယူလည္း အသက္ႀကီးႀကီး ေျခႏွစ္ေခ်ာင္းက ထြက္ခ်ိန္တန္ရင္ ထြက္မွာပဲေလ။ ဘာေတြ အယူသီးေနၾကလည္း မသိဘူး။

ကၽြန္ေတာ္ ရန္ကုန္ကို ေဖေဖာ္၀ါရီလ ျပန္တုန္းက အိမ္မွာလည္း မာမားနဲ႕ စကားစပ္မိရင္း ဓမၼာေသာက အင္း၀ရာဇာအေၾကာင္း ျငင္းၾကေသးတယ္။ အိမ္ေထာင္ဘက္ မျဖစ္ရဘူးဆိုတဲ့ ေမြးရက္ေတြ အေၾကာင္းေပါ့။ ကၽြန္ေတာ္က အယံုအၾကည္ မရိွေၾကာင္း အဆို တင္သြင္းေတာ့ မာမားက သိပ္သေဘာက်ပံု မရဘူး။ ေရွးထံုးလည္း မပယ္နဲ႕ ေစ်းသံုးလည္း မလြယ္နဲ႕ဆိုၿပီး ေျပာေနေသးတယ္။ ကၽြန္ေတာ္လည္း ခ်က္က်လက္က် ေျဖရွင္းခ်က္ မထုတ္ႏိုင္ေသးေတာ့ ဆက္ျငင္းမေနေတာ့ဘူး။ ရန္ကုန္မွာရိွတုန္းက လမ္းမေတာ္ဘက္ကို ေရာက္သြားရင္း သရက္ေတာေက်ာင္းတိုက္ဘက္ သြားလိုက္တယ္။ အဲဒီေက်ာင္းေတြမွာ ေဒါက္တာဘြဲ႕ရ ဆရာေတာ္တစ္ပါး သီတင္းသံုးေနပါတယ္။ ဆရာေတာ္က အျပည္ျပည္ဆိုင္ရာ ေထရ၀ါဒ ဗုဒၶသာသနာျပဳ တကၠသိုလ္မွာ ပါေမာကၡ၊ ဌာနမွဴးပါ။ အဲဒီတကၠသိုလ္က မရမ္းကုန္း စြယ္ေတာ္ဘုရားနားမွာ ရိွပါတယ္။

ဆရာေတာ္ကို ဦးခ်ကန္႕ေတာ့ၿပီး စိတ္ထဲမွာ က်လိက်လိ ျဖစ္ေနတဲ့ ဓမၼာေသာက အင္း၀ရာဇာ အေၾကာင္းကို ေမးေလွ်ာက္လိုက္တယ္။ ေထရ၀ါဒ ဗုဒၶဘာသာမွာ အိမ္ ေထာင္ဘက္ကို ဘယ္လို ေရြးရမလဲေပါ့။ ဆရာေတာ္က မိန္႕ေတာ္မူတယ္။ အိမ္ေထာင္ဘက္ ပါရမီျဖည္႕ဘက္ဆိုတာ အေတာ္ကို အေရးႀကီးတဲ့ ကိစၥတစ္ခုပါ။ ဒါေပမယ့္ ဓမၼာေသာက အင္း၀ရာဇာ ဆိုတာ ေထရ၀ါဒ ဗုဒၶဘာသာမွာ မပါပါဘူးတဲ့။ ပါရမီျဖည္႕ဘက္နဲ႕ ပတ္သက္ၿပီး ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး ေဟာေတာ္မူခဲ့တာက… သမၼာသတၱ၊ သမၼာစိတၱ၊ သမၼာသီလ ဆိုၿပီး အေၾကာင္းအရာ ၃ မ်ိဳးနဲ႕ ျပည္႕စံုရမယ္တဲ့။

