Kantharyar Centre
×

 ၀က္စ္ဟမ္းႏွင့္ တစ္ဂိုးစီ သေရက်ခဲ့ေသာ တနဂၤေႏြေန႔ပြဲ တြင္ မန္ယူနည္းျပ ေမာ္ရင္ဟုိ ေဒါသေပါက္ကြဲခဲ့ၿပီေနာက္ ထုတ္ ပယ္ခံရကာ ယင္းမွာ ၁၉၉၀ ေနာက္ပုိင္း ပထမဆံုးအႀကိမ္အ ျဖစ္ အုိးထရက္ဖုိ႔ဒ္၌ ေလးပြဲအ တြင္း ႏုိင္ပြဲတစ္ပြဲမွ် မရျဖစ္ခဲ့ေသာ ပြဲျဖစ္သည္။


ယင္းပြဲတြင္ ေမာ္ရင္ဟိုသည္ တစ္လအတြင္း ဒုတိယအႀကိမ္ ပြဲၾကည့္စင္သုိ႔ ေစလႊတ္ျခင္းခံခဲ့ ရသည္။ ေပါ့ဂ္ဘာဟန္ေဆာင္ လဲွခ်ပံုရျခင္းအတြက္ အ၀ါကတ္ ျပသခံရသျဖင့္ ေမာ္ရင္ဟုိက ေဒါ သတႀကီးတုံ႔ျပန္ခဲ့သည္။

က်န္ပြဲစဥ္တစ္ခုတြင္ အာ ဆင္နယ္က ေလးပြဲဆက္ဂုိးေပါက္ ေပ်ာက္ေနေသာ ဆန္းခ်က္ဇ္၏ ဂုိးႏွင့္အတူ ဘုန္းေမာက္ကုိ ၃- ၁ ဂုိးျဖင့္ အႏိုင္ရခဲ့သည္။ အာဆင္ နယ္သည္ ယင္းရလဒ္ေၾကာင့္ ထိပ္ဆံုးရိွ ခ်ယ္လ္ဆီးႏွင့္ တစ္မွတ္ အကြာ နံပါတ္ (၃)ေနရာ၌ ဆက္ ရိွေနၿပီး မန္ယူက ခ်ယ္လ္ဆီးႏွင့္ ၁၁ မွတ္အကြာ နံပါတ္ (၆) ေနရာ သုိ႔ ေရာက္ရိွေနသည္။

‘‘ကြၽန္ေတာ္တုိ႔ ယံုၾကည္မႈရိွ ေနတုန္းပါပဲ။ အခြင့္အေရးေတြ ဖန္တီးႏိုင္တယ္။ ကံေကာင္းမယ့္ အခ်ိန္ေတြ  ေရာက္လာပါလိမ့္ မယ္’’ဟု အီဗရာဟီမုိဗစ္အတြက္ ဂိုးဖန္တီးေပးခဲ့သူ ေပါ့ဂ္ဘာကေျပာသည္။

ေမာ္ရင္ဟုိထုတ္ပယ္ခံရမႈ ႏွင့္ပတ္သက္၍ လက္ေထာက္ နည္းျပ မာရီယာက ‘‘ဒုိင္လူႀကီး က ေမာ္ရင္ဟုိကုိ ရွင္းျပခဲ့ပါ တယ္။ ေနာက္ထပ္ဘာမွ ေျပာစ ရာမရိွေတာ့ဘူးေလ။ ေပါ့ဂ္ဘာ အ၀ါကတ္ျပခံရတာကုိ ေမာ္ရင္ ဟုိစိတ္ပ်က္သြားတယ္လို႔ ကြၽန္ ေတာ္ထင္တယ္’’ဟု ေျပာၾကား သည္။—

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီ သရေကျခဲ့သော တနင်္ဂနွေနေ့ပွဲ တွင် မန်ယူနည်းပြ မော်ရင်ဟို ဒေါသပေါက်ကွဲခဲ့ပြီနောက် ထုတ် ပယ်ခံရကာ ယင်းမှာ ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ်အ ဖြစ် အိုးထရက်ဖို့ဒ်၌ လေးပွဲအ တွင်း နိုင်ပွဲတစ်ပွဲမျှ မရဖြစ်ခဲ့သော ပွဲဖြစ်သည်။


ယင်းပွဲတွင် မော်ရင်ဟိုသည် တစ်လအတွင်း ဒုတိယအကြိမ် ပွဲကြည့်စင်သို့ စေလွှတ်ခြင်းခံခဲ့ ရသည်။ ပေါ့ဂ်ဘာဟန်ဆောင် လဲှချပုံရခြင်းအတွက် အဝါကတ် ပြသခံရသဖြင့် မော်ရင်ဟိုက ဒေါ သတကြီးတုံ့ပြန်ခဲ့သည်။

ကျန်ပွဲစဉ်တစ်ခုတွင် အာ ဆင်နယ်က လေးပွဲဆက်ဂိုးပေါက် ပျောက်နေသော ဆန်းချက်ဇ်၏ ဂိုးနှင့်အတူ ဘုန်းမောက်ကို ၃- ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အာဆင် နယ်သည် ယင်းရလဒ်ကြောင့် ထိပ်ဆုံးရှိ ချယ်လ်ဆီးနှင့် တစ်မှတ် အကွာ နံပါတ် (၃)နေရာ၌ ဆက် ရှိနေပြီး မန်ယူက ချယ်လ်ဆီးနှင့် ၁၁ မှတ်အကွာ နံပါတ် (၆) နေရာ သို့ ရောက်ရှိနေသည်။

‘‘ကျွန်တော်တို့ ယုံကြည်မှုရှိ နေတုန်းပါပဲ။ အခွင့်အရေးတွေ ဖန်တီးနိုင်တယ်။ ကံကောင်းမယ့် အချိန်တွေ  ရောက်လာပါလိမ့် မယ်’’ဟု အီဗရာဟီမိုဗစ်အတွက် ဂိုးဖန်တီးပေးခဲ့သူ ပေါ့ဂ်ဘာကပြောသည်။

မော်ရင်ဟိုထုတ်ပယ်ခံရမှု နှင့်ပတ်သက်၍ လက်ထောက် နည်းပြ မာရီယာက ‘‘ဒိုင်လူကြီး က မော်ရင်ဟိုကို ရှင်းပြခဲ့ပါ တယ်။ နောက်ထပ်ဘာမှ ပြောစ ရာမရှိတော့ဘူးလေ။ ပေါ့ဂ်ဘာ အဝါကတ်ပြခံရတာကို မော်ရင် ဟိုစိတ်ပျက်သွားတယ်လို့ ကျွန် တော်ထင်တယ်’’ဟု ပြောကြား သည်။—


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top