Kantharyar Centre
×

Eleven မီဒီယာဂ႐ု၏ စီအီးအို ေဒါက္တာသန္းထြဋ္ေအာင္ႏွင့္ အယ္ဒီတာခ်ဳပ္ ကိုေဝၿဖိဳးတို႔အား ရန္ကုန္ တိုင္းေဒသႀကီးအစိုးရ အဖြဲ႕က ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) အရအမႈဖြင့္ထားမႈ အေပၚ တာေမြၿမိဳ႕နယ္ ရဲစခန္းက သက္ေသအျဖစ္ ဆင့္ေခၚခံရသူ ဦးေမာင္ဝိတ္က တာေမြရဲစခန္း၌ တာဝန္ရွိသူမ်ား၏ စစ္ေဆး ေမးျမန္းမႈကို လာေရာက္ေျဖၾကားခဲ့ေၾကာင္း သိရသည္။

“အဓိက ကေတာ့ မေန႔က ႏိုဗိုတယ္ဟိုတယ္မွာ ျပဳလုပ္ခဲ့တဲ့ စာနယ္ဇင္းရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တဲ့ အေၾကာင္းအရာေတြ ပါပဲ။ အျခားေတာ့မရွိပါဘူး” ဟု ဦးေမာင္ဝိတ္က တာေမြရဲစခန္းမွ တာဝန္ရွိသူမ်ား၏ ေမးျမန္းခ်က္ကို ေျဖၾကားၿပီးေနာက္ သတင္းေထာက္မ်ားအား ေျပာသည္။ စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္က ယမန္ေန႔ကျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ မည္သည့္ဝန္ႀကီးခ်ဳပ္တစ္ဦးကိုမၽွ Patek Phillipe နာရီ ေပးခဲ့ဖူးျခင္းမရွိေၾကာင္း၊ အထူးသျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကို မည္သည့္နာရီမၽွ လက္ေဆာင္ ေပးခဲ့ဖူးျခင္းမရွိေၾကာင္း၊ မည္သည့္ခုံ႐ုံးတြင္မဆို အစစ္ေဆးခံရန္အသင့္ရွိ ေၾကာင္း ေျပာၾကားခဲ့သည္။

သို႔ရာတြင္ အဆိုပါအမႈႏွင့္ ပတ္သက္၍ အဓိကတာဝန္ရွိ သူမ်ားျဖစ္သည့္ ဦးသန္းထြဋ္ေအာင္ႏွင့္ ကိုေဝၿဖိဳးတို႔အေနျဖင့္ တာေမြၿမိဳ႕နယ္ရဲစခန္းက ယေန႔နံနက္ ၁၀ နာရီ တြင္ လာေရာက္ရန္ ဆင့္ေခၚခဲ့ေသာ္လည္း မန္ေနဂ်ာတစ္ဦးသာ လာေရာက္ၿပီး အခ်ိန္ကို မြန္းလြဲ ၂ နာရီ မွ ညေန ၄ နာရီသို႔ အခ်ိန္ေ႐ႊ႕ ခဲ့ေသာ္ လည္း ည ၇နာရီ အထိ လာေရာက္ႏိုင္ခဲ့ျခင္းမရွိေၾကာင္း သိရသည္။

ယင္းေန႔ အေစာပိုင္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)အရ အမႈဖြင့္တရား စြဲဆိုထားသူႏွစ္ဦးအား ညေန ၄ နာရီအတြင္း လာေရာက္ျခင္းမရွိပါက ဥပေဒ လုပ္ထုံးလုပ္နည္း မ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ဒုတိယရဲမႉးႀကီးျမင့္ေထြးက ေျပာသည္။

တာေမြၿမိဳ႕နယ္ရဲစခန္းေရွ႕ ၌ သတင္းစာႏွင့္ ႐ုပ္ျမင္သံၾကား ခ်န္နယ္အသီးသီးက မြန္းလြဲ ၂ နာရီ မွ စတင္ကာ သတင္းရယူရန္ ေစာင့္ဆိုင္းလ်က္ရွိေသာ္လည္း ည ၇ နာရီထိတိုင္ေအာင္ Eleven မီဒီယာဂ႐ုမွ စီအီးအိုႏွင့္ အယ္ဒီတာခ်ဳပ္တို႔မွာ ရဲစခန္း၏ ဆင့္ေခၚမႈကို လာေရာက္ႏိုင္ျခင္းမရွိေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
Eleven မီဒီယာဂရု၏ စီအီးအို ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့အား ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အရအမှုဖွင့်ထားမှု အပေါ် တာမွေမြို့နယ် ရဲစခန်းက သက်သေအဖြစ် ဆင့်ခေါ်ခံရသူ ဦးမောင်ဝိတ်က တာမွေရဲစခန်း၌ တာဝန်ရှိသူများ၏ စစ်ဆေး မေးမြန်းမှုကို လာရောက်ဖြေကြားခဲ့ကြောင်း သိရသည်။

“အဓိက ကတော့ မနေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ အကြောင်းအရာတွေ ပါပဲ။ အခြားတော့မရှိပါဘူး” ဟု ဦးမောင်ဝိတ်က တာမွေရဲစခန်းမှ တာဝန်ရှိသူများ၏ မေးမြန်းချက်ကို ဖြေကြားပြီးနောက် သတင်းထောက်များအား ပြောသည်။ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မည်သည့်ဝန်ကြီးချုပ်တစ်ဦးကိုမျှ Patek Phillipe နာရီ ပေးခဲ့ဖူးခြင်းမရှိကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို မည်သည့်နာရီမျှ လက်ဆောင် ပေးခဲ့ဖူးခြင်းမရှိကြောင်း၊ မည်သည့်ခုံရုံးတွင်မဆို အစစ်ဆေးခံရန်အသင့်ရှိ ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါအမှုနှင့် ပတ်သက်၍ အဓိကတာဝန်ရှိ သူများဖြစ်သည့် ဦးသန်းထွဋ်အောင်နှင့် ကိုဝေဖြိုးတို့အနေဖြင့် တာမွေမြို့နယ်ရဲစခန်းက ယနေ့နံနက် ၁၀ နာရီ တွင် လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း မန်နေဂျာတစ်ဦးသာ လာရောက်ပြီး အချိန်ကို မွန်းလွဲ ၂ နာရီ မှ ညနေ ၄ နာရီသို့ အချိန်ရွှေ့ ခဲ့သော် လည်း ည ၇နာရီ အထိ လာရောက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းနေ့ အစောပိုင်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ အမှုဖွင့်တရား စွဲဆိုထားသူနှစ်ဦးအား ညနေ ၄ နာရီအတွင်း လာရောက်ခြင်းမရှိပါက ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးမြင့်ထွေးက ပြောသည်။

တာမွေမြို့နယ်ရဲစခန်းရှေ့ ၌ သတင်းစာနှင့် ရုပ်မြင်သံကြား ချန်နယ်အသီးသီးက မွန်းလွဲ ၂ နာရီ မှ စတင်ကာ သတင်းရယူရန် စောင့်ဆိုင်းလျက်ရှိသော်လည်း ည ၇ နာရီထိတိုင်အောင် Eleven မီဒီယာဂရုမှ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့မှာ ရဲစခန်း၏ ဆင့်ခေါ်မှုကို လာရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top