သမၼာသတၱ = တူညီေသာ ယံုၾကည္မွဳ ရိွရမယ္…
သမၼာစိတၱ = တူညီေသာ စိတ္ႏွလံုး ရိွရမယ္…
သမၼာသီလ = တူညီေသာ အက်င့္ျဖဴစင္မွဳ ရိွရမယ္… အဲဒီ ၃ မ်ိဳး တူညီျပည္႕စံုရင္ ပါရမီျဖည္႕ဘက္ ျဖစ္ၿပီတဲ့။

ေလာကမွာ လင္မယား ၄ မ်ိဳးရိွတယ္ဆိုတာကိုလည္း ဆရာေတာ္က ေဟာေသးတယ္။
နတ္သားနဲ႕တူေသာ လင္၊ လူေသနဲ႕ တူေသာ မယား
လူေသနဲ႕တူေသာ လင္၊ နတ္သမီးနဲ႕ တူေသာ မယား
လူေသနဲ႕တူေသာ လင္၊ လူေသနဲ႕ တူေသာ မယား
နတ္သားနဲ႕တူေသာ လင္၊ နတ္သမီးနဲ႕ တူေသာ မယား
နတ္သားနဲ႕ တူေသာ လင္ဆိုတာ လင့္၀တၱရားေတြ ေက်ပြန္ၿပီး မယားအေပၚမွာ ေစာင့္ေရွာက္ ေဖးမ ၾကင္နာတဲ့ ေယာက်ာ္းကို ဆုိလိုတာပါ။ နတ္သမီးနဲ႕တူေသာ မယားဆိုတာ မယား၀တၱရားေတြ ေက်ပြန္ၿပီး ခင္ပြန္းအေပၚမွာ ခ်စ္ခင္ ၾကင္နာ ျဖည္႕ဆည္းေပးတဲ့ မိန္းမကို ဆိုလိုတာပါ။ လူေသဆိုတာကေတာ့ လူေသေကာင္လုိပဲ ခ်စ္ခင္ ၾကင္နာမွဳေတြ မရိွ၊ ဘာတစ္ခုမွ မလုပ္ခ်င္ မကိုင္ခ်င္၊ အပ်င္းေတြ တစ္ၿပီး ၀တၱရားေတြ လစ္ဟင္းေနတာမ်ိဳးပါ။ ဒါေၾကာင့္ လူေသလင္မယားမ်ိဳး မျဖစ္ေစပဲ နတ္သားနတ္သမီး လင္မယားမ်ိဳးျဖစ္ေအာင္ က်င့္ႀကံေနထိုင္ အားထုတ္ရင္လည္း အိမ္ေထာင္ဘက္ေကာင္းေတြ ျဖစ္ၾကမွာပါပဲတဲ့။

ဆရာေတာ္ ေဟာျပလိုက္ေတာ့လည္း အိမ္ေထာင္ဘက္ေရြးတဲ့ကိစၥ ရွင္းသြားတာပဲ။ မွဳန္၀ါး၀ါး ျမင္ကြင္းေတြ ၾကည္လင္သြားတယ္။ မာတာမိခင္ကို ေျပလည္ေခ်ပ လမ္းျပဖုိ႕ စကားအႏွစ္ေတြ ရလိုက္တယ္။ တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္မွာ အဲဒီဓမၼာေသာက အင္း၀ရာဇာ အယူက ကၽြန္ေတာ့္ဘ၀မွာ သပြတ္အူလို လာရွဳပ္ေနႏိုင္တယ္။ ေန႕မတည္႕ နံမတည္႕ဆိုတာႀကီးေၾကာင့္ ခ်စ္ရဲ႕နဲ႕ေ၀းခဲ့ရတဲ့ ခ်စ္သူေတြ ဘယ္ေလာက္မ်ား ရိွကုန္ၿပီလဲ။ တခ်ိဳ႕အယူအဆေတြဟာ ေသေသခ်ာခ်ာ ဂဃနဏ မသိပဲ ေလသံၾကား ဖမ္းတရားနာေနၾကတာပါ။ အဲဒီေတာ့ ေဘးထြက္ဆိုးက်ိဳးေတြကို ခံရတာေပါ့။ ကၽြန္ေတာ့္အလွည္႕မွာေတာ့ အဲဒါေၾကာင့္ ေ၀းရတယ္ ဆိုတာမ်ိဳး လံုး၀ အျဖစ္မခံႏိုင္ပါဘူး။ ဒါေၾကာင့္ အခုကတည္းက ေသခ်ာရွင္းလင္းေအာင္ ေမးျမန္းထားတာေပါ့ကြယ္။

