Kantharyar Centre
×

စိတ္ဖိစီးမႈ ေၾကာင့္ ခႏၶာကိုယ္အတြက္ က်န္းမာေရး ဆုိးက်ဳိး ျဖစ္လာႏုိင္တဲ့ အခ်က္ေတြကုိ စုစည္းေဖာ္ျပထားပါတယ္။

စိတ္ဖိစီးမႈ စိတ္ဖိစီးမႈ ဆုိတာ စိတ္ပုိင္းဆုိင္ရာ ခံစားရမႈအျပင္ ခႏၶာကုိယ္ကုိလည္း က်န္းမာေရး အရ အႏၱရာယ္ေပးႏုိင္တဲ့ ျပႆနာတစ္ရပ္ ျဖစ္ပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ ခႏၶာကိုယ္အတြက္ က်န္းမာေရး ဆုိးက်ဳိး ျဖစ္လာႏုိင္တဲ့ အခ်က္ေတြကုိ စုစည္းေဖာ္ျပထားပါတယ္။


၁။ စိတ္ဖိစီးမႈ ခံစားရတဲ့အခါ အက္ဒရီနယ္လ္ ဂလင္းစ္ (adrenal glands) ေတြက အက္ဒရီနလင္း (adernaline) နဲ႕ ေကာ္တီေဆာလ္ (cortisol) အပါအဝင္ ေဟာ္မုန္းဓာတ္ေတြ အမ်ားအျပား ထုတ္လႊတ္ပါတယ္။ ဒီ ေဟာ္မုန္းေတြက ႏွလုံးခုန္ႏႈန္းနဲ႕ ေသြးဖိအားကုိ ျမင့္တက္ေစၿပီး ေနာက္ဆက္တြဲ ဆုိးက်ဳိးအျဖစ္ စိတ္က်ေရာဂါ၊ ေသြးတုိးနဲ႕ ကင္ဆာေရာဂါ အခ်ဳိ႕ပင္ ျဖစ္ႏုိင္ေျခ႐ွိပါတယ္။

၂။ အေမရိကန္ စိတ္ပညာဆုိင္ရာ အဖြဲ႕အစည္းရဲ သုေတသနအရ စိတ္ဖိစီးမႈ ခံစားရသူ ၂၅ ရာခုိင္ႏႈန္းမွာ အစာအိမ္ မေကာင္းတဲ့ က်န္းမာေရး ျပႆနာ ျဖစ္ေလ့႐ွိတယ္လုိ႕ ဆုိပါတယ္။ စိတ္ဖိစီးမႈရဲ႕ ေနာက္ဆက္တြဲ အစာအိမ္ ျပႆနာေတြအျဖစ္ မအီမသာျဖစ္ၿပီး ပ်ဳိ႕အန္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ဗုိက္ေအာင့္ျခင္းနဲ႕ ရင္ျပည့္ရင္ကယ္ျဖစ္ျခင္းေတြ ခံစားရႏုိင္ပါတယ္။

၃။ စိတ္ဖိစီးမႈ ခံစားရသူေတြဟာ မွတ္ဉာဏ္ေပ်ာက္ဆုံးမႈ ျဖစ္ႏုိင္ေျခ ၄၀ ရာခုိင္ႏႈန္း႐ွိေၾကာင္း Rush တကၠသုိလ္ရဲ႕ သုေတသနက ေဖာ္ျပပါတယ္။ ခႏၶာကိုယ္မွာ စိတ္ဖိစီးမႈနဲ႕ သက္ဆုိင္တဲ့ ေဟာ္မုန္းပမာဏ ျမင့္မားမႈက ေရ႐ွည္မွတ္ဉာဏ္ဆုိင္ရာ ဦးေႏွာက္ အစိတ္အပုိင္းကုိ ထိခိုက္ေစပါတယ္။

၄။ စိတ္ဖိစီးမႈ ၾကာ႐ွည္ခံစားရသူေတြဟာ ႏွလုံးေရာဂါ သုိ႕မဟုတ္ ေလျဖတ္ေရာဂါ ျဖစ္ႏုိင္တဲ့ အႏၱရာယ္လည္း ႐ွိပါတယ္။ Archives of Internal Medicine က ျပဳလုပ္တဲ့ သုေတသနအရ ဘဝလက္တြဲေဖာ္ သုိ႕မဟုတ္ အခင္မင္ဆုံး သူငယ္ခ်င္းနဲ႕ အဆင္မေျပျဖစ္မႈကဲ့သုိ႕ လူမႈေရး စိတ္ဖိစီးမႈေတြက ႏွလုံးနဲ႕ပတ္သက္ၿပီး ျပႆနာျဖစ္မႈ ၃၄ ရာခုိင္ႏႈန္းအထိ ျမင့္တက္ႏုိင္ တယ္လုိ႕ ဆုိပါတယ္။

