Property Expo
×

စိတ္ဖိစီးတယ္ဆိုတာ လူတုိင္းျဖစ္ေနတဲ့အရာပါ။ သိပ္ေတာ့ ကိစၥမရွိပါဘူး။ အလုပ္ေၾကာင့္ စိတ္ဖိစီးတာ၊ မိသားစုကိစၥေၾကာင့္ စိတ္ဖိစီးတာ၊ အခ်စ္ေရးေၾကာင့္ စိတ္ပင္ပန္းေနရတာမ်ိဳးေတြဟာ လူတုိင္းနီးပါး တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ခံစားေနရတာမ်ိဳးဆိုေတာ့ ကိုယ္တစ္ေယာက္တည္းေတာ့  မဟုတ္ပါဘူး။ ဒါေပမယ့္ သိပ္ၿပီး ခံစားတတ္လြန္းရင္၊ စိတ္ဖိစီးတတ္လြန္းေနတဲ့အခါမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ စိတ္ဖိစီးေနမွန္း မသိရင္ေတာင္ သင့္ခႏၶာကိုယ္ရဲ႕ေျပာင္းလဲလာတဲ့ တစ္ခ်ိဳ႕ေသာအရာေတြေၾကာင့္ သင့္စိတ္ဖိစီးမႈေတြ ျဖစ္ေနၿပီဆိုတာ သိသြားေစပါတယ္။ ဘယ္လိုအရာမ်ိဳးေတြက သင္စိိတ္ဖိစီးေနတယ္ဆုိတာ ေျပာျပေပးႏိုင္ပါသလဲ။

၁။ဗိုက္ေတြေအာင့္တာ

အလုပ္မွာ စိတ္ဖိစီးမႈမ်ားတဲ့သူေတြဟာ မၾကာခဏဗိုက္ေအာင့္ေလ့ရွိၾကပါတယ္။ အစာမစားလို႔ ေအာင့္တာမ်ိဳး မဟုတ္ပဲ စိတ္ေၾကာင့္ျဖစ္ရတဲ့ ေရာဂါပါပဲ။ ဒီလိုေတြျဖစ္ေနၿပီဆုိရင္ သင္ဟာ စိတ္ဖိစီးမႈဒဏ္ကို စတင္ခံစားေနရပါၿပီ။

၂။ဆံပင္ေတြ ကၽြတ္တာ

ရည္းစားနဲ႔ လမ္းခြဲလိုက္ရလို႔၊ အလုပ္မွာ ဘယ္လိုမွ အဆင္မေျပလို႔ ေခါင္းျဖီးတဲ့အခါ အရင္ထက္ ဆံပင္ေတြ ကၽြတ္တာမ်ိဳး၊ ေခါင္းေလွ်ာ္ရည္ ေျပာင္းသံုးထားလို႔ မဟုတ္ပဲ ဆံပင္ေတြ သိသိသာသာ ကၽြတ္တာမ်ိဳးဆိုရင္လည္း ကိုယ့္ကိုယ္ကိုယ္ ငါစိတ္ဖိစီးမႈေတြ အရမ္းမ်ားေနပါလားလုိ႔ ေတြးၿပီး အတတ္ႏိုင္ဆံုး ဒါေတြ ေျဖေလွ်ာ့ႏိုင္ေအာင္ ႀကိဳးစားပါ။

၃။၀က္ျခံေပါက္တာ

ဦးေရျပားလိုပဲ အသားအေရကလည္း စိတ္ဖိစီးမႈနဲ႔ သက္ဆုိင္ေနပါတယ္။ ၀က္ၿခံေတြ ထြက္ေနက်မဟုတ္ဘဲ မ်က္ႏွာမွာ ႏွစ္ဖု သံုးဖု ထြက္လာၿပီဆုိရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ျပန္သံုးသပ္ရမယ့္ အေျခအေနေရာက္ေနၿပီေပါ့။

၄။ေက်ာရိုးေတြေအာင့္တာ

အထိုင္မ်ားလို႔ ခါးနာတာမ်ိဳး မဟုတ္ဘဲ ေက်ာရိုးေတြေအာင့္တာ၊ ခါးနားသလိုလိုျဖစ္ေနၿပီဆုိရင္ ဒါဟာလည္း စိတ္ဖိစီးမႈျဖစ္ေနၿပီဆုိတဲ့ သေကၤတပါပဲ။

၅။အသားအေရေပၚမွာ အနီစက္ေတြ ေပၚလာတာ

Allergic ျဖစ္တာမ်ိဳး မဟုတ္ပဲ အသားအေရေပၚမွာ အကြက္ေလးတြ ၊ အနီစက္ေလးေတြ ေပၚလာၿပီဆုိရင္ေတာ့ ဒါဟာ သင့္ရဲ႕စိတ္ဖိစီးမႈအတုိင္းအတာတစ္ခုေၾကာင့္ပါ။ ဆရာ၀န္နဲ႔ ေဆြးေႏြးတိုင္ပင္သင့္ တုိင္ပင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့  မဟုတ်ပါဘူး။ ဒါပေမယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေမှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။

၁။ဗိုက်တွေအောင့်တာ

အလုပ်မှာ စိတ်ဖိစီးမှုများတဲ့သူတွေဟာ မကြာခဏဗိုက်အောင့်လေ့ရှိကြပါတယ်။ အစာမစားလို့ အောင့်တာမျိုး မဟုတ်ပဲ စိတ်ကြောင့်ဖြစ်ရတဲ့ ရောဂါပါပဲ။ ဒီလိုတွေဖြစ်နေပြီဆိုရင် သင်ဟာ စိတ်ဖိစီးမှုဒဏ်ကို စတင်ခံစားနေရပါပြီ။

၂။ဆံပင်တွေ ကျွတ်တာ

ရည်းစားနဲ့ လမ်းခွဲလိုက်ရလို့၊ အလုပ်မှာ ဘယ်လိုမှ အဆင်မပြေလို့ ခေါင်းဖြီးတဲ့အခါ အရင်ထက် ဆံပင်တွေ ကျွတ်တာမျိုး၊ ခေါင်းလျှော်ရည် ပြောင်းသုံးထားလို့ မဟုတ်ပဲ ဆံပင်တွေ သိသိသာသာ ကျွတ်တာမျိုးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ငါစိတ်ဖိစီးမှုတွေ အရမ်းများနေပါလားလို့ တွေးပြီး အတတ်နိုင်ဆုံး ဒါတွေ ဖြေလျှော့နိုင်အောင် ကြိုးစားပါ။

၃။ဝက်ခြံပေါက်တာ

ဦးရေပြားလိုပဲ အသားအရေကလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်နေပါတယ်။ ဝက်ခြံတွေ ထွက်နေကျမဟုတ်ဘဲ မျက်နှာမှာ နှစ်ဖု သုံးဖု ထွက်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ့် အခြေအနေရောက်နေပြီပေါ့။

၄။ကျောရိုးတွေအောင့်တာ

အထိုင်များလို့ ခါးနာတာမျိုး မဟုတ်ဘဲ ကျောရိုးတွေအောင့်တာ၊ ခါးနားသလိုလိုဖြစ်နေပြီဆိုရင် ဒါဟာလည်း စိတ်ဖိစီးမှုဖြစ်နေပြီဆိုတဲ့ သင်္ကေတပါပဲ။

၅။အသားအရေပေါ်မှာ အနီစက်တွေ ပေါ်လာတာ

Allergic ဖြစ်တာမျိုး မဟုတ်ပဲ အသားအရေပေါ်မှာ အကွက်လေးတွ ၊ အနီစက်လေးတွေ ပေါ်လာပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့စိတ်ဖိစီးမှုအတိုင်းအတာတစ်ခုကြောင့်ပါ။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့် တိုင်ပင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top