Property Expo
×

တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖ ပြဲျပဳလုပ္ရန္ အဆင္သင့္မျဖစ္ ေသး၍ လာေရာက္ကမ္းလွမ္းသူ မ်ားကို ျငင္းဆုိထားရေၾကာင္း အဆိုေတာ္ ေဟမာေနဝင္းက ေျပာသည္။

‘‘တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ ကေတာ့ အခုထိ မစီစဥ္ရေသး ဘူး။ မ,ကို တစ္ကိုယ္ေတာ္ ေဖ်ာ္ ေျဖပြဲလုပ္ခ်င္တဲ့သူေတြ လာကမ္း လွမ္းတာ သံုး၊ ေလးေယာက္ရွိ တယ္။ ဒါေပမဲ့ အဆင္သင့္မျဖစ္ ေသးတဲ့အတြက္ လုပ္မယ္လို႔ မေျပာေသးဘူး။ မမတို႔ကေတာ့ စတိတ္႐ႈိးေတြ အၿမဲတမ္းဆိုခဲ့တာ ဆုိေတာ့ ဒီေခတ္လူငယ္ေတြနဲ႔ဆုိ ရင္ စတိတ္႐ိႈးဆုိတာ သူတို႔အ တြက္ နည္းမယ္လို႔ ထင္ရတယ္။ မ,တို႔ေခတ္တုန္းကေတာ့ အမ်ား ႀကီးလုပ္တယ္။ သက္တမ္းၾကာမွ ေအာင္ျမင္ေက်ာ္ၾကားမွ သီခ်င္း ေတြမ်ားတဲ့အခါမွာ တစ္ေယာက္ တည္း Live Show လုပ္ဖို႔ဆုိတာ လြယ္တာပါ’’ဟု ေဟမာေနဝင္း က ေျပာသည္။

၁၉၈၀ ေနာက္ပိုင္း ေအာင္ ျမင္ေက်ာ္ၾကားခဲ့သည့္ နာမည္ ႀကီး အဆိုေတာ္ေလးဦး ပူးေပါင္းေသာ 80's Classic Night ဂီတ ေဖ်ာ္ေျဖပြဲတြင္ ေဟမာေနဝင္းက တူးတူး၊ ခ်စ္ေကာင္း၊ ေကာ္နီတို႔ ႏွင့္ တြဲဖက္သီဆိုမည္ျဖစ္ေၾကာင္း သိရသည္။

‘‘ကိုတူးတူးက အစ္မတုိ႔ ေလးေယာက္ဆုိရေအာင္ဆုိေတာ့ ဒီပြဲ ေလးလုပ္ျဖစ္ခဲ့တာပါ။ သီခ်င္း ေတြကေတာ့ ဘယ္သီခ်င္းေတြပါ မလဲဆုိတာ မေျပာႏုိင္ေသးဘူး။ Solo အတြက္ တစ္ေယာက္ကို သီခ်င္းရွစ္ပုဒ္ေလာက္ပါမယ္။ စံုတြဲေတြလည္း ပါမယ္။ ဒီပြဲေလး မွာ ေလးေယာက္သား လိုက္ဖက္ မယ္လို႔ထင္တယ္’’ဟု ေဟမာေန ဝင္းက ေျပာသည္။

လက္ရိွတြင္ ျမန္မာျပည္ သိန္းတန္ႏွင့္ တြဲဖက္၍ သီဆိုထား ေသာ ျမန္မာသံစဥ္အေခြထြက္ရန္ စီစဥ္လ်က္ရွိၿပီး 80's Classic Night ေဖ်ာ္ေျဖပြဲအတြက္ ေတး သီခ်င္းမ်ား စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

ေဟမာေနဝင္းသည္ တစ္ ကိုယ္ေတာ္အေခြႏွင့္ စံုတြဲအေခြ စုစုေပါင္း ၁၄၀ ခန္႔ ထြက္ရွိခဲ့ၿပီး ၁၉၈၀ ေက်ာ္ႏွစ္မ်ားတြင္ ေတး သီခ်င္းမ်ား စတင္သီဆုိခဲ့ျခင္းျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

