Kantharyar Centre
×

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအန္ကို ဖက္တီးလို႔ အမည္ေျပာင္ေပးၿပီး ေခၚေဝၚေနၾကတာ ရပ္တန္႔ပစ္ဖို႔ တ႐ုတ္အစိုးရကို ေျမာက္ကိုရီးယား အာဏာပိုင္ေတြက ေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။

မီဒီယာေတြ၊ စကားေျပာခန္းေတြမွာ ကင္ဂ်ံဳအန္ကို " ဖက္တီးကင္မ္နံပတ္-၃" လို႔ ေခၚေဝၚသမုတ္ေနၾကတာကို ရပ္တန္႔ဖို႔ အဓိက ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံအတြင္းမွာေတာ့ ကင္ဂ်ံဳအန္ကို နာမည္အရင္း ဘယ္သူမွ မေခၚၾကပဲ ဖက္တီးကင္မ္လို႔သာ အလြယ္ေခၚၾကေၾကာင္း သိရပါတယ္။ ဒီသတင္းကို ေဟာင္ေကာင္အေျခစိုက္ Apple Daily က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။


 ကင္ဂ်ံဳအန္ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း အရင္ကထက္ ပိုမိုဝၿဖိဳးလာၿပီး ဆြစ္ဇာလန္ႏုိင္ငံထုတ္ ခ်ိစ္ေတြ၊ ဝီစကီေတြကို ပံုမွန္ စားေသာက္ေနတာေၾကာင့္ ျဖစ္တယ္လို႔ ၿဗိတိန္မီဒီယာေတြက ခန္႔မွန္းေရးသားၾကပါတယ္။ ကင္ဂ်ံဳအန္ဟာ ဆရာဝန္ေတြနဲ႔ သိပၸံပညာရွင္ေတြကို  ေခၚယူၿပီး ေလ့က်င့္ခန္းမလုပ္ပဲ၊ အစားအေသာက္မေရွာင္ပဲ ဝိတ္က်ေစႏုိင္တဲ့ ေဆးဝါးေတြထုတ္လုပ္ဖို႔ ညႊန္ၾကားထားတယ္လို႔လည္း ဒီႏွစ္အေစာပိုင္း သတင္းအခ်ိဳ႕က ေဖာ္ျပထားဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို ဖက်တီးလို့ အမည်ပြောင်ပေးပြီး ခေါ်ဝေါ်နေကြတာ ရပ်တန့်ပစ်ဖို့ တရုတ်အစိုးရကို မြောက်ကိုရီးယား အာဏာပိုင်တွေက တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

မီဒီယာတွေ၊ စကားပြောခန်းတွေမှာ ကင်ဂျုံအန်ကို " ဖက်တီးကင်မ်နံပတ်-၃" လို့ ခေါ်ဝေါ်သမုတ်နေကြတာကို ရပ်တန့်ဖို့ အဓိက တောင်းဆိုလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာတော့ ကင်ဂျုံအန်ကို နာမည်အရင်း ဘယ်သူမှ မခေါ်ကြပဲ ဖက်တီးကင်မ်လို့သာ အလွယ်ခေါ်ကြကြောင်း သိရပါတယ်။ ဒီသတင်းကို ဟောင်ကောင်အခြေစိုက် Apple Daily က ဖော်ပြခဲ့တာဖြစ်ပါတယ်။


 ကင်ဂျုံအန်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အရင်ကထက် ပိုမိုဝဖြိုးလာပြီး ဆွစ်ဇာလန်နိုင်ငံထုတ် ချိစ်တွေ၊ ဝီစကီတွေကို ပုံမှန် စားသောက်နေတာကြောင့် ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ခန့်မှန်းရေးသားကြပါတယ်။ ကင်ဂျုံအန်ဟာ ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေကို  ခေါ်ယူပြီး လေ့ကျင့်ခန်းမလုပ်ပဲ၊ အစားအသောက်မရှောင်ပဲ ဝိတ်ကျစေနိုင်တဲ့ ဆေးဝါးတွေထုတ်လုပ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ဒီနှစ်အစောပိုင်း သတင်းအချို့က ဖော်ပြထားဖူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top