Property Expo
×

စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်သောကရောက်၊ စိုးရိမ်ပူပန်ရတာတွေ၊ စိတ်မပျော်ရွှင်ရတာတွေ၊ ရှိတတ်ကြပါတယ်။ စိတ်ဖီးစီးသောကရောက်ရတဲ့အချိန်မှာ နေထိုင် ရတာ မအီမသာနဲ့ သက်တောင့်သက်သာ မရှိပါဘူး။

စိတ်ညစ်ညူး နေမယ်၊ တစ်ခုခုကို စိုးထိတ်နေမယ် စိတ်ရှုပ်နေရမယ်ဆိုရင် တစ်ကိုယ်ရည်ကိုယ်ရေးကိုယ်တာ ကိစ္စတွေအပြင် ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီးတော့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ စိတ်ဖီစီးမှုတွေ သက်သာ အောင် ဘယ်လို နေထိုင်ရမလဲဆိုတာအတွက် နည်းလမ်းကောင်း တွေ ပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ရှိလာပြီဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက စိတ်အေးအေးနဲ့ တရားထိုင်လိုက်တာပါပဲ။ စိတ်လည်းအေးချမ်းပြီးတော့ လူကိုရော စိတ်ကိုရော ခေတ္တအနားပေးလိုက်ခြင်းပါ။

အသက်ရှုထုတ်ခြင်းကို ခပ်ပြင်းပြင်းနဲ့ အရှုအထုတ်ပြုလုပ်ပါ။ စိတ်ဖီး စီးခြင်း၊ ဒေါသတကြီးဖြစ်လာခြင်း တို့ဖြစ်လာရင် ဒီနည်းလမ်းက ခဏ တာလေးနဲ့တင် လျော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲနဲ့ ဦးနှောက် ထိကို အောက်ဆီဂျင် ဖြတ်လျှောက်သွားခြင်းကြောင့်လည်းစိတ်ဖီစီး ခြင်းကို ပြေလျော့သွားစေနိုင်ပါတယ်။

ရယ်မောလိုက်ပါ။ ရယ်မောလိုက်ခြင်းဖြင့် စိတ်ဖိစီးမှုကို သက်သာ စေပါတယ်။ ရယ်စရာတွေနဲ့ အားရပါးရ ရယ်လိုက်ခြင်းက စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေနိုင်ပါတယ်။

သီချင်းတွေ၊ တေးဂီတအသံတွေကို နားထောင်လိုက်ပါ။ သွေးဖိအားကိုလျော့ကျခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ကို လျော့ကျစေနိုင် လို့ စိတ်ဖီစီးခြင်းကို သက်သာစေနိုင်ပါတယ်။

လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ပါ။ စိတ်ရောလူပါ လန်းဆန်းသွားစေနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top