စိတ္ဖိစီးမႈ၅။ Emory ေဆးတကၠသုိလ္က ျပဳလုပ္ခဲ့တဲ့ သုေတသနအရ ခႏၶာကိုယ္မွ ထြက္႐ွိတဲ့ စိတ္ဖိစီးမႈ ေဟာ္မုန္းေတြေၾကာင့္ သေႏၶေအာင္ျခင္းကုိ ထိခုိက္ေစၿပီး ကေလးမရတဲ့ ျပႆနာ ႀကဳံရႏုိင္တယ္လုိ႕ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
စိတ်ဖိစီးမှု ကြောင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေး ဆိုးကျိုး ဖြစ်လာနိုင်တဲ့ အချက်တွေကို စုစည်းဖော်ပြထားပါတယ်။

စိတ်ဖိစီးမှု စိတ်ဖိစီးမှု ဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုအပြင် ခန္ဓာကိုယ်ကိုလည်း ကျန်းမာရေး အရ အန္တရာယ်ပေးနိုင်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေး ဆိုးကျိုး ဖြစ်လာနိုင်တဲ့ အချက်တွေကို စုစည်းဖော်ပြထားပါတယ်။


၁။ စိတ်ဖိစီးမှု ခံစားရတဲ့အခါ အက်ဒရီနယ်လ် ဂလင်းစ် (adrenal glands) တွေက အက်ဒရီနလင်း (adernaline) နဲ့ ကော်တီဆောလ် (cortisol) အပါအဝင် ဟော်မုန်းဓာတ်တွေ အများအပြား ထုတ်လွှတ်ပါတယ်။ ဒီ ဟော်မုန်းတွေက နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို မြင့်တက်စေပြီး နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် စိတ်ကျရောဂါ၊ သွေးတိုးနဲ့ ကင်ဆာရောဂါ အချို့ပင် ဖြစ်နိုင်ခြေရှိပါတယ်။


၂။ အမေရိကန် စိတ်ပညာဆိုင်ရာ အဖွဲ့အစည်းရဲ သုတေသနအရ စိတ်ဖိစီးမှု ခံစားရသူ ၂၅ ရာခိုင်နှုန်းမှာ အစာအိမ် မကောင်းတဲ့ ကျန်းမာရေး ပြဿနာ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲ အစာအိမ် ပြဿနာတွေအဖြစ် မအီမသာဖြစ်ပြီး ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတွေ ခံစားရနိုင်ပါတယ်။


၃။ စိတ်ဖိစီးမှု ခံစားရသူတွေဟာ မှတ်ဉာဏ်ပျောက်ဆုံးမှု ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းရှိကြောင်း Rush တက္ကသိုလ်ရဲ့ သုတေသနက ဖော်ပြပါတယ်။ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းပမာဏ မြင့်မားမှုက ရေရှည်မှတ်ဉာဏ်ဆိုင်ရာ ဦးနှောက် အစိတ်အပိုင်းကို ထိခိုက်စေပါတယ်။

၄။ စိတ်ဖိစီးမှု ကြာရှည်ခံစားရသူတွေဟာ နှလုံးရောဂါ သို့မဟုတ် လေဖြတ်ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ Archives of Internal Medicine က ပြုလုပ်တဲ့ သုတေသနအရ ဘဝလက်တွဲဖော် သို့မဟုတ် အခင်မင်ဆုံး သူငယ်ချင်းနဲ့ အဆင်မပြေဖြစ်မှုကဲ့သို့ လူမှုရေး စိတ်ဖိစီးမှုတွေက နှလုံးနဲ့ပတ်သက်ပြီး ပြဿနာဖြစ်မှု ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်နိုင် တယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှု၅။ Emory ဆေးတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနအရ ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကြောင့် သန္ဓေအောင်ခြင်းကို ထိခိုက်စေပြီး ကလေးမရတဲ့ ပြဿနာ ကြုံရနိုင်တယ်လို့ ဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top