ေလာေလာဆယ္ေတာ့ အေမရိကားက အစ္ကို ျမန္မာျပည္ျပန္ၿပီး မိန္းမရွာေနရတာကို ျမင္ေတာ့ ကၽြန္ေတာ့္ မ်က္စိထဲမွာ ၀က္သိုးႀကီးကို ပိုေတာ္တယ္လုိ႕ ျမင္မိလာတယ္။ အစ္ကိုခင္မ်ာ… ၀က္ပ်ိဳမေတြ ရိွတဲ့ၿခံေတြကို ဂါလီႀကီးစီးၿပီး သြားေနရေပမယ့္ ရည္မွန္းခ်က္ မေရာက္ရွာဘူး။ ငယ္ငယ္တုန္းက ျမင္ခဲ့တဲ့ ၀က္သိုးႀကီးနဲ႕ ယွဥ္လုိက္ရင္ သူက ညံ႕ေနသလားပဲဗ်ာ။ အေျဖက ရွင္းရွင္းေလးပါ။ ၀က္ေတြက အယူမသီးဘူးေလ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarinsingapore

#Unicode Version
ငယ်ငယ်တုန်းက တက်ခဲ့တဲ့ အလယ်တန်းကျောင်းဘေးမှာ အစိုးရသစ်စက်ဝင်းကြီးရှိတယ်။ သစ်စက်ဝင်းရဲ့ အနောက်ထဲမှာ ဝန်ထမ်းတန်းလျားကြီး ရှိတယ်။ အဲဒီဝန်ထမ်းတန်းလျားမှာ ကျောင်းက သူငယ်ချင်းတွေ ရှိကြတော့ မကြာခဏ ရောက်ဖြစ်တယ်။ သစ်စက်ဝင်း ဝင်ပေါက်က လူတကာ ပေးမဝင်ဘူး။ အဲဒီတော့ တန်းလျားထဲကို သွားချင်ရင် ရထားလမ်းဘေး လူသွားလမ်းကနေ သွားရတယ်။ ရထားလမ်းဆိုတဲ့အတိုင်း ကျူးကျော်တဲတွေ အများကြီး ရှိသလို ဝက်တွေလည်း ခြံခတ်ပြီး မွေးထားကြတယ်။

တစ်ရက်မှာ ကျွန်တော်လည်း သူငယ်ချင်းဆီ အသွား လမ်းတဝက်မှာ ဝက်သိုးကြီးတစ်ကောင်ကို ဂါလီပေါ်မှာ တင်လာတာ တွေ့ရတယ်။ ဂါလီဆိုတာ ဆိုက်ကားလိုပဲ။ ဒါပေမယ့် လူစီးဖို့ မဟုတ်ဘူး။ ပစ္စည်းတင်ဖို့ပါ။ ဝက်ပိုင်ရှင်ကလည်း ဂါလီဘေးကနေ လိုက်လာတယ်။ ရထားလမ်းဘေးက လူသွားလမ်းလေးကို ဂါလီကြီး တွန်းဝင်လာတော့ လူတွေတောင် သွားရလာရ ခက်ကုန်တယ်။ ဂါလီပေါ်က ဝက်သိုးကလည်း ငြိမ်ငြိမ်မနေတော့ ဂါလီလည်း ယိမ်းထိုးနေတာပါပဲ။ ဝက်ခြံတစ်ခု အရှေ့ရောက်တော့ ဂါလီ ရပ်သွားတယ်။ အဲဒီခြံထဲမှာက ဝက်မတစ်ကောင် ရှိနေတယ်။ လူတွေက ဝက်သိုးကြီးကို မနိုင်မနင်းဝိုင်းပြီး မကြတယ်။ ပြီးတော့ ဝက်မခြံထဲ ထည့်လိုက်တယ်။ အဲဒီလို ဝက်မင်္ဂလာဆောင် လုပ်ပြီးတော့ ဝက်ကလေးတွေ မွေးလာရင် ဝက်သိုးပိုင်ရှင်လည်း အချိုးကျ ဝေစုရတယ် ဆိုပဲ။

