Property Expo
×

 ေမြးကင္းစ ကေလးအရြယ္မ်ားတြင္ ေသြးေၾကာထံုးေရာဂါ (Haemagioma) ခံစားရပါက ေရာဂါျဖစ္သည့္ေနရာအေပၚ မူတည္၍ ကုသရန္လိုအပ္ျခင္းရွိ၊ မရွိ ဆံုးျဖတ္ရေၾကာင္း ကေလးအထူးကုဆရာ၀န္ႀကီး ေဒါက္တာ ေက်ာ္ဇင္ေ၀က ေျပာၾကားသည္။

‘‘လသား၊ ရက္သားအရြယ္ေလးေတြမွာ ေသြးေၾကာထံုးတာ ျဖစ္လာရင္ တခ်ိဳ႕သူေတြမွာ အခ်ိန္တစ္ခုေစာင့္လိုက္ရင္ သူ႔ဟာသူ ျပန္ေပ်ာက္သြားဖို႔မ်ားတယ္။ အေရးႀကီးတဲ့ ေနရာမွာျဖစ္ရင္ေတာ့ ကုရမယ္။ ဥပမာ-မ်က္လံုး ေထာင့္နားမွာရွိတဲ့ အထံုးႀကီးက မ်က္လံုးရဲ႕ သူငယ္အိမ္ကိုလာၿပီး အုပ္လာမယ္ဆုိရင္ ကုသရမယ္’’ ဟု ၎က ရွင္းျပသည္။

ေရာဂါျဖစ္ရသည့္ အေၾကာင္းရင္းကုိ ေျပာျပရန္ခက္ခဲေသာ္လည္း မ်ားေသာအားျဖင့္ ကေလးအသက္ (၂)ႏွစ္မွ (၇)ႏွစ္အတြင္း ကုသစရာမလိုဘဲ ေပ်ာက္ကင္းသည့္ အေျခအေနမ်ားေၾကာင္း၊ ေသြးေၾကာထံုးသည္ကို ကေလးငယ္၏ ေျခ၊ လက္ႏွင့္ ၀မ္းဗုိက္မ်ားတြင္ ေတြ႕ရေလ့ရွိေၾကာင္း သိရသည္။

‘‘မ်က္လံုးနားမွာ ျဖစ္တာဆုိရင္ေတာ့ ကုသရတယ္။ မ်ားေသာအားျဖင့္ ဘာမွလုပ္စရာမလုိဘဲ သူ႔ဘာသာ ေလ်ာ့သြားတာ၊ ေပ်ာက္သြားတာလည္းရွိတယ္။ ကုသဖို႔လိုအပ္ရင္ ကေလးအသက္ (၃)ႏွစ္၊ (၄)ႏွစ္ေလာက္မွ ကုၾကတယ္။ ေလဆာပစ္တာ၊ စတီး႐ိြဳက္ထိုးတာေတြနဲ႔ ကုသႏုိင္တယ္’’ဟု အေထြေထြေရာဂါကု ဆရာ၀န္ေဒါက္တာဇာနည္ဇင္က ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မွေးကင်းစ ကလေးအရွယ်များတွင် သွေးကြောထုံးရောဂါ (Haemagioma) ခံစားရပါက ရောဂါဖြစ်သည့်နေရာအပေါ် မူတည်၍ ကုသရန်လိုအပ်ခြင်းရှိ၊ မရှိ ဆုံးဖြတ်ရကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်ဇင်ဝေက ပြောကြားသည်။

‘‘လသား၊ ရက်သားအရွယ်လေးတွေမှာ သွေးကြောထုံးတာ ဖြစ်လာရင် တချို့သူတွေမှာ အချိန်တစ်ခုစောင့်လိုက်ရင် သူ့ဟာသူ ပြန်ပျောက်သွားဖို့များတယ်။ အရေးကြီးတဲ့ နေရာမှာဖြစ်ရင်တော့ ကုရမယ်။ ဥပမာ-မျက်လုံး ထောင့်နားမှာရှိတဲ့ အထုံးကြီးက မျက်လုံးရဲ့ သူငယ်အိမ်ကိုလာပြီး အုပ်လာမယ်ဆိုရင် ကုသရမယ်’’ ဟု ၎င်းက ရှင်းပြသည်။

ရောဂါဖြစ်ရသည့် အကြောင်းရင်းကို ပြောပြရန်ခက်ခဲသော်လည်း များသောအားဖြင့် ကလေးအသက် (၂)နှစ်မှ (၇)နှစ်အတွင်း ကုသစရာမလိုဘဲ ပျောက်ကင်းသည့် အခြေအနေများကြောင်း၊ သွေးကြောထုံးသည်ကို ကလေးငယ်၏ ခြေ၊ လက်နှင့် ဝမ်းဗိုက်များတွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

‘‘မျက်လုံးနားမှာ ဖြစ်တာဆိုရင်တော့ ကုသရတယ်။ များသောအားဖြင့် ဘာမှလုပ်စရာမလိုဘဲ သူ့ဘာသာ လျော့သွားတာ၊ ပျောက်သွားတာလည်းရှိတယ်။ ကုသဖို့လိုအပ်ရင် ကလေးအသက် (၃)နှစ်၊ (၄)နှစ်လောက်မှ ကုကြတယ်။ လေဆာပစ်တာ၊ စတီးရွိုက်ထိုးတာတွေနဲ့ ကုသနိုင်တယ်’’ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာဇာနည်ဇင်က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top