တစ်ကိုယ်တော်ဖျော်ဖြေ ပွဲပြုလုပ်ရန် အဆင်သင့်မဖြစ် သေး၍ လာရောက်ကမ်းလှမ်းသူ များကို ငြင်းဆိုထားရကြောင်း အဆိုတော် ဟေမာနေဝင်းက ပြောသည်။

‘‘တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကတော့ အခုထိ မစီစဉ်ရသေး ဘူး။ မ,ကို တစ်ကိုယ်တော် ဖျော် ဖြေပွဲလုပ်ချင်တဲ့သူတွေ လာကမ်း လှမ်းတာ သုံး၊ လေးယောက်ရှိ တယ်။ ဒါပေမဲ့ အဆင်သင့်မဖြစ် သေးတဲ့အတွက် လုပ်မယ်လို့ မပြောသေးဘူး။ မမတို့ကတော့ စတိတ်ရှိုးတွေ အမြဲတမ်းဆိုခဲ့တာ ဆိုတော့ ဒီခေတ်လူငယ်တွေနဲ့ဆို ရင် စတိတ်ရှိုးဆိုတာ သူတို့အ တွက် နည်းမယ်လို့ ထင်ရတယ်။ မ,တို့ခေတ်တုန်းကတော့ အများ ကြီးလုပ်တယ်။ သက်တမ်းကြာမှ အောင်မြင်ကျော်ကြားမှ သီချင်း တွေများတဲ့အခါမှာ တစ်ယောက် တည်း Live Show လုပ်ဖို့ဆိုတာ လွယ်တာပါ’’ဟု ဟေမာနေဝင်း က ပြောသည်။

၁၉၈၀ နောက်ပိုင်း အောင် မြင်ကျော်ကြားခဲ့သည့် နာမည် ကြီး အဆိုတော်လေးဦး ပူးပေါင်းသော 80's Classic Night ဂီတ ဖျော်ဖြေပွဲတွင် ဟေမာနေဝင်းက တူးတူး၊ ချစ်ကောင်း၊ ကော်နီတို့ နှင့် တွဲဖက်သီဆိုမည်ဖြစ်ကြောင်း သိရသည်။

‘‘ကိုတူးတူးက အစ်မတို့ လေးယောက်ဆိုရအောင်ဆိုတော့ ဒီပွဲ လေးလုပ်ဖြစ်ခဲ့တာပါ။ သီချင်း တွေကတော့ ဘယ်သီချင်းတွေပါ မလဲဆိုတာ မပြောနိုင်သေးဘူး။ Solo အတွက် တစ်ယောက်ကို သီချင်းရှစ်ပုဒ်လောက်ပါမယ်။ စုံတွဲတွေလည်း ပါမယ်။ ဒီပွဲလေး မှာ လေးယောက်သား လိုက်ဖက် မယ်လို့ထင်တယ်’’ဟု ဟေမာနေ ဝင်းက ပြောသည်။

လက်ရှိတွင် မြန်မာပြည် သိန်းတန်နှင့် တွဲဖက်၍ သီဆိုထား သော မြန်မာသံစဉ်အခွေထွက်ရန် စီစဉ်လျက်ရှိပြီး 80's Classic Night ဖျော်ဖြေပွဲအတွက် တေး သီချင်းများ စီစဉ်လျက်ရှိကြောင်း သိရသည်။

ဟေမာနေဝင်းသည် တစ် ကိုယ်တော်အခွေနှင့် စုံတွဲအခွေ စုစုပေါင်း ၁၄၀ ခန့် ထွက်ရှိခဲ့ပြီး ၁၉၈၀ ကျော်နှစ်များတွင် တေး သီချင်းများ စတင်သီဆိုခဲ့ခြင်းဖြစ် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top