ဟိုတလောက အမေရိကားမှာနေတဲ့ အစ်ကိုတစ်ယောက် ရန်ကုန်ပြန်ပြီး ဇနီးလောင်း ရှာတယ်။ ထုံးစံအတိုင်း နီးရာနီးရာ စပ်ကြဟပ်ကြပေါ့။ ညီဖြစ်တဲ့ ကျွန်တော့်ဆီကိုလည်း အကူအညီ လှမ်းတောင်းလို့ ဝိုင်တီယူက သူငယ်ချင်းတစ်ယောက်ရဲ့ ညီမနဲ့တောင် ချိတ်ပေးလိုက်သေးတယ်။ ဓါတ်ပုံတွေ ကိုယ်ရေးအချက်အလက်တွေ တောင်း၊ ဟိုဘက်ရော ဒီဘက်ရော အီးမေးလ်တွေ ပို့ပေး၊ ကြားထဲက ငထွားခါးနာရပြီး အလုပ်တွေတောင် များကုန်တယ်။ အားလုံး အိုခေပြီ ဆိုတော့ ကိုယ်တော်က ရန်ကုန်ဆင်းပြီး လာကြည့်တယ်။ သူလည်း သဘောကျတယ်တဲ့။ ဒါပေမယ့် ဆင်ပြောင်ကြီး အမြီးကျမှ တစ်ပါလေရော။ အမေရိကားမှာနေတဲ့ သူ့အဖိုးက ကန့်ကွယ်တယ်တဲ့။ မိန်းခလေးက ခွေးနှစ်ဖွားဖြစ်လို့ မကြိုက်ဘူးတဲ့။ အဖိုးကြီးရဲ့ ချွေးမတစ်ယောက်လည်း ခွေးနှစ်ဖွားပဲ။ အဲဒီချွေးမက ရန်လိုပြီး ဟောင်ဖွာဖွာ လုပ်တတ်လို့ ခွေးနှစ်ဖွား မယူရဘူးဆိုပြီး ဖုန်းဆက် တားပါလေရော။ အဲဒါနဲ့ အဲဒီဇာတ်လမ်းလေး ပလုံသွားတယ်။

အဲဒီဇာတ်လမ်း ပလုံသွားတော့ နောက်ထပ် ဇာတ်လမ်းတစ်ခုကို အမျိုးတွေက စီစဉ်ပေးကြတယ်။ ရန်ကုန်က ဟိုတယ်ပိုင်ရှင်တစ်ယောက်ရဲ့ သမီးနဲ့ ချိတ်ပေးတယ်။ ဟိုတယ်ကို သွား၊ ညစာတွေ စား၊ စကားတွေ ပြော၊ အိုခေ စိုပြေလို့။ မိန်းခလေးကလည်း ချောပါတယ်။ ပညာတတ်လည်း ဖြစ်တယ်။ ထုံးစံအတိုင်း ဘုံကျောင်းမှာ စာသွားချတော့ အဲဒီတစ်ယောက်ကို ယူရင် မိသားစုထဲက အသက်ကြီးကြီး ခြေနှစ်ချောင်း ထွက်ပါမယ်ဆိုလို့ တပ်ခေါက်သွားရတယ်။ အသက် ၈၀ ကျော် သူ့အဖိုး သေမှာစိုးလို့ မယူရဲတော့ဘူးတဲ့။ ဒီမိန်းခလေးကို မယူပဲ တခြားတစ်ယောက်နဲ့ ယူလည်း အသက်ကြီးကြီး ခြေနှစ်ချောင်းက ထွက်ချိန်တန်ရင် ထွက်မှာပဲလေ။ ဘာတွေ အယူသီးနေကြလည်း မသိဘူး။

