Property Expo
×

ဟုမၼလင္းၿမိဳ႕နယ္ ခ်င္း တြင္းျမစ္ႏွင့္ ဥ႐ုျမစ္ဆံုရာအနီး တြင္ ကုန္တင္ေရယာဥ္တစ္စီး ႏိုဝင္ဘာ ၁၀ ရက္ နံနက္ ၉နာရီ ၄၅ မိနစ္ခန္႔က တိမ္းေမွာက္ခဲ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး မီးသတ္ ဦးစီးဌာနမွ သတင္းရရွိသည္။

ခႏၲီးခ႐ိုင္ ဟုမၼလင္းၿမိဳ႕နယ္ မုကၠလိေက်းရြာအုပ္စု ေငါက္စား ေက်းရြာအနီး ခ်င္းတြင္းျမစ္ႏွင့္ ဥ႐ုျမစ္ဆံုရာ၌ မံုရြာၿမိဳ႕မွ ဆယ္ ဇင္း ေက်းရြာသို႔ အဆန္ေမာင္းႏွင္လာေသာ လင္းလင္းေအာင္ အမည္ရွိ အလ်ား ၁၂၀ ေပ၊ အနံ ၁၅ ေပ၊ ေရစူးအနက္ ၃ ေပ ၆ လက္မရွိေသာ ကုန္တင္အျမန္ ေရယာဥ္တစ္စီး တိမ္းေမွာက္နစ္ ျမဳပ္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းေဒသႀကီး မီးသတ္ဦးစီးဌာန မွတ္တမ္းအရသိရသည္။

‘‘ေရစီး အရွိန္ေၾကာင့္ ေရ ယာဥ္တိမ္းေမွာက္တယ္လို႔ သိရ ပါတယ္။ ေရယာဥ္တိမ္းေမွာက္တဲ့ သတင္းရတာနဲ႔ ခ်က္ခ်င္း ဟုမၼ လင္းၿမိဳ႕နယ္က မီးသတ္တပ္ဖြဲ႕ ဝင္ေတြ ရွာေဖြ ကယ္ဆယ္ေရး လုပ္ငန္းေတြ ေဆာင္ရြက္ေနပါ တယ္’’ဟု စစ္ကိုင္းတိုင္းေဒသႀကီး  မီးသတ္ဦးစီးဌာန တိုင္းမီးသတ္ ဦးစီးမွဴး ဦးမင္းစမ္းေအးက ေျပာ ၾကားသည္။

ေရယာဥ္ တိမ္းေမွာက္ခ်ိန္ တြင္ ကုန္တင္ေရယာဥ္ေပၚ၌ ေရယာဥ္ပိုင္ရွင္၊ ေရယာဥ္လုပ္သားငါးဦး၊ ဆန္အိတ္ ၁၂၀၊ စက္သံုးဆီပီပါ ၃၀၀၊ သံပိုက္လံုး ၅၀ ေခ်ာင္းႏွင့္ ကုန္ပစၥည္းမ်ဳိးစံု ၅၀၀ ခန္႔ တင္ေဆာင္ထားသည္။

 ေရယာဥ္နစ္ျမဳပ္ရာေနရာသို႔ ဟုမၼလင္းၿမိဳ႕နယ္ မီးသတ္စခန္း ဒုမီးသတ္ဦးစီးမွဴးဦးေဆာင္၍ ေရႊ ျပည္ေအး၊ ကတ္သာ မီးသတ္ စခန္းမ်ားမွ သေႏၶမီးသတ္တပ္ဖြဲ႕ ဝင္မ်ားႏွင့္ အရန္မီးသတ္တပ္ဖြဲ႕ ဝင္မ်ားက  ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေန ေၾကာင္း တိုင္းေဒသႀကီးမီးသတ္ ဌာန မွတ္တမ္းအရ သိရသည္။

‘‘ဟုမၼလင္း  ေအာက္ဘက္ ေခ်ာင္းဝအနီးမွာ ကုန္တင္ဖလက္ တစ္စီး တိမ္းေမွာက္တာပါ။ ေမာ္ ေတာ္ကေတာ့ အခုအခ်ိန္ စလိုက္ႏွစ္လံုးပဲ ျမင္ရေတာ့တယ္။ ေမွာက္တာကေတာ့ ေရစီးနည္း နည္းၾကမ္းေနတာေလ။ ဥ႐ုေခ်ာင္းက ေရက်ေနတာေလ။ စီးဘား(ေသာင္ျပင္အစပ္)ကေန ပတ္လိုက္ေတာ့ တိမ္းေမွာက္သြားတဲ့သေဘာပါ’’ဟု ဟုမၼလင္းၿမိဳ႕နယ္ ပုဂၢလိကေရယာဥ္မ်ားစနစ္တက် ေျပးဆြဲႏိုင္ေရး ေကာ္မတီမွ ကိုေအာင္ႏိုင္စိုးက ေျပာသည္။

ကုန္တင္ေရယာဥ္ နစ္ျမဳပ္ မႈေၾကာင့္ ေရယာဥ္ေပၚလိုက္ပါ လာသူ ထိခိုက္ဒဏ္ရာရရွိမႈ မရွိ ေၾကာင္း ပုဂၢလိက ေရယာဥ္မ်ား စနစ္တက် ေျပးဆြဲႏိုင္ေရးေကာ္ မတီမွ သတင္းရရွိသည္။

