Property Expo
×

ဒါရိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)မွ အင္တာဗ်ဴးတစ္ခုတြင္ ေျဖဆုိထားေသာ စကားေၾကာင့္ လူမင္းက သူ႕ဆီကို ႏို႕တစ္စာေပးပို႕တာ ျဖစ္တယ္လို႕ သိရပါတယ္။ ဦးမ်ိဳးမင္းက ဂ်ာနယ္တစ္ခုတြင္ 'ကြၽန္ေတာ္ တို႔ ဥကၠ႒ကိုယ္တိုင္က အျပာကားဆန္ဆန္ တဏွာ႐ူး ကားဆန္ဆန္႐ိုက္ေနေတာ့ ဘယ္သူက ေလးစားမွာလဲ'ဆိုၿပီးေတာ့ ေျဖဆိုထားတဲ့ စကားေၾကာင့္ တရားစြဲတာ ျဖစ္တယ္လို႕ ဦးမ်ိဳးမင္းက ဆိုပါတယ္။

သူ႕အေနနဲ႕ ယခုလိုေျပာျခင္းဟာ ဒါရိုက္တာေတြအတြက္ အႏုပညာေလာကသားမ်ားအားလံုးရဲ႕ အက်ိဳးအတြက္ ေျပာတာျဖစ္ၿပီး ရုပ္ရွင္ကို လူေတြအားလံုးအထင္ေသးေနခ်ိန္မွာ အဲ့လို ကားမ်ိဳးေတြ မရိုက္ျပသင့္တာေၾကာင့္ ေစတနာနဲ႕ ေျပာတာျဖစ္ေပမယ့္ ဦးလူမင္းဘက္က အျမင္ေစာင္းသြားတဲ့ သေဘာသက္ေရာက္ေနပါတယ္လို႕ ဦးမ်ိဳးမင္းမွ Democracy Today ကုိ ေျဖဆိုေပးထားပါတယ္။

ဒီကိစၥနဲ႕ ပတ္သက္လို႕ ဦးလူမင္းမွ သူ႕ကို ေတာင္းပန္ဖို႕ ေျပာထားေပမယ့္လည္း ဦးမ်ိဳးမင္းဘက္က ေတာင္းပန္ဖို႕မရွိဘူးလို႕ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Democracy Today

#Unicode Version
ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)မှ အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားသော စကားကြောင့် လူမင်းက သူ့ဆီကို နို့တစ်စာပေးပို့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးမျိုးမင်းက ဂျာနယ်တစ်ခုတွင် 'ကျွန်တော် တို့ ဥက္ကဋ္ဌကိုယ်တိုင်က အပြာကားဆန်ဆန် တဏှာရူး ကားဆန်ဆန်ရိုက်နေတော့ ဘယ်သူက လေးစားမှာလဲ'ဆိုပြီးတော့ ဖြေဆိုထားတဲ့ စကားကြောင့် တရားစွဲတာ ဖြစ်တယ်လို့ ဦးမျိုးမင်းက ဆိုပါတယ်။

သူ့အနေနဲ့ ယခုလိုပြောခြင်းဟာ ဒါရိုက်တာတွေအတွက် အနုပညာလောကသားများအားလုံးရဲ့ အကျိုးအတွက် ပြောတာဖြစ်ပြီး ရုပ်ရှင်ကို လူတွေအားလုံးအထင်သေးနေချိန်မှာ အဲ့လို ကားမျိုးတွေ မရိုက်ပြသင့်တာကြောင့် စေတနာနဲ့ ပြောတာဖြစ်ပေမယ့် ဦးလူမင်းဘက်က အမြင်စောင်းသွားတဲ့ သဘောသက်ရောက်နေပါတယ်လို့ ဦးမျိုးမင်းမှ Democracy Today ကို ဖြေဆိုပေးထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးလူမင်းမှ သူ့ကို တောင်းပန်ဖို့ ပြောထားပေမယ့်လည်း ဦးမျိုးမင်းဘက်က တောင်းပန်ဖို့မရှိဘူးလို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Democracy Today
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top