ကျွန်တော် ရန်ကုန်ကို ဖေဖော်ဝါရီလ ပြန်တုန်းက အိမ်မှာလည်း မာမားနဲ့ စကားစပ်မိရင်း ဓမ္မာသောက အင်းဝရာဇာအကြောင်း ငြင်းကြသေးတယ်။ အိမ်ထောင်ဘက် မဖြစ်ရဘူးဆိုတဲ့ မွေးရက်တွေ အကြောင်းပေါ့။ ကျွန်တော်က အယုံအကြည် မရှိကြောင်း အဆို တင်သွင်းတော့ မာမားက သိပ်သဘောကျပုံ မရဘူး။ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ဆိုပြီး ပြောနေသေးတယ်။ ကျွန်တော်လည်း ချက်ကျလက်ကျ ဖြေရှင်းချက် မထုတ်နိုင်သေးတော့ ဆက်ငြင်းမနေတော့ဘူး။ ရန်ကုန်မှာရှိတုန်းက လမ်းမတော်ဘက်ကို ရောက်သွားရင်း သရက်တောကျောင်းတိုက်ဘက် သွားလိုက်တယ်။ အဲဒီကျောင်းတွေမှာ ဒေါက်တာဘွဲ့ရ ဆရာတော်တစ်ပါး သီတင်းသုံးနေပါတယ်။ ဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာ ပါမောက္ခ၊ ဌာနမှူးပါ။ အဲဒီတက္ကသိုလ်က မရမ်းကုန်း စွယ်တော်ဘုရားနားမှာ ရှိပါတယ်။

ဆရာတော်ကို ဦးချကန့်တော့ပြီး စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတဲ့ ဓမ္မာသောက အင်းဝရာဇာ အကြောင်းကို မေးလျှောက်လိုက်တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာမှာ အိမ်ထောင်ဘက်ကို ဘယ်လို ရွေးရမလဲပေါ့။ ဆရာတော်က မိန့်တော်မူတယ်။ အိမ်ထောင်ဘက် ပါရမီဖြည့်ဘက်ဆိုတာ အတော်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဓမ္မာသောက အင်းဝရာဇာ ဆိုတာ ထေရဝါဒ ဗုဒ္ဓဘာသာမှာ မပါပါဘူးတဲ့။ ပါရမီဖြည့်ဘက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောတော်မူခဲ့တာက… သမ္မာသတ္တ၊ သမ္မာစိတ္တ၊ သမ္မာသီလ ဆိုပြီး အကြောင်းအရာ ၃ မျိုးနဲ့ ပြည့်စုံရမယ်တဲ့။

သမ္မာသတ္တ = တူညီသော ယုံကြည်မှု ရှိရမယ်…
သမ္မာစိတ္တ = တူညီသော စိတ်နှလုံး ရှိရမယ်…
သမ္မာသီလ = တူညီသော အကျင့်ဖြူစင်မှု ရှိရမယ်… အဲဒီ ၃ မျိုး တူညီပြည့်စုံရင် ပါရမီဖြည့်ဘက် ဖြစ်ပြီတဲ့။

လောကမှာ လင်မယား ၄ မျိုးရှိတယ်ဆိုတာကိုလည်း ဆရာတော်က ဟောသေးတယ်။
နတ်သားနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
နတ်သားနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
နတ်သားနဲ့ တူသော လင်ဆိုတာ လင့်ဝတ္တရားတွေ ကျေပွန်ပြီး မယားအပေါ်မှာ စောင့်ရှောက် ဖေးမ ကြင်နာတဲ့ ယောကျာ်းကို ဆိုလိုတာပါ။ နတ်သမီးနဲ့တူသော မယားဆိုတာ မယားဝတ္တရားတွေ ကျေပွန်ပြီး ခင်ပွန်းအပေါ်မှာ ချစ်ခင် ကြင်နာ ဖြည့်ဆည်းပေးတဲ့ မိန်းမကို ဆိုလိုတာပါ။ လူသေဆိုတာကတော့ လူသေကောင်လိုပဲ ချစ်ခင် ကြင်နာမှုတွေ မရှိ၊ ဘာတစ်ခုမှ မလုပ်ချင် မကိုင်ချင်၊ အပျင်းတွေ တစ်ပြီး ဝတ္တရားတွေ လစ်ဟင်းနေတာမျိုးပါ။ ဒါကြောင့် လူသေလင်မယားမျိုး မဖြစ်စေပဲ နတ်သားနတ်သမီး လင်မယားမျိုးဖြစ်အောင် ကျင့်ကြံနေထိုင် အားထုတ်ရင်လည်း အိမ်ထောင်ဘက်ကောင်းတွေ ဖြစ်ကြမှာပါပဲတဲ့။

ဆရာတော် ဟောပြလိုက်တော့လည်း အိမ်ထောင်ဘက်ရွေးတဲ့ကိစ္စ ရှင်းသွားတာပဲ။ မှုန်ဝါးဝါး မြင်ကွင်းတွေ ကြည်လင်သွားတယ်။ မာတာမိခင်ကို ပြေလည်ချေပ လမ်းပြဖို့ စကားအနှစ်တွေ ရလိုက်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီဓမ္မာသောက အင်းဝရာဇာ အယူက ကျွန်တော့်ဘဝမှာ သပွတ်အူလို လာရှုပ်နေနိုင်တယ်။ နေ့မတည့် နံမတည့်ဆိုတာကြီးကြောင့် ချစ်ရဲ့နဲ့ဝေးခဲ့ရတဲ့ ချစ်သူတွေ ဘယ်လောက်များ ရှိကုန်ပြီလဲ။ တချို့အယူအဆတွေဟာ သေသေချာချာ ဂဃနဏ မသိပဲ လေသံကြား ဖမ်းတရားနာနေကြတာပါ။ အဲဒီတော့ ဘေးထွက်ဆိုးကျိုးတွေကို ခံရတာပေါ့။ ကျွန်တော့်အလှည့်မှာတော့ အဲဒါကြောင့် ဝေးရတယ် ဆိုတာမျိုး လုံး၀ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် အခုကတည်းက သေချာရှင်းလင်းအောင် မေးမြန်းထားတာပေါ့ကွယ်။

လောလောဆယ်တော့ အမေရိကားက အစ်ကို မြန်မာပြည်ပြန်ပြီး မိန်းမရှာနေရတာကို မြင်တော့ ကျွန်တော့် မျက်စိထဲမှာ ဝက်သိုးကြီးကို ပိုတော်တယ်လို့ မြင်မိလာတယ်။ အစ်ကိုခင်မျာ… ဝက်ပျိုမတွေ ရှိတဲ့ခြံတွေကို ဂါလီကြီးစီးပြီး သွားနေရပေမယ့် ရည်မှန်းချက် မရောက်ရှာဘူး။ ငယ်ငယ်တုန်းက မြင်ခဲ့တဲ့ ဝက်သိုးကြီးနဲ့ ယှဉ်လိုက်ရင် သူက ညံ့နေသလားပဲဗျာ။ အဖြေက ရှင်းရှင်းလေးပါ။ ဝက်တွေက အယူမသီးဘူးလေ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarinsingapore
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top