‘‘ေရယာဥ္လိုင္စင္၊ ေရယာဥ္ အုပ္လိုင္စင္ အားလံုး ျပည့္စံုပါ တယ္။ ရာသီဥတုေၾကာင့္ ျဖစ္ သြားတာ။ မိုးမ်ားလို႔ ဥ႐ုေခ်ာင္းထဲ ေရႀကီးၿပီး ေရစီးလည္းသန္ ဗြက္  ၾကမ္းလည္း ထေနတယ္။ ေရ ယာဥ္တင္ေဆာင္ထားတဲ့ ကုန္အေလးခ်ိန္က တန္ ၃၀ ေလာက္ ရွိမယ္။ ေရယာဥ္ခြင့္ျပဳကုန္တန္ ခ်ိန္ကလည္း တန္ ၃၀ ေလာက္ပါ ပဲ’’ ဟု စစ္ကုိင္းတိုင္းေဒသႀကီး ေရေၾကာင္းပို႔ေဆာင္ေရး  ၫႊန္ ၾကားမႈဦးစီးဌာန တိုင္းဦးစီးမွဴး ဦးတင္ထြန္းေအာင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဟုမ္မလင်းမြို့နယ် ချင်း တွင်းမြစ်နှင့် ဥရုမြစ်ဆုံရာအနီး တွင် ကုန်တင်ရေယာဉ်တစ်စီး နိုဝင်ဘာ ၁၀ ရက် နံနက် ၉နာရီ ၄၅ မိနစ်ခန့်က တိမ်းမှောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။

ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် မုက္ကလိကျေးရွာအုပ်စု ငေါက်စား ကျေးရွာအနီး ချင်းတွင်းမြစ်နှင့် ဥရုမြစ်ဆုံရာ၌ မုံရွာမြို့မှ ဆယ် ဇင်း ကျေးရွာသို့ အဆန်မောင်းနှင်လာသော လင်းလင်းအောင် အမည်ရှိ အလျား ၁၂၀ ပေ၊ အနံ ၁၅ ပေ၊ ရေစူးအနက် ၃ ပေ ၆ လက်မရှိသော ကုန်တင်အမြန် ရေယာဉ်တစ်စီး တိမ်းမှောက်နစ် မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှတ်တမ်းအရသိရသည်။

‘‘ရေစီး အရှိန်ကြောင့် ရေ ယာဉ်တိမ်းမှောက်တယ်လို့ သိရ ပါတယ်။ ရေယာဉ်တိမ်းမှောက်တဲ့ သတင်းရတာနဲ့ ချက်ချင်း ဟုမ္မ လင်းမြို့နယ်က မီးသတ်တပ်ဖွဲ့ ဝင်တွေ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါ တယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး  မီးသတ်ဦးစီးဌာန တိုင်းမီးသတ် ဦးစီးမှူး ဦးမင်းစမ်းအေးက ပြော ကြားသည်။

ရေယာဉ် တိမ်းမှောက်ချိန် တွင် ကုန်တင်ရေယာဉ်ပေါ်၌ ရေယာဉ်ပိုင်ရှင်၊ ရေယာဉ်လုပ်သားငါးဦး၊ ဆန်အိတ် ၁၂၀၊ စက်သုံးဆီပီပါ ၃၀၀၊ သံပိုက်လုံး ၅၀ ချောင်းနှင့် ကုန်ပစ္စည်းမျိုးစုံ ၅၀၀ ခန့် တင်ဆောင်ထားသည်။


 ရေယာဉ်နစ်မြုပ်ရာနေရာသို့ ဟုမ္မလင်းမြို့နယ် မီးသတ်စခန်း ဒုမီးသတ်ဦးစီးမှူးဦးဆောင်၍ ရွှေ ပြည်အေး၊ ကတ်သာ မီးသတ် စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များက  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း တိုင်းဒေသကြီးမီးသတ် ဌာန မှတ်တမ်းအရ သိရသည်။

‘‘ဟုမ္မလင်း  အောက်ဘက် ချောင်းဝအနီးမှာ ကုန်တင်ဖလက် တစ်စီး တိမ်းမှောက်တာပါ။ မော် တော်ကတော့ အခုအချိန် စလိုက်နှစ်လုံးပဲ မြင်ရတော့တယ်။ မှောက်တာကတော့ ရေစီးနည်း နည်းကြမ်းနေတာလေ။ ဥရုချောင်းက ရေကျနေတာလေ။ စီးဘား(သောင်ပြင်အစပ်)ကနေ ပတ်လိုက်တော့ တိမ်းမှောက်သွားတဲ့သဘောပါ’’ဟု ဟုမ္မလင်းမြို့နယ် ပုဂ္ဂလိကရေယာဉ်များစနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီမှ ကိုအောင်နိုင်စိုးက ပြောသည်။

ကုန်တင်ရေယာဉ် နစ်မြုပ် မှုကြောင့် ရေယာဉ်ပေါ်လိုက်ပါ လာသူ ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော် မတီမှ သတင်းရရှိသည်။

‘‘ရေယာဉ်လိုင်စင်၊ ရေယာဉ် အုပ်လိုင်စင် အားလုံး ပြည့်စုံပါ တယ်။ ရာသီဥတုကြောင့် ဖြစ် သွားတာ။ မိုးများလို့ ဥရုချောင်းထဲ ရေကြီးပြီး ရေစီးလည်းသန် ဗွက်  ကြမ်းလည်း ထနေတယ်။ ရေ ယာဉ်တင်ဆောင်ထားတဲ့ ကုန်အလေးချိန်က တန် ၃၀ လောက် ရှိမယ်။ ရေယာဉ်ခွင့်ပြုကုန်တန် ချိန်ကလည်း တန် ၃၀ လောက်ပါ ပဲ’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး  ညွှန် ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top