Property Expo
×

ဆမ္ေဆာင္း အီလက္ထေရာနစ္ကုမၸဏီရဲ႕ ႐ုံးခန္းေတြကုိ ေတာင္ကုိရီးယား စုံစမ္းေရးမွဴးေတြက ႐ုတ္တရက္ ဝင္ေရာက္႐ွာေဖြ စစ္ေဆးခဲ့ေၾကာင္း သိရပါတယ္။ သမၼတပတ္ဂြန္ေဟးရဲ႕သူငယ္ခ်င္းနဲ႕ ဆက္ႏႊယ္ေနတဲ့ ႏုိင္ငံေရးအ႐ႈပ္အေထြးကုိ စုံစမ္းစစ္ေဆးမႈ အစီအစဥ္အရ ဆမ္းေဆာင္း႐ုံးခန္းေတြကုိလည္း ဝင္ေရာက္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ဆမ္းေဆာင္းအေနနဲ႕ သမၼတရဲ႕သူငယ္ခ်င္းျဖစ္သူ ခ်ဳိဆြန္ေဆးလ္ရဲ႕ သမီးတစ္ဦးကုိ ေငြေၾကးေထာက္ပံ့မႈေတြ ျပဳလုပ္ခဲ့ျခင္း႐ွိ မ႐ွိနဲ႕ ပတ္သက္ၿပီး စုံစမ္းေရးမွဴးေတြက ႐ွာေဖြစစ္ေဆးခဲ့ေၾကာင္း ယြန္ဟပ္သတင္းက ေျပာပါတယ္။

ဆမ္းေဆာင္း႐ုံးခန္းေတြကုိ စုံစမ္းေရးမွဴးေတြ ဝင္ေရာက္႐ွာေဖြ စစ္ေဆးမႈနဲ႕ပတ္သက္ၿပီး ဆမ္းေဆာင္းတာဝန္႐ွိသူေတြကုိ ဆက္သြယ္ေမးျမန္းလုိ႕ မရေသးဘူးလုိ႕ ဆုိပါတယ္။

စုံစမ္းေရးမွဴးေတြက ဆမ္းေဆာင္းဟာ ခ်ဳိဆြန္ေဆးလ္နဲ႕သမီးျဖစ္သူတုိ႕ ပုိင္ဆုိင္တဲ့ ကုမၸဏီတစ္ခုကုိ ယူ႐ုိေငြ ၂.၈ သန္း ေပးအပ္ခဲ့ျခင္းကုိ စုံစမ္းစစ္ေဆးေနေၾကာင္း သိရပါတယ္။

သမၼတပတ္ဂြန္ေဟးရဲ႕ သူငယ္ခ်င္းကုိ ဖမ္းဆီးေခၚေဆာင္လာစဥ္ 
ခ်ဳိဆြန္ေဆးလ္က သမၼတနဲ႕ခင္မင္နီးစပ္မႈကုိ အသုံးခ်ၿပီး ႏုိင္ငံေရးကိစၥေတြမွာ ဝင္ေရာက္စြက္ဖက္ျခင္း၊ အားကစားနဲ႕ ယဥ္ေက်းမႈဆုိင္ရာ အဖြဲ႕အစည္းေတြကုိ အာဏာျပလႊမ္းမုိးမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ပတ္ဂြန္ေဟးရဲ႕ သမၼတရာထူးကုိ လႈပ္ခတ္မႈေတြ ျဖစ္ေစခဲ့ပါတယ္။

ခ်ဳိဆြန္ေဆးလ္ကုိ ေအာက္တုိဘာ ၃၁ ရက္က ဖမ္းဆီးခဲ့ၿပီးေနာက္ သမၼတရဲ႕ အေထာက္အကူျပဳ အဖြဲ႕ဝင္ႏွစ္ဦးကုိလည္း ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ခ်ဳိဆြန္ေဆးလ္က သမၼတရဲ႕ အေထာက္အကူျပဳ အဖြဲ႕ဝင္ေတြ ေ႐ြးခ်ယ္ရာမွာလည္း စြက္ဖက္မႈေတြ ႐ွိခဲ့တယ္လို႕ ဆုိပါတယ္။

သမၼတပတ္ဂြန္ေဟးက ယခုကိစၥကုိ ျပည္သူလူထုအား ႏွစ္ႀကိမ္တုိင္ ေတာင္းပန္ခဲ့ေပမဲ့ ႏိုဝင္ဘာ ၄ ရက္က ထုတ္ျပန္ခဲ့တဲ့ Gallup လူထုသေဘာထားစစ္တမ္း ရလဒ္အရ သူမအေပၚ ေထာက္ခံမႈဟာ ၅ ရာခုိင္ႏႈန္း က်ဆင္းသြားခဲ့ၿပီး ၁၉၈၈ ခုႏွစ္ကစၿပီး အနိမ့္ဆုံးျဖစ္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီရဲ့ ရုံးခန်းတွေကို တောင်ကိုရီးယား စုံစမ်းရေးမှူးတွေက ရုတ်တရက် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ သမ္မတပတ်ဂွန်ဟေးရဲ့သူငယ်ချင်းနဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးကို စုံစမ်းစစ်ဆေးမှု အစီအစဉ်အရ ဆမ်းဆောင်းရုံးခန်းတွေကိုလည်း ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဆမ်းဆောင်းအနေနဲ့ သမ္မတရဲ့သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ရဲ့ သမီးတစ်ဦးကို ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ခြင်းရှိ မရှိနဲ့ ပတ်သက်ပြီး စုံစမ်းရေးမှူးတွေက ရှာဖွေစစ်ဆေးခဲ့ကြောင်း ယွန်ဟပ်သတင်းက ပြောပါတယ်။

ဆမ်းဆောင်းရုံးခန်းတွေကို စုံစမ်းရေးမှူးတွေ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ဆမ်းဆောင်းတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးဘူးလို့ ဆိုပါတယ်။

စုံစမ်းရေးမှူးတွေက ဆမ်းဆောင်းဟာ ချိုဆွန်ဆေးလ်နဲ့သမီးဖြစ်သူတို့ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုကို ယူရိုငွေ ၂.၈ သန်း ပေးအပ်ခဲ့ခြင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ချိုဆွန်ဆေးလ်က သမ္မတနဲ့ခင်မင်နီးစပ်မှုကို အသုံးချပြီး နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်း၊ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေကို အာဏာပြလွှမ်းမိုးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပတ်ဂွန်ဟေးရဲ့ သမ္မတရာထူးကို လှုပ်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ချိုဆွန်ဆေးလ်ကို အောက်တိုဘာ ၃၁ ရက်က ဖမ်းဆီးခဲ့ပြီးနောက် သမ္မတရဲ့ အထောက်အကူပြု အဖွဲ့ဝင်နှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ချိုဆွန်ဆေးလ်က သမ္မတရဲ့ အထောက်အကူပြု အဖွဲ့ဝင်တွေ ရွေးချယ်ရာမှာလည်း စွက်ဖက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတပတ်ဂွန်ဟေးက ယခုကိစ္စကို ပြည်သူလူထုအား နှစ်ကြိမ်တိုင် တောင်းပန်ခဲ့ပေမဲ့ နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်ခဲ့တဲ့ Gallup လူထုသဘောထားစစ်တမ်း ရလဒ်အရ သူမအပေါ် ထောက်ခံမှုဟာ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၁၉၈၈ ခုနှစ်ကစပြီး အနိမ့်ဆုံးဖြစ်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top