Property Expo
×


အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီက ေရြးခ်ယ္ထား ေသာ အစိုးရအဖြဲ႕ တာဝန္ရွိပုဂၢိဳလ္ မ်ားႏွင့္ ပါတီဝင္မ်ားသည္ ျပည္သူ မ်ား စိတ္ပ်က္ေစမည့္လုပ္ရပ္မ်ား မျပဳလုပ္ရန္ႏွင့္ ေအာက္ေျခလြတ္၊ ဘဝင္ျမင့္ေနပါက ျပည္သူလူထု ၏ဒဏ္ခတ္ျခင္းခံရမည္ဟု ပါတီ ေခါင္းေဆာင္မ်ားက သတိေပး ေျပာၾကားသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီ၏ရန္ကုန္တိုင္းေဒသ ႀကီး ဆ႒မအႀကိမ္ေျမာက္ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားစံုညီေတြ႕ဆံုပြဲ အခမ္းအနားကို ႏုိဝင္ဘာ ၁ ရက္က ရန္ကုန္ၿမိဳ႕ရွိ စကိုင္းစတားဟို တယ္၌ ျပဳလုပ္စဥ္ ပါတီေခါင္း ေဆာင္မ်ားျဖစ္သည့္ နာယကဦး တင္ဦး၊ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ အတြင္းေရးမွဴးအဖြဲ႕ဝင္မ်ား ျဖစ္သည့္ ဦးဝင္းျမင့္၊ ဦးဝင္းထိန္ တို႔က အထက္ပါအတိုင္းေျပာ ၾကားခဲ့ျခင္းျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔ ဒုကၡသုကၡျဖစ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ကို ေကာင္းစြာ ရပ္တည္ေပးခဲ့တာ ဟာ အေျခခံျပည္သူလူထုျဖစ္ပါ တယ္။
တုိင္းရင္းသားအဖြဲ႕အ စည္းေတြ ျဖစ္ၾကပါတယ္။ အေျခခံအင္အားျဖစ္တဲ့၊ ေက်းလက္မွာရွိၾကတဲ့ ျပည္သူလူထုတစ္ရပ္လံုး ရဲ႕လုပ္ကိုင္စားေသာက္ေနထုိင္ရ တဲ့အေပၚမွာ မိမိတုိ႔ဟာ ဘယ္ေလာက္ႀကိဳးစားၿပီးေတာ့ ကူညီေထာက္ပံ့စြမ္းေဆာင္ႏိုင္မႈျပဳမလဲ ဆိုတာကို အားလံုးျပသဖို႔ လိုတယ္’’ဟု ဦးတင္ဦးကေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕  ခ်ဳပ္ပါတီ၏လာမည့္ အဆင့္ဆင့္ ေသာ ေဆာင္ရြက္ခ်က္မ်ားတြင္ ျပည္သူလူထုေအာ့ႏွလံုးနာဖြယ္၊ စိတ္ပ်က္ဖြယ္အလုပ္မ်ားကို အဖြဲ႕ဝင္မ်ားက တစိုးတစိမွ် မလုပ္မိ ေစရန္ႏွင့္ အဖြဲ႕ဝင္တစ္ဦးႏွင့္ တစ္ဦးအၾကား အခ်င္းခ်င္းအႀကံေပး ျခင္း၊ သတိေပးျခင္း၊ ညႇိႏိႈင္း ေဆာင္ရြက္ျခင္းျဖင့္ ေအာင္ျမင္ ရာ ေအာင္ျမင္ေၾကာင္း လုပ္ ေဆာင္ရန္ ဦးတင္ဦးက သတိေပး သည္။

‘‘လုပ္မွားကိုင္မွားေလးေတြ မျဖစ္ေအာင္ေတာ့ အထူးသတိ ထားၾကပါ။ အထူးသတိျပဳၾကပါ။ ဒါ အင္မတန္မွ အေရးႀကီးပါ တယ္။ ကြၽန္ေတာ္တို႔အခ်င္းခ်င္း က တစ္ေယာက္နဲ႔တစ္ေယာက္ လုပ္မွားကိုင္မွား ေျပာမွားဆိုးမွား ရွိလို႔၊ လုပ္တာကိုင္တာမွားလို႔ ကြၽန္ေတာ္တို႔ အခ်င္းခ်င္းမွာ ျပႆနာမရွိေပမယ့္ ျပႆနာရွိ တဲ့သူအတြက္ကေတာ့ ျပႆနာ ျဖစ္သြားႏိုင္ပါတယ္။ ဒီေလာက္ ဆိုရင္ သေဘာေပါက္မယ္ထင္ပါ တယ္’’ဟု ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ အတြင္းေရးမွဴးအဖြဲ႕ဝင္ ဦး ဝင္းျမင့္က ေျပာသည္။

ဒီခ်ဳပ္အဖြဲ႕ဝင္မ်ားအလုပ္ လုပ္ရာတြင္ ဥပေဒျပဳေရး၊ အုပ္ ခ်ဳပ္ေရး၊ တရားစီရင္ေရး စသည့္ အာဏာမ်ားကို အထူးသတိထား ရန္ႏွင့္ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕အၾကား၊ တစ္ဦးႏွင့္တစ္ဦးအၾကား ဝင္ ေရာက္စြက္ဖက္ျခင္းမျပဳရန္ ျပည္ သူ႔လႊတ္ေတာ္ဥကၠ႒လည္း ျဖစ္သူ ဦးဝင္းျမင့္က ေျပာသည္။
ဆက္လက္၍ ဗဟိုအလုပ္အ မႈေဆာင္အဖြဲ႕ အတြင္းေရးမွဴးအ ဖြဲ႕ဝင္ ဦးဝင္းထိန္က အစိုးရအဖြဲ႕ ၏အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ လႊတ္ ေတာ္ဥပေဒျပဳ က႑မ်ားတြင္ အသားက်ေနၿပီျဖစ္ေသာ္လည္း ေမွ်ာ္လင့္ခ်က္ႀကီးစြာ ဆႏၵမဲေပး လုိက္သည့္ ျပည္သူလူထု၏စီးပြား ေရးအေျခအေနကို တိုးတက္ရန္ လုပ္ေဆာင္ႏိုင္ျခင္း မရွိေသး ေၾကာင္း ဝန္ခံေျပာၾကားသည္။

‘‘အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ဝင္ေတြ၊ အထူးသျဖင့္ တာဝန္ ရွိတဲ့ ပုဂၢိဳလ္ေတြက ႀကိဳးစားၿပီး ေတာ့ ေဆာင္ရြက္ျခင္းအားျဖင့္  အဲဒီ ဒီမိုကေရစီအေညႇာင့္ေလး ဟာ အပင္ျဖစ္လာမယ္။ ဒီငါးႏွစ္ နဲ႔ ေအာင္ျမင္မယ္လို႔ေတာ့ မယံု ၾကည္ေသးဘူး။ ျပည္သူလူထုအ က်ိဳးကို ဖန္တီးျခင္းအားျဖင့္ ျပည္ သူလူထုက ဆက္လက္ေထာက္ခံ ရင္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ဆက္ၿပီး တာဝန္ယူရမွာ။ အဲဒီလိုမွမ ဟုတ္ဘဲ ေဒၚေအာင္ဆန္းစုၾကည္ သတိေပးသလို ေအာက္ေျခလြတ္ ေနမယ္၊ ဘဝင္ျမင့္ေနမယ္ဆိုရင္ ေတာ့ ျပည္သူလူထုဒဏ္ခတ္တာ ခံရမယ္ဆိုတာကို ကြၽန္ေတာ္ႀကံဳ တုန္းမွာ သတိေပးပါရေစ’’ဟု ဦး ဝင္းထိန္က ေျပာသည္။

အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ ခ်ဳပ္ပါတီအစုိးရအဖြဲ႕တက္လာၿပီး ခုနစ္လအၾကာတြင္ ေျပာင္းလဲမႈ အခ်ိဳ႕ ရွိခဲ့ေၾကာင္းႏွင့္ အခ်ိဳ႕ ေျပာင္းလဲမႈမ်ားသည္ ျမင္သာထင္သာရွိေသာ္လည္း အခ်ိဳ႕ေျပာင္းလဲမႈမ်ားမွာ ျမင္သာထင္သာရွိ သည့္ ေျပာင္းလဲမႈမ်ား မဟုတ္ ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးဝင္းျမင့္က ေျပာသည္။
 
 
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရွေးချယ်ထား သော အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ပါတီဝင်များသည် ပြည်သူ များ စိတ်ပျက်စေမည့်လုပ်ရပ်များ မပြုလုပ်ရန်နှင့် အောက်ခြေလွတ်၊ ဘဝင်မြင့်နေပါက ပြည်သူလူထု ၏ဒဏ်ခတ်ခြင်းခံရမည်ဟု ပါတီ ခေါင်းဆောင်များက သတိပေး ပြောကြားသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ရန်ကုန်တိုင်းဒေသ ကြီး ဆဋ္ဌမအကြိမ်မြောက် တိုင်း၊ ခရိုင်၊ မြို့နယ်များစုံညီတွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ စကိုင်းစတားဟို တယ်၌ ပြုလုပ်စဉ် ပါတီခေါင်း ဆောင်များဖြစ်သည့် နာယကဦး တင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်များ ဖြစ်သည့် ဦးဝင်းမြင့်၊ ဦးဝင်းထိန် တို့က အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။



‘‘ကျွန်တော်တို့ ဒုက္ခသုက္ခဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ကို ကောင်းစွာ ရပ်တည်ပေးခဲ့တာ ဟာ အခြေခံပြည်သူလူထုဖြစ်ပါ တယ်။

တိုင်းရင်းသားအဖွဲ့အ စည်းတွေ ဖြစ်ကြပါတယ်။ အခြေခံအင်အားဖြစ်တဲ့၊ ကျေးလက်မှာရှိကြတဲ့ ပြည်သူလူထုတစ်ရပ်လုံး ရဲ့လုပ်ကိုင်စားသောက်နေထိုင်ရ တဲ့အပေါ်မှာ မိမိတို့ဟာ ဘယ်လောက်ကြိုးစားပြီးတော့ ကူညီထောက်ပံ့စွမ်းဆောင်နိုင်မှုပြုမလဲ ဆိုတာကို အားလုံးပြသဖို့ လိုတယ်’’ဟု ဦးတင်ဦးကပြောသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ပါတီ၏လာမည့် အဆင့်ဆင့် သော ဆောင်ရွက်ချက်များတွင် ပြည်သူလူထုအော့နှလုံးနာဖွယ်၊ စိတ်ပျက်ဖွယ်အလုပ်များကို အဖွဲ့ဝင်များက တစိုးတစိမျှ မလုပ်မိ စေရန်နှင့် အဖွဲ့ဝင်တစ်ဦးနှင့် တစ်ဦးအကြား အချင်းချင်းအကြံပေး ခြင်း၊ သတိပေးခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ရာ အောင်မြင်ကြောင်း လုပ် ဆောင်ရန် ဦးတင်ဦးက သတိပေး သည်။



‘‘လုပ်မှားကိုင်မှားလေးတွေ မဖြစ်အောင်တော့ အထူးသတိ ထားကြပါ။ အထူးသတိပြုကြပါ။ ဒါ အင်မတန်မှ အရေးကြီးပါ တယ်။ ကျွန်တော်တို့အချင်းချင်း က တစ်ယောက်နဲ့တစ်ယောက် လုပ်မှားကိုင်မှား ပြောမှားဆိုးမှား ရှိလို့၊ လုပ်တာကိုင်တာမှားလို့ ကျွန်တော်တို့ အချင်းချင်းမှာ ပြဿနာမရှိပေမယ့် ပြဿနာရှိ တဲ့သူအတွက်ကတော့ ပြဿနာ ဖြစ်သွားနိုင်ပါတယ်။ ဒီလောက် ဆိုရင် သဘောပေါက်မယ်ထင်ပါ တယ်’’ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦး ဝင်းမြင့်က ပြောသည်။



ဒီချုပ်အဖွဲ့ဝင်များအလုပ် လုပ်ရာတွင် ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေး စသည့် အာဏာများကို အထူးသတိထား ရန်နှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား၊ တစ်ဦးနှင့်တစ်ဦးအကြား ဝင် ရောက်စွက်ဖက်ခြင်းမပြုရန် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။

ဆက်လက်၍ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ အတွင်းရေးမှူးအ ဖွဲ့ဝင် ဦးဝင်းထိန်က အစိုးရအဖွဲ့ ၏အုပ်ချုပ်ရေးအဖွဲ့များ၊ လွှတ် တော်ဥပဒေပြု ကဏ္ဍများတွင် အသားကျနေပြီဖြစ်သော်လည်း မျှော်လင့်ချက်ကြီးစွာ ဆန္ဒမဲပေး လိုက်သည့် ပြည်သူလူထု၏စီးပွား ရေးအခြေအနေကို တိုးတက်ရန် လုပ်ဆောင်နိုင်ခြင်း မရှိသေး ကြောင်း ဝန်ခံပြောကြားသည်။



‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တွေ၊ အထူးသဖြင့် တာဝန် ရှိတဲ့ ပုဂ္ဂိုလ်တွေက ကြိုးစားပြီး တော့ ဆောင်ရွက်ခြင်းအားဖြင့်  အဲဒီ ဒီမိုကရေစီအညှောင့်လေး ဟာ အပင်ဖြစ်လာမယ်။ ဒီငါးနှစ် နဲ့ အောင်မြင်မယ်လို့တော့ မယုံ ကြည်သေးဘူး။ ပြည်သူလူထုအ ကျိုးကို ဖန်တီးခြင်းအားဖြင့် ပြည် သူလူထုက ဆက်လက်ထောက်ခံ ရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်ပြီး တာဝန်ယူရမှာ။ အဲဒီလိုမှမ ဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် သတိပေးသလို အောက်ခြေလွတ် နေမယ်၊ ဘဝင်မြင့်နေမယ်ဆိုရင် တော့ ပြည်သူလူထုဒဏ်ခတ်တာ ခံရမယ်ဆိုတာကို ကျွန်တော်ကြုံ တုန်းမှာ သတိပေးပါရစေ’’ဟု ဦး ဝင်းထိန်က ပြောသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအစိုးရအဖွဲ့တက်လာပြီး ခုနစ်လအကြာတွင် ပြောင်းလဲမှု အချို့ ရှိခဲ့ကြောင်းနှင့် အချို့ ပြောင်းလဲမှုများသည် မြင်သာထင်သာရှိသော်လည်း အချို့ပြောင်းလဲမှုများမှာ မြင်သာထင်သာရှိ သည့် ပြောင်းလဲမှုများ မဟုတ် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top