Kantharyar Centre
×

ခရမ္းခ်ဥ္သီးႏွင့္ တ႐ုတ္ ပန္းမ်ား ယခု ရက္ပိုင္းအတြင္း ေစ်းတက္လာေၾကာင္း သီရိမဂၤလာ ေစ်းမွ သတင္းရရွိသည္။

လက္ရွိ ခရမ္းခ်ဥ္သီး ေစ်း ကြက္အတြင္းသို႔ အင္းေလးခရမ္း ခ်ဥ္သီးတစ္မ်ိဳးသာ ၀င္ေရာက္ေန ၿပီး မံုရြာႏွင့္ ထိုင္၀မ္ခရမ္းခ်ဥ္သီး အမ်ိဳးအစားမ်ားမွာ ေစ်းကြက္အ တြင္း ၀င္ေရာက္မႈမရွိေသးေသာ ေၾကာင့္ ယခုကဲ့သို႔ ခရမ္းခ်ဥ္သီး ေစ်းတက္ေနျခင္းျဖစ္ေၾကာင္း ကုန္စိမ္းလက္ကားေရာင္းခ်သူ တစ္ဦးက ေျပာသည္။

ခရမ္းခ်ဥ္သီးေစ်းမွာ ယခင္ တစ္ပိႆာလွ်င္ က်ပ္ ၂,၀၀၀ မွ ယခုအခါ က်ပ္ ၃,၀၀၀ သို႔ ေစ်းတက္လာျခင္းျဖစ္ သည္။

‘‘အင္းေလးသီး  တစ္မ်ိဳး တည္း၀င္ေတာ့ ေစ်းတက္ေနတာ ပါ။ သိပ္မၾကာခင္ေစ်းျပန္က်သြား မွာပါ’’ဟု ခရမ္းခ်ဥ္သီးဒုိင္တစ္ဦး က ေျပာၾကားသည္။

 ထို႔အျပင္ တ႐ုတ္ႏုိင္ငံမွ တင္သြင္းေသာ က်ဴးလစ္ပန္းႏွင့္ တ႐ုတ္ပန္းမ်ားလည္း ေစ်းတက္ ေနသည္ဟု သီရိမဂၤလာေစ်းရွိ အလွပန္းေရာင္းခ်သူမ်ားက ေျပာ ၾကားသည္။

ျပည္တြင္း  ပန္းမ်ားသည္ ေစ်းမတက္ဘဲ တ႐ုတ္ပန္းအမ်ိဳး အစားမ်ားသာ ေစ်းတက္ျခင္းျဖစ္ ေၾကာင္း သတင္းရရွိသည္။

တန္ေဆာင္မုန္းလျပည့္ေန႔ နီးလွ်င္ ေစ်းတက္ေလ့ ရွိတတ္ ေၾကာင္း ပန္းေရာင္းခ်သူမ်ားက ေျပာသည္။

သို႔ေသာ္ ကုန္စိမ္းေစ်းကြက္ တြင္ ပန္းသီး၊ ပ်ားလိေမၼာ္ႏွင့္သစ္ သီး၀လံမ်ားသည္ တ႐ုတ္ျပည္ ဘက္က အ၀င္မ်ားေသာေၾကာင့္ ေစ်းက်ေနသည္ဟုလည္း သစ္ သီးကုန္စည္ လက္ကားေရာင္းခ် သူ မညိဳေမက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ခရမ်းချဉ်သီးနှင့် တရုတ် ပန်းများ ယခု ရက်ပိုင်းအတွင်း ဈေးတက်လာကြောင်း သီရိမင်္ဂလာ ဈေးမှ သတင်းရရှိသည်။

လက်ရှိ ခရမ်းချဉ်သီး ဈေး ကွက်အတွင်းသို့ အင်းလေးခရမ်း ချဉ်သီးတစ်မျိုးသာ ဝင်ရောက်နေ ပြီး မုံရွာနှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အမျိုးအစားများမှာ ဈေးကွက်အ တွင်း ဝင်ရောက်မှုမရှိသေးသော ကြောင့် ယခုကဲ့သို့ ခရမ်းချဉ်သီး ဈေးတက်နေခြင်းဖြစ်ကြောင်း ကုန်စိမ်းလက်ကားရောင်းချသူ တစ်ဦးက ပြောသည်။

ခရမ်းချဉ်သီးဈေးမှာ ယခင် တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ မှ ယခုအခါ ကျပ် ၃,၀၀၀ သို့ ဈေးတက်လာခြင်းဖြစ် သည်။

‘‘အင်းလေးသီး  တစ်မျိုး တည်းဝင်တော့ ဈေးတက်နေတာ ပါ။ သိပ်မကြာခင်ဈေးပြန်ကျသွား မှာပါ’’ဟု ခရမ်းချဉ်သီးဒိုင်တစ်ဦး က ပြောကြားသည်။

 ထို့အပြင် တရုတ်နိုင်ငံမှ တင်သွင်းသော ကျူးလစ်ပန်းနှင့် တရုတ်ပန်းများလည်း ဈေးတက် နေသည်ဟု သီရိမင်္ဂလာဈေးရှိ အလှပန်းရောင်းချသူများက ပြော ကြားသည်။

ပြည်တွင်း  ပန်းများသည် ဈေးမတက်ဘဲ တရုတ်ပန်းအမျိုး အစားများသာ ဈေးတက်ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

တန်ဆောင်မုန်းလပြည့်နေ့ နီးလျှင် ဈေးတက်လေ့ ရှိတတ် ကြောင်း ပန်းရောင်းချသူများက ပြောသည်။

သို့သော် ကုန်စိမ်းဈေးကွက် တွင် ပန်းသီး၊ ပျားလိမ္မော်နှင့်သစ် သီးဝလံများသည် တရုတ်ပြည် ဘက်က အဝင်များသောကြောင့် ဈေးကျနေသည်ဟုလည်း သစ် သီးကုန်စည် လက်ကားရောင်းချ သူ မညိုမေက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top