Kantharyar Centre
×

အမ်ိဳးသမီးတစ္ေယာက္ရဲ့ ရင္သားကို ခြဲစိတ္စရာမလုိဘဲ ထာ၀ရၾကီးထြားေစမယ့္ လွ်ပ္စစ္တုန္ခါဘရာစီယာ တစ္မ်ိဳးကို အေမရိကမွာ စမ္းသပ္ေနျပီျဖစ္ပါတယ္။

ဆားဘီးယားလူမ်ိဳး တီထြင္သူ Milan Milic ဒီဘရာစီယာဟာ တစ္ပတ္အတြင္း ရင္သားအရြယ္အစားကို ၾကီးထြားေစျပီး ၾကည့္ေကာင္းေစကာ ရင္သားႏွစ္ျမႊာကို ပိုမိုပူးကပ္ေစတယ္လုိ ့ဆုိပါတယ္။

အဆုိပါဘရာစီယာသာ ေဆးပညာအရစမ္းသပ္စစ္ေဆးမွဳေအာင္ျမင္ခဲ့ရင္ ကမၻာေပၚက အမ်ိဳးသမီး သန္းေပါင္းမ်ားစြာဟာ နာက်င္တဲ့ ရင္သားၾကီးထြား ေအာင္ခြဲစိတ္မွဳမလုိဘဲ ပုိမုိၾကီးမားလွပတဲ့ ရင္သား ကို ရရွိႏိုင္မွာျဖစ္ပါတယ္။

E bra လုိ ့ေခၚတဲ့ အဆုိပါ ဘရာစီယာကို ဥေရာပက အမ်ိဳးသမီးေပါင္းမ်ားစြာကို စမ္းသပ္ေအာင္ျမင္မွဳ ရရွခဲ့ျပီးျဖစ္ျပီး အခုအခါ အေမရိကန္ျပည္ေထာင္စုက စမ္းသပ္မွဳမွာလည္း ေအာင္ျမင္မွဳရရွိခဲ့ျပီ ျဖစ္ပါတယ္။ မီယာမီက အသက္ ၄၉ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ေယာက္ကို စမ္းသပ္ခဲ့ရာမွာ တစ္န ့ကို ၁၅ မိနစ္ေလာက္ တစ္ပတ္၀တ္ေပးရုံနဲ ့ဘရာစီယာခြက္ဆုိဒ္ B ကေန C ကို ေျပာင္းလဲသြားခဲ့ေၾကာင္း ေတြ ့ရွိခဲ့ရပါတယ္။

တီထြင္သူ Milan ဟာ E bra ရဲ့ ေနာက္ကြယ္က နည္းပညာကို အေသးစိတ္ထုတ္ေဖာ္ေျပာျပျခင္းမရွိေပမယ့္ ဒီဘရာစီယာရဲ့အဓိကလုပ္ေဆာင္ခ်က္ကေတာ့ တုန္ခါနည္းနဲ ့ရင္သားအတြင္း ေသြးစီးဆင္း၀င္ေရာက္မွဳကို ျမွင့္တင္ေပးျပီး ေသြးလည္ပတ္မွဳကို ပုိိမိုေကာင္းမြန္ေစတာျဖစ္ပါတယ္။

E bra ဟာ အႏၱရာယ္ျဖစ္ေစတဲ့ ေရဒီယိုဓာတ္ေရာင္ျခည္ျဖာထြက္မွဳမရွိဘဲ၊ လူ ့ခႏၶာကိုယ္အတြက္ လုံး၀ သင့္ေလ်ာ္ကာ သဘာ၀ပတ္၀န္းက်င္ကိုလည္း ေဘးမျဖစ္ေစဘဲ အရာအားလုံးအတြက္ စိတ္ခ်ရတယ္လုိ ့ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားကို ခွဲစိတ်စရာမလိုဘဲ ထာဝရကြီးထွားစေမယ့် လျှပ်စစ်တုန်ခါဘရာစီယာ တစ်မျိုးကို အမေရိကမှာ စမ်းသပ်နေပြီဖြစ်ပါတယ်။

ဆားဘီးယားလူမျိုး တီထွင်သူ Milan Milic ဒီဘရာစီယာဟာ တစ်ပတ်အတွင်း ရင်သားအရွယ်အစားကို ကြီးထွားစေပြီး ကြည့်ကောင်းစေကာ ရင်သားနှစ်မြွှာကို ပိုမိုပူးကပ်စေတယ်လို့ဆိုပါတယ်။

အဆိုပါဘရာစီယာသာ ဆေးပညာအရစမ်းသပ်စစ်ဆေးမှုအောင်မြင်ခဲ့ရင် ကမ္ဘာပေါ်က အမျိုးသမီး သန်းပေါင်းများစွာဟာ နာကျင်တဲ့ ရင်သားကြီးထွား အောင်ခွဲစိတ်မှုမလိုဘဲ ပိုမိုကြီးမားလှပတဲ့ ရင်သား ကို ရရှိနိုင်မှာဖြစ်ပါတယ်။

E bra လို့ခေါ်တဲ့ အဆိုပါ ဘရာစီယာကို ဥရောပက အမျိုးသမီးပေါင်းများစွာကို စမ်းသပ်အောင်မြင်မှု ရရှခဲ့ပြီးဖြစ်ပြီး အခုအခါ အမေရိကန်ပြည်ထောင်စုက စမ်းသပ်မှုမှာလည်း အောင်မြင်မှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ မီယာမီက အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို စမ်းသပ်ခဲ့ရာမှာ တစ်န့ကို ၁၅ မိနစ်လောက် တစ်ပတ်ဝတ်ပေးရုံနဲ့ဘရာစီယာခွက်ဆိုဒ် B ကနေ C ကို ပြောင်းလဲသွားခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

တီထွင်သူ Milan ဟာ E bra ရဲ့ နောက်ကွယ်က နည်းပညာကို အသေးစိတ်ထုတ်ဖော်ပြောပြခြင်းမရှိပေမယ့် ဒီဘရာစီယာရဲ့အဓိကလုပ်ဆောင်ချက်ကတော့ တုန်ခါနည်းနဲ့ရင်သားအတွင်း သွေးစီးဆင်းဝင်ရောက်မှုကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ပိိုမိုကောင်းမွန်စေတာဖြစ်ပါတယ်။

E bra ဟာ အန္တရာယ်ဖြစ်စေတဲ့ ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှုမရှိဘဲ၊ လူ့ခန္ဓာကိုယ်အတွက် လုံး၀ သင့်လျော်ကာ သဘာဝပတ်ဝန်းကျင်ကိုလည်း ဘေးမဖြစ်စေဘဲ အရာအားလုံးအတွက် စိတ်ချရတယ